brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

နည်းစနစ်မှန်မှန် ရေသောက် ကြမယ်

ရေသောက်တာများ ငယ်ငယ်ကတည်းက သောက်တတ်သားပဲလို့များ တွေးနေလား။ လူတိုင်းက ရေသောက် တတ်တာ သိပေမယ့် နည်းစနစ်မှန်မှန် ရေသောက်တတ်ရဲ့လားဆိုတာကတော့ မသေချာဘူးလေနော်။ရေကို နည်းစနစ်မှန်မှန်သောက်တတ်မှလည်း ကျန်းမာမှာပါ။ ဒီတော့ရေကိုနည်းစနစ်မှန်မှန်သောက်တတ်ဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။

နည်းစနစ်မှန်မှန် ရေသောက် ကြမယ်

ရေသောက်ရတဲ့ပမာဏက အသက်အရွယ်၊ ရာသီဥတုအခြေအနေ၊ ကိုယ်အလေးချိန် နဲ့ ဘယ်လိုလှုပ်ရှားမှုတွေလုပ်နေလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ကွဲပြားမှုတွေရှိနိုင်ပါတယ်နော်။ ပုံမှန်အားဖြင့်တော့ လူတစ်ယောက်ဟာ တစ်နေ့ကိုရေ ၈ ခွက်သောက်ရပါမယ်။ အနည်းဆုံးတော့ ၆ ခွက်ပေါ့။ ဒီသောက်လိုက်တဲ့ရေတွေက အချိန်မှန်ဖို့လည်းလိုပါမယ်နော်။

ရေလုံလောက်စွာရရှိမှုက ခန္ဓာကိုယ်ကျန်းမာစေနိုင်ပါတယ်

  • မှတ်ဉာဏ်ကောင်းစေတယ်
  • အသားအရေစိုပြည်လှပစေတယ်
  • ကိုယ်အလေးချိန်ကျစေတယ်
  • ကိုယ်အလေးချိန် ထိန်းညှိပေးနိုင်တယ်
  • အရေပြားပြဿနာကင်းစေနိုင်တယ်
  • ကိုယ်ခံအားစနစ်ေကာင်းစေနိုင်တယ်
  • အစာခြေစနစ်ကျန်းမာစေနိုင်တယ်
  • သွေးသန့်စေနိုင်တယ်
  • ဆီးလမ်းကြောင်းကျန်းမာစေနိုင်တယ်
  • ကျောက်ကပ်သန့်စင်စေနိုင်တယ်
  • သွေးသန့်စေနိုင်တယ်
  • သွေးပေါင်ချိန်ထိန်းညှိပေးနိုင်တယ်
  • ခေါင်းကိုက်တာကို သက်သာစေနိုင်တယ်
  • ကိုယ်အပူချိန်ကျစေနိုင်တယ်
  • နှလုံးကျန်းမာစေနိုင်တယ်
  • ခံတွင်းနံ့ဆိုးကင်းစေနိုင်တယ်
  • စိတ်ခံစားမှုကောင်းစေနိုင်တယ်။
  • နည်းစနစ်မှန်မှန် ရေသောက် ကြမယ်

    နည်းစနစ်မှန်မှန် ရေသောက်ကြမယ် ဆိုရင်

    မနက်အိပ်ရာထရင်ရေတစ်ခွက်သောက်ပါ

    မနက်နိုးနိုးချင်းမှာရေတစ်ခွက်သောက်ပါ။ ကိုယ်တွင်းအင်္ဂါတွေကို အကောင်းဆုံးလည်ပတ်စေဖို့ပါ။ မနက်စာမစားခင် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားရာလည်းရောက်ပါတယ်။

    အစားမစားခင်ရေတစ်ခွက်သောက်ပါ

    အစားမစားခင် နာရီဝက်အလိုလောက်မှာရေတစ်ခွက်သောက်ပါ။ ဒါမှ အစာခြေစနစ်ကျန်းမာမှာပါ။ တစ်ခွက်ထက်တော့ ပိုမသောက်မိဖို့သတိထားပါ။ အစားမစားနိုင်တာမျိုးဖြစ်စေနိုင်တာကြောင့်ပါ။ အစားစားပြီးချိန်မှာလည်းရေတစ်ခွက်ထက်ပိုမသောက်ပါနဲ့။ အစာခြေအက်ဆစ်အားပျော့သွားပြီး အစာမကြေတာမျိုးဖြစ်စေနိုင်တာကြောင့်ပါ။ အကောင်းဆုံးကတော့ အူနံရံတွေက အာဟာရတွေကို အပြည့်အဝစုပ်ယူနိုင်စေဖို့အတွက် ထမင်းစားပြီး တစ်နာရီကြာမှရေသောက်တာအကောင်းဆုံးပါ။

    ရေမချိုးခင် ရေတစ်ခွက်သောက်ပါ

    ရေမချိုးခင်ရေတစ်ခွက်သောက်ပေးရပါမယ်။ ဒါကတော့သွေးပေါင်ချိန်ကိုထိန်းညှိဖို့အတွက်ပါ။ရေမချိုးခင်ရေတစ်ခွက်သောက်ပေးတာကသွေးတိုးကျစေနိုင်ပါတယ်နော်။

    မအိပ်ခင်ရေတစ်ခွက်သောက်ပါ

    ညအိပ်ရာမဝင်ခင်မှာရေတစ်ခွက်သောက်ပေးပါ။ ညအိပ်နေစဉ်ရေဓါတ်ဆုံရှုံးမှုကို ကာကွယ်ဖို့အတွက်ပါ။ ညမအိပ်ခင်ရေတစ်ခွက်သောက်တာကလေဖြတ်တာကို ကာကွယ်ပေးနိုင်သလို ရုတ်တရက်နှလုံးရပ်တာဖြစ်နိုင်ခြေကိုလည်း ကျဆင်းစေနိုင်ပါတယ်နော်။

    ကိုယ်ဝန်ဆောင်မိခင်တွေ၊ အားကစားသမားတွေ၊ ကာယအားသုံးပြီး အလုပ်လုပ်နေရသူတွေ၊ချွေးထွက်များနေသူတွေ၊ နို့တိုက်မိခင်တွေကတော့ရေကို အခြားသူတွေထက် ပိုသောက်ဖို့လိုအပ်ပါမယ်။ ဒါမှ ခန္ဓါကိုယ်မှာရေဓါတ်မျှတပြီး ကျန်းမာလန်းဆန်းနေမှာပါ။ နည်းစနစ်မှန်မှန်လေးရေသောက်လို့ ခန္ဓာကိုယ်ကျန်းမာရေးကိုစောင့်ရှောက်ရအောင်လား Hello ဆရာဝန်ပရိသတ်ကြီးရေ……………

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 20/07/2022 ဖြစ်ပါသည်။