brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လုပ်နေမိတတ်တဲ့ အလွဲလေးတွေ ။ ။

လူတိုင်းလူတိုင်း ကိုယ်လုပ်နေကျ အလေအကျင့်လေးတွေရှိပါတယ်။ ကောင်းတာရော ဆိုးတာရောရှိပေမယ့် ကောင်းအောင်လို့ ကိုယ်လုပ်နေတဲ့ အလေ့အကျင့်တစ်ချို့ အလေ့အကျင့်တွေ လမ်းလွဲသွားတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒီတော့ တစ်နေ့တာမှာ ဘယ်လိုအလွဲတွေကို မသိလိုက်ဘဲ လုပ်နေမိတတ်လဲ ။ ။

လုပ်နေမိတတ်တဲ့ အလွဲလေးတွေ ။ ။

( ၁ ) ကော်ဖီသောက်ပြီးပြီးချင်း သွားတိုက်တာ။

ဒါပေမယ့် ကော်ဖီ သောက်ရင်လည်း သွားအရောင်စွန်းဦးမယ် ၊အချိုစားများရင်လည်း သွားကြွေလွှာတွေ ပျက်စီးဦးမယ်ဆိုတော့ မစားဘဲနဲ့လည်း မနေနိုင် သွားလေးတွေလည်း လှချင်တယ်ဆိုတော့ စားပြီးတာနဲ့ တစ်ချို့သွားတန်းတိုက်တဲ့သူတွေရှိပါတယ်။ အဲဒီမှာ စလွဲတာပါပဲ။ ကော်ဖီတို့ အချိုမုန့်တွေမှာပါတဲ့ အက်ဆစ်ဓါတ်ကြောင့် အားနည်းနေတဲ့ ကြွေလွှာကို ပွတ်တိုက်မိတဲ့အခါ ကြွေလွှာပိုပျက်စီးသွားတာဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရေနဲ့ပဲအရင်ပလုတ်ကျင်းထားပြီး နောက်တစ်နာရီလောက်နေမှ သွားတိုက်လို့ရပါတယ်။

( ၂ ) ဝိုင်သောက်ချိန် ရေမသောက်တာ

ဝိုင်နီ ရော ဝိုင်ဖြူရောနှစ်ခုလုံးက သွားကိုစွန်းထင်းစေတဲ့ အရာတွေဖြစ်ပြီး အက်ဆစ်ဓါတ်ကြွယ်ဝတာကြောင့် သွားကြွေလွှာ တွေကို ထိခိုက်နိုင်တဲ့အရာတွေပါ။ နောက်ပြီး ဝိုင်တို့ အရက်တို့ဆိုတာ ရေဓါတ်ခမ်းခြောက်စေတဲံ အရာတွေဖြစ်တာကြောင့် ဝိုင်သောက်နေတဲ့အချိန် ရေပြန်မသောက်ပေးတဲ့အခါ ခံတွင်းအတွက်ရော ကိုယ်ခန္ဓါ ကျန်းမာရေးအတွက်ရော ဆိုးသွားစေနိုင်ပါတယ်။

( ၃ ) ဆံပင်အခြောက်အတိုင်း ရေဆင်းကူးတာ

ရေကူးကန်ထဲက ရေတွေဆိုတာ ဓါတုပစ္စည်းတွေပြည့်နေတဲ့အရာတစ်ခုပါ။ ကိုယ့်ဆံပင်ကို ဖော့တုံးတစ်ခုလို့ စဉ်းစားကြည့်ပါစို့။ ခြောက်နေတဲ့ ဖော့တုံးတစ်တုံးကို ရေထဲချလိုက်တဲ့အခါ ရေတွေကိုစုပ်ယူသွားသလိုပဲ ဆံပင်အခြောက်ကြီးနဲ့ ရေကူးကန်ထဲကို ဆင်းမယ်ဆိုရင် ကန်ထဲက ဓါတုပစ္စည်းတွေပါတဲ့ ရေတွေကို ဆံပင်ကစုပ်ယူလိုက်လို့ ဆံသားပျက်စီးသွားပါလိမ့်မယ်။ ဒါ့ကြောင့် ရေကူးကန်ထဲဆင်းမယ်ဆိုရင် ဆံပင်ကိုအရင်စိုအောင်လုပ်ပြီးမှ ဆင်းဖို့ပါ။

( ၄ ) ခေါင်းလျှော်ရည်အများကြီးသုံးတာ နည်းနည်းပဲ သုံးတာ

ခေါင်းလျှော်ရည်အများကြီးသုံးရင် ဆံသားက အဆီဓါတ်တွေ ခြောက်သွေ့သွားတတ်ပြီး နည်းနည်းလေးပဲ သုံးတဲ့အခါမှာလည်း အညစ်အကြေးတွေ မစင်ဖြစ်တတ်ပါတယ်။ ဒ့ါကြောင့် ကိုယ့်ဆံပင်ပမာဏ အပေါ်မူတည်ပြီး ခေါင်းလျှော်ရည်သုံးတတ်ဖို့ လိုပါလိမ့်မယ်။

( ၅ ) နားကြပ်ဂွမ်း အသုံးများတာ

နားကြပ်တဲ့ ဂွမ်းတွေဟာ နားထဲရေဝင်တဲ့သူတွေအတွက် အသုံးဝင်ပေမယ့် နားဖားချေးကလော်တဲ့အခါမှာတော့ နားဖားချေးတွေကို အတွင်းထဲရောက်အောင် တွန်းပို့လိုက်သလိုဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် နားယားတိုင်း နားကြပ်တောင် အမြဲသုံးနေလို့ မကောင်းပါဘူး။

( ၆ ) ချွေးနံ့ပျောက်ေဆးနဲ့ ချွေးမထွက်အောင်ထိန်းတဲ့ဆေး မှားသုံးတာ။

Deodorant(ချွေးနံ့ပျောက်ဆေး) က အနံ့မထွက်အောင်ဘဲ ထိန်းနိုင်တာဖြစ်လို့ ချွေးအရမ်းထွက်တာကို ထိန်းချင်ရင် antiperspirantသုံးဖို့လိုပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/06/2022 ဖြစ်ပါသည်။