တစ်ချို့မိသားစုတွေရှိပါတယ်။ ဖေဖေ မေမေတို့က ကားမမူးတတ်ဘူး။ သားသားမီးမီးလေးတွေကျမှ ကားမူးတတ်နေတော့ ခရီးသွားဖို့ အဆင်မပြေ။ မသွားမဖြစ်လို့ ခေါ်သွားပြန်ရင်လည်း ကားပေါ်မှာ ကလေးတွေကမူးပြီးအန်၊ တစ်ချိန်လုံး ဂျီကျပြီး ငိုနဲ့ ကားပေါ်ပါလာတဲ့ သူတွေဝိုင်းနှာခေါင်းရှုံ့တာခံရမယ်အပြင် ခရီးစဉ် တစ်လျှောက်လုံး တစ်ချက်မှ နားရမှာကို မဟုတ်ဘူးနော်။
အရင်ဆုံးကားဘာ့ကြောင့် မူးရတာလဲဆိုတတာ သိဖို့ လိုအပ်ပါတယ်။
ကားမူ းတယ်ဆိုတာ ကိုယ်ခန္ဓါက လှုပ်ရှားမှုကို ဦးနှောက်ဆီ ပေးတဲ့အခါ မျက်လုံးကပေးပို့တဲ့အချက်ပြစနစ် နားအတွင်းကပေးပို့တဲ့အချက်ပြစနစ် တို့ မညီမျှလို့ဖြစ်ရတာဖြစ်ပါတယ်။ ဒီတော့ ဒီ စနစ်ကိုပြန်ထိန်းနိုင်မှာ ကားမူးတာ သက်သာမှာဖြစ်ပါတယ်။
ကဲဒီတော့ ကားမူးတတ်တဲ့ သားသားမီးမီးလေးတို့နဲ့ ခရီးသွားရတော့မယ်ဆို ဘာတွေပြင်ဆင်သွားဖို့ လိုအပ်မလဲ။
- ကလေးအိပ်ရေးဝစေဖို့ ညတည်းက ကလေးကို စောစောအိပ်ခိုင်းပါ။ ခရီးသွားရတော့မယ်ဆို ကလေးတွေက ပိုပြီးစိတ်လှုပ်ရှားတတ်ကြတယ်မလား။
- ကလေးဝတ်ဖို့ အဝတ်အစားရွေးချယ်တဲ့အခါမှာလည်း သက်သာချောင်ချိတဲ့ အဝတ်အစားတွေကို ဦးစားပေးရွေးချယ်ပါ။
- ခရီးသွားခါနီး ကလေးကို အစားတွေအများကြီး မကျွေးသင့်သလို ပြန်အန်မှာစိုးလို့ဘာမှမကျွေးဘဲထားလို့လည်းမရပြန်ပါဘူး။ အစားများရင် ပြန်အန်ချင်သလို ဘာမှမစားထားတဲ့ ဗိုက်ဟောင်းလောင်းကလည်း မူးဝေပျို့အန်ခြင်းကို ပိုဖြစ်စေဦးမှာပါ။ ဒီတော့ သင့်တင့်တဲ့ ပမာဏ ကလေးကို ကျွေးဖို့လိုအပ်ပါတယ်။
- ကိုယ်ကျွေးလိုက်တဲ့အစာတွေက အစာကြေဖို့ မလွယ်တာ၊ အဆီများတာ၊ အနံ့ပြင်းတာမျိုးမဖြစ်စေဖို့တော့ အရေးကြီးပါတယ်။
- ကားပေါ်မှာ ကလေးကို ပြတင်းပေါက်ဘက်အခြမ်းပေးထိုင်ပါ။
- ကားပေါ်မှာ ပြတဲ့ ရုပ်ရှင်တွေကြည့်တာ၊ ဖုန်းပွတ်တာ၊ ဂိမ်းဆော့တာတွေက ကားမူးအောင် လှုံ့ဆော်ပေးသလိုဖြစ်တာကြောင့် ကလေးကို ပေးမကြည့်ပါနဲ့။ ဒါတွေလုပ်ရင် ကားပိုမူးတယ်ဆိုတာ သေချာနားလည်အောင်ရှင်းပြပါ။ ကလေးတွေက မလုပ်ခိုင်းလေ ပိုလုပ်ချင်လေမလား။
- နောက်ပြီး ကလေးကြိုက်တဲ့ သကြားလုံးလေးတွေ၊ သစ်သီးလေးတွေ ဆောင်သွားပါ။
- နောက်ဆုံး နဲ့ အရေးအကြီးဆုံး အချက်ကတော့ ကားမူးပျောက်ဆေးဆောင်သွားဖို့ပဲ ဖြစ်ပါတယ်။ လှုပ်ရှားမှု ဘက်ညီအောင်ထိန်းဖို့ဆိုရင်Dimenhydranate ပါတဲ့ ကားမူးပျောက်ဆေးကသာ အဓိကပါ ။ ကလေးတစ်ယောက်အနေနဲ့ဆေးလုံးမျိုချရမှာ ခက်ခဲမှာစိုရင်ဆေးရည်အနေနဲ့ ထုတ်ထားတဲ့ကားမူးပျောက်ဆေးတွေဆောင်သွားလို့ရပါတယ် ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။