
မိဘ တော်တော်များများလုပ်မိနိုင်တဲ့အမှားတစ်ခုရှိနေပါတယ်။ ဒါကတော့ ကလေးကို စကားတစ်ခုခုနားထောင်တိုင်း ကလေးကြိုက်တဲ့ သကြားလုံးတွေ၊ ဂျယ်လီတွေနဲ့ အချိုရည်လိုမျိုး အချိုစာတွေကို ဆုချတတ်ကြတာပါ။ တကယ်ကတော့ ကလေးကို ဒီလိုအချိုစာတွေ ဆုချမှုကကလေးကိုဘေးဖြစ်စေအောင်ကိုယ်တိုင်လုပ်မိနေတာပါ။ ဒီလိုပြောရတဲ့အကြောင်းက သကြားကအရမ်းများလေလေ ကလေးကို ထိခိုက်နိုင်ခြေကများလာလေလေဖြစ်တာကြောင့်ပါ။
သကြားစားတိုင်းကောင်းရဲ့လား…………
သကြားကစားတိုင်းမကောင်းတာက အရွယ်သုံးပါးစလုံးမှာပါ။ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ကလေးတွေမှာတော့ ထိခိုက်နိုင်ခြေက ပိုများတာပေါ့။ သကြားကိုအများကြီးစားမိတဲ့အခါ ကလေးမှာရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ ထိခိုက်မှုတွေအနေနဲ့ကတော့ ကလေးက
သကြားအမျိုးအစားတွေက ဘာတွေလဲ……
သကြားက အမျိုးအစားတစ်ခုတည်းရှိတာတော့မဟုတ်ပါဘူး။ ရရှိတဲ့အရင်းအမြစ်ကွာခြားမှုအလိုက် အမည်တွေပြောင်းလဲနေနိုင်ပါတယ်။
Glucose– ခန္ဓါကိုယ်ကို အဓိကအားဖြစ်စေတဲ့ အချိုဓါတ်အရင်းအမြစ်ပါ။ သစ်သီးတွေ၊ကောက်နှံတစ်ခုလုံးပါတဲ့ပေါင်မုန့်၊ ပဲအမျိုးမျိုးနဲ့ ဟင်းသီးဟင်းရွက်တွေမှာတွေ့ရများပါတယ်။
Fructose– သစ်သီးတွေကနေရတဲ့ အချိုဓါတ်တစ်မျိုးပါ။ သစ်သီး၊ ပျားရည်၊ ဟင်းသီးဟင်းရွက်တွေနဲ့ အချိုရည်တွေမှာတွေ့ရနိုင်ပါတယ်။
Sucrose– စားပွဲတင်သကြားမျိုးပေါ့။ပြုပြင်ထားတဲ့ သကြားတစ်မျိုးပါ။ ကြံကနေအဓိကရရှိပြီး သစ်သီး၊ဟင်းသီးဟင်းရွက်တွေမှာတွေ့ရနိုင်ပေမယ့်ရေခဲမုန့်၊ဒိန်ချဉ်၊ ကွတ်ကီးတွေ စတဲ့ အချိုစာတွေမှာ အများဆုံးတွေ့ရနိုင်ပါတယ်။
အစားအသောက်တွေထဲမှာ သကြားကဘယ်လိုပုံစံနဲ့ပါဝင်နေလဲ…..
တစ်ခါတလေမှာ အချို့အစားအစာတွေက သကြားပါဝင်နေမှန်းတောင်မသိလိုက်ရဘဲ ပါဝင်နေတာမျိုးလည်းရှိနိုင်ပါတယ်။နောက်တစ်ချက်က သကြားပါဝင်မှု (Sugar) လို့တိုက်ရိုက်ရေးထားတာမျိုးမဟုတ်ပါဘူး။ အပေါ်မှာပြောခဲ့တဲ့ အသွင်ကွဲနေတဲ့ပုံစံမျိုးတွေနဲ့လည်းပါဝင်နေနိုင်ပါတယ်။ အစားအစာတိုင်းမှာ သကြားပါဝင်နေပေမယ့် ဒီအစားအစာတွေထဲမှာတော့ သကြားပါဝင်မှုက ပုံမှန်ထက်ပိုများနေနိုင်ပါတယ်။
အစားအသောက်တစ်ခုခုမဝယ်ခင် Label အညွှန်းကိုအရင်ဖတ်
သကြားပါဝင်မှုနည်းတယ်၊ ကျန်းမာရေးနဲ့ညီညွတ်တယ်ဆိုရင်တောင် အချိုဓါတ်က တော်တော်လေးကို ပါဝင်နေသေးတာပါ။ သဘာဝအချိုဓါတ်အပြင်ဖြည့်စွက်ထားတဲ့ အချိုဓါတ်ကြောင့် အချိုပါဝင်မှုကလိုတာထက်ပိုများနေတာမျိုးကြုံရနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေအတွက် အစားအသောက်ရွေးချယ်ပေးတဲ့အခါ အာဟာရတန်ဖိုးကို သေချာလေးစစ်ဆေးတတ်ဖို့လိုပါမယ်။ ဒီတော့ အစားအသောက်တွေကိုရွေးချယ်တဲ့အခါ သကြား (Sugar)ပါဝင်မှု၊ အဆီ (Fat) ပါဝင်မှုကိုကြည့်ဖို့လိုမှာဖြစ်သလို ပရိုတင်းနဲ့ကာဗိုဟိုက်ဒရိတ်တို့ပါဝင်မှုကိုလည်း စစ်ကြည့်ဖို့လိုပါမယ်။ ဒီနေရာမှာ အဓိကထားစစ်ရမှာက အဆီ နဲ့ သကြားဓါတ်ပါ။ အဆီနဲ့သကြားပါဝင်မှုမြင့်နေမယ်ဆိုရင် ကလေးကို မကျွေးသင့်ပါဘူး။နောက်ဆုံးသတိထားရမယ့်တစ်ချက်က ကလေးနဲ့ဓါတ်မတည့်တဲ့ပစ္စည်းတစ်ခုခုပါနေလားဆိုတာကိုပါ။
ပထမအဆင့် သတိထားရမယ့်အချက်ဖြစ်တဲ့ သကြား (Sugar) ပါဝင်မှုကိုစစ်ဆေးတဲ့အခါ အပေါ်မှာပြောခဲ့သလိုပဲ Sugar ဆိုတာထက်သူ့ရဲ့ အမျိုးအစားကွဲတွေဖြစ်တဲ့ Sucrose၊ Glucose၊ Fructose ဆိုတဲ့ စကားလုံးတွေကိုပါသတိထားဖို့လိုပါမယ်။ လူတွေက sugar ဆိုတာကိုပဲကြည့်မိတတ်ပြီး Glucose, Sucrose နဲ့ Fructose တို့ကို မသိလိုက်ဘဲဖြစ်တတ်ပါတယ်။
ဒုတိယအဆင့် သတိထားရမယ့်အချက်ဖြစ်တဲ့ အဆီ (Fat) ပါဝင်မှုကို စစ်ဆေးတဲ့အခါ အဆီ (Fat) ပါဝင်မှုကို စစ်ဆေးတဲ့အခါမှာလည်း Coconut oil၊ Palm Oil၊ Animal Oil၊ Animal Fat၊ Vegetable Oil၊ Vegetable Fat ဆိုတဲ့ စကားလုံးတွေကိုပါ သတိထားဖို့လိုပါမယ်။
အသက်အရွယ်အလိုက် သင့်တော်တဲ့သကြားပမာဏ
သကြားဓါတ်ကလုံးဝမရှိလို့လည်းမဖြစ်တာကြောင့် လိုအပ်တဲ့ ပမာဏလောက်တော့ စားသုံးပေးဖို့လိုမှာပါ။ ဒီတော့အသက်အရွယ်အလိုက် သင့်တင့်တဲ့ ပမာဏဖြစ်စေဖို့အတွက်
သကြားဓါတ်ဘယ်လောက်ပါတာကိုရွေးမလဲ……….
ဒါကြောင့် အစားအသောက်တွေကို ရွေးချယ်တဲ့အခါ မဖြစ်မနေသတိထားရမှာက သကြားထပ်မစွက်ထားဘဲ သဘာဝအရသာပဲလို့ဆိုရင်တောင်မှ သကြားပါဝင်မှုက တော်တော်လေးများနေနိုင်ဆဲဆိုတာပါ။ ဒါကြောင့် အစားအသောက်ရွေးချယ်ခါနီးတိုင်း သကြားပါဝင်မှုကို စစ်ဆေးတဲ့အခါ ၂၂.၅ ဂရမ်ဆိုရင်က အရမ်းများနေတာကြောင့် စားသုံးဖို့မသင့်တဲ့ အနေအထားပါ။ ၅ ဂရမ်ဆိုရင်တော့ရွေးချယ်သင့်တဲ့အခြေအနေလို့ဆိုရပါမယ်။နောက်ဆုံးအနေနဲ့ သတိထားရမှာက တစ်ထုပ်လုံးမှာပါဝင်နေတဲ့ သကြားပမာဏအပြင် တစ်ခါစားစာမှာပါတဲ့ သကြားပမာဏကိုပါ စစ်ဆေးဖို့လိုအပ်ပါမယ်။
လိုအပ်တဲ့ အချိုပမာဏထက်ပိုမကျွေးမိစေဘဲ ကလေးကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အကောင်းဆုံးကြီးထွားဖွံ့ဖြိုးတဲ့ကလေးတစ်ယောက်အဖြစ် ပျိုးထောင်နိုင်ကြပါစေကြောင်း…..