ကလေးမှာ Pompe ရောဂါ ရှိနေပြီဆိုရင် ကလေးတစ်ယောက်နဲ့ တစ်ယောက်မတူသလို၊ ကုမှုမျိုးစုံးလည်းရှိတယ်ဆိုတာကို သိထားရပါမယ်။ ခန္ဓါကိုယ်က ဂလိုက်ကိုဂျင်ဆိုတဲ့ သကြားဒြပ်ပေါင်းကို စွမ်းအင်ရရှိဖို့အတွက် ခြေဖျက်ပေးတဲ့ပရိုတင်းတစ်မျိုးကို မထုတ်ပေးနိုင်တော့တဲ့အခါမှာ Pompeရောဂါ ဖြစ်လာပါတယ်။ သကြားဓါတ်တွေစုပုံလာပြီး ကြွက်သားတွေနဲ့ ကလီစာတွေကို ဒုက္ခပေးပါတော့တယ်။
Pompeရောဂါဟာ ကြွက်သားတွေအားနည်းသွားစေပြီး အသက်ရှုမဝဖြစ်စေပါတယ်။ အသည်း၊ နှလုံးနဲ့ ကြွက်သားတို့ဟာ ထိုရောဂါရဲ့ သက်ရောက်မှုကို အများဆုံးခံစားရပါတယ်။ Pompeရောဂါကို GAA ချို့တဲ့ခြင်း ဒါမှမဟုတ် အမျိုးအစား၂ ဂလိုက်ကိုဂျင်သိမ်းဆည်းမှုပြဿနာ(GSD) လို့လဲခေါ်ပါတယ်။
လူတိုင်းမှာ ဖြစ်ပွားနိုင်သော်လည်း အာဖရိကန်-အမေရိကန်လူမျိုးတွေနဲ့ အာရှလူမျိုးအချို့တွေမှာ ပိုတွေ့ရတတ်ပါတယ်။
အသက်အရွယ်မရွေးတော်တော်လေးအဖြစ်များပြီး မိန်းမတွေမှာ ရာခိုင်နှုန်းပိုများပါတယ်။ အန္တရယ်ရှိအချက်များကို ရှောင်ကျဉ်ခြင်းအားဖြင့် ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
Pompeရောဂါရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။
အထက်တွင်မဖော်ပြထားသော လက္ခဏာများလည်းရှိပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ ပတ်သတ်ပြီး သိချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
အထက်တွင်ဖော်ပြထားသော လက္ခဏာတွေ ခံစားနေရမယ် ဒါမှမဟုတ် သိချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ခန္ဓါကိုယ်တုံ့ပြန်ပုံချင်း မတူကြပါဘူး။ သင့်အခြေအနေအတွက် ဘာကအသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။
ထိုရောဂါကို မိဘတွေထံမှာ ရရှိနိုင်ပါတယ်။ ထိုသို့လက်ခံရရှိဖို့ ချို့ယွင်းချက်ရှိတဲ့ မျိုးရိုးဗီဇတွေကို မိဘနှစ်ပါးထံမှာ ဆက်ခံရပါလိမ့်မယ်။
မိဘတစ်ပါးထံမှသာရရှိမယ်ဆိုရင် ရောဂါလက္ခဏာပြမှာမဟုတ်ပါဘူး။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ရောဂါလက္ခဏာအများစုက အခြားဆေးပညာပိုင်းဆိုင်ရာ အခြေအနေတွေနဲ့ ဆင်တူနေပါတယ်။ ဘာတွေဖြစ်နေလဲဆိုတာကို သိရှိဖို့ ဆရာဝန်က အောက်ပါတို့ကို မေးမြန်းပါလိမ့်မယ်။
မဖြစ်နိုင်တာတွေကို ထုတ်ပယ်စဉ်းစာနိုင်ဖို့ ရောဂါလက္ခဏာတွေပေါ်မှာ မူတည်ပြီး စမ်းသပ်မှုတွေ ကွဲပြားနိုင်ပါတယ်။
Pompeရောဂါ ရှိမယ်လို့ ဆရာဝန်က သံသယရှိပါက အောက်ပါစစ်ဆေးမှုတွေကို ပြုလုပ်ခိုင်းပါလိမ့်မယ်။
မွေးကင်းစတွေမှာ ဖြစ်တဲ့ Pompeရောဂါကို စစ်ဆေးတွေ့ရှိဖို့ ၃လလောက်ကြာမြင့်နိုင်ပါတယ်။ ကလေးနဲ့ အရွယ်ရောက်ပြီးလူတွေမှာတော့ ၇နှစ်ကနေ ၉နှစ်အထိကြာမြင့်နိုင်ပါတယ်။ ဆရာဝန်တွေက သေချာသွားပြီဆိုရင်တော့ မိသားစုတွေမှာ မျိုးရိုးဗီဇပြဿနာတွေရှိမရှိ စစ်ဆေးခြင်းက အကြံကောင်းတစ်ခုပါပဲ။
အထူးသဖြင့် ကလေးတွေမှာ စောစောကုသခြင်းက ကိုယ်ခန္ဓါကိုယ်ကို ထိခိုက်မှုသိပ်မရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။
အောက်ပါဆေးဝါးနှစ်ခုက ဆုံရှုံးသွားတဲ့ ပရိုတင်းဓါတ်တွေကို ပြန်လည်ဖြည့်တင်ပေးပြီး သကြားဓါတ်တွေကို ထိန်းညှိပေးနိုင်ပါတယ်။ အပ်ဖြင့်ထိုသွင်းကာ အသုံးပြုနိုင်ပါတယ်။
Pompeရောဂါကို ရင်ဆိုင်နိုင်စေဖို့ လူနေမှုဘဝပုံစံ ပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
Pompeရောဂါဖြင့် နေထိုင်နေခြင်းက စိန်ခေါ်မှုတစ်ရပ်ပါပဲ။ အထူးသဖြင့် လူနာရဲ့ လုပ်နိုင်စွမ်းတွေ ပြောင်းလဲသွားတဲ့အခါမှာ လူနာနဲ့ သူ့မိသားစုတို့ဟာ ကျွမ်းကျင်တဲ့ အတိုင်ပင်ခံတို့နဲ့ တွေ့ဆုံဆွေးနွေးသင့်ပါတယ်။ ဝိုင်းဝန်းကူညီတဲ့အဖွဲ့အစည်းတွေကလည်း လူနာရဲ့ ခံစားချက်တွေကို ဖွင့်ချပြီး ကိုယ့်ကို နားလည်မှုတွေရရှိနိုင်မယ့် နေရာဖြစ်နိုင်ပါတယ်။
ထိုအဖွဲ့အစည်းတွေထံမှာ တကယ့်လက်တွေ့ဘဝအတွက် အကြံဉာဏ်များ ရရှိနိုင်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် စားရသောက်ရခက်နေတာကို အစားအသောက်တွေအား ကျိချွဲနေအောင်လုပ်ခြင်းဖြင့် မျိုချဖို့ပိုမိုလွယ်ကူစေပါတယ်၊ ဘေးကင်းစေပါတယ်။ လိုအပ်တဲ့အာဟာရတွေရရှိအောင်လည်း အစာပြွန်လိုအပ်နိုင်ပါတယ်။
မေးစရာတွေရှိမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုနားလည်သိရှိစေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။