backup og meta

ဝမ်းဗိုက်အဆီတက်အောင် လုပ်မိနေပြီလား။

ဗိုက်ပူရင် ဝတ်ရတာ အဆင်မပြေသလို ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု နည်းတယ်နော်။ တကယ်ကတော့ ဗိုက်ပူတာက စားတဲ့ အစားအသောက်ကြောင့်ပဲ မဟုတ်ပါဘူး။ ကိုယ်တိုင်က မသိဘဲ လုပ်မိတဲ့ အလေ့အထကြောင့်လည်း ပါပါတယ်။

ဝမ်းဗိုက်အဆီတက်အောင် လုပ်မိနေပြီလား။

ဒီတစ်ခေါက်တော့ ကိုယ်တိုင် လုပ်မိနေတဲ့ အလေ့အထထဲမှာ ဗိုက်ခေါက်ထူစေမယ့် အလေ့အထတွေ ပါနေလားဆိုတာကို ဆန်းစစ်ကြည့်ရအောင်နော်။

ဗိုက်ခေါက်ထူ အဆီစုစေမယ့် အလေ့အထတွေက ဘာတွေလဲ………….

ဒီ အလေ့အထတွေက သင့်ကို ဗိုက်ခေါက် ထူစေတာပါတဲ့။

လူအများကြီးနဲ့ အစား စားတာ

တစ်ယောက်တည်း စားတာထက် အပေါင်းအသင်းတွေ၊ မိသားစုတွေနဲ့ စားတဲ့အခါ ပိုစားဝင်တတ်ပါတယ်။ ပြောရင်းဆိုရင်း စားရင်းသောက်ရင်းနဲ့ စားမိတဲ့ ပမာဏက များမှန်းမသိ များသွားတတ်ပါတယ်။

ဒီလို အစားအများကြီး စားမိတာကလည်း သင့်ကို ဗိုက် အဆီတက်စေပါတယ်။

ပမာဏ များများ စားတတ်တာ

အစားစားတဲ့အခါ နည်းနည်းနဲ့ အကြိမ်ရေ များများစားသူတွေက ချပ်ရပ်တဲ့ ဗိုက်သားလေးကို ပိုင်ဆိုင်ထားတတ်ကြပါတယ်။ အစား စားတဲ့အခါ အားပါးတရ ပမာဏ များများ စားတတ်သူတွေက ဗိုက်အဆီ ပိုတက်ကြပါတယ်။

ရေသောက် နည်းတာ

ရေသောက်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။ ရေသောက် နည်းတဲ့အခါ ကိုယ်ခံအား နည်းတာ၊ အသက်ရှူ လမ်းကြောင်းစနစ်ကို ထိခိုက်တာ၊ ဆီးလမ်းကြောင်း ပိုးဝင်တာ အပါအဝင် အမျိုးမျိုးသော ကျန်းမာရေး ပြဿနာကို ခံစားရစေနိုင်ပါတယ်။

ဒါတင်မကသေးပါဘူး ရေသောက်တာက အသားအရေကို လှပစေပါသေးတယ်။ ရေသောက်နည်းတဲ့အခါ အသားခြောက်တာ၊ ဝက်ခြံ ပေါက်တာတွေ ဖြစ်စေနိုင်သလို ဗိုက် အဆီလည်း တက်စေနိုင်ပါတယ်။

တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက်သောက်ပေးတာက ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေပြီး အဆီလောင်ကျွမ်းစေနိုင်လို့ ဗိုက်အဆီ တက်တာကို ဟန့်တားနိုင်မှာပါ။

အိပ်ရာထဲမှာ ဖုန်းသုံးတာ

အိပ်ရာထဲမှာ ဖုန်းသုံးတာက အိပ်ရေး ပျက်ရုံတင် ပျက်စေတာ မဟုတ်ဘဲ ဗိုက်ကိုလည်း အဆီ တက်စေနိုင် ပါသေးတယ်။ အိပ်ရာထဲမှာ ဖုန်းအပါအဝင် လျှပ်စစ် ပစ္စည်းတွေ ထားတာက အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပြီး ကိုယ်အလေးချိန် တက်စေနိုင်သလို ဗိုက် အဆီ ဖြစ်ပေါ်မှုကိုလည်း အားပေးရာ ရောက်ပါတယ်။

အိပ်ခန်းထဲမှာ တီဗွီ၊ ကွန်ပျူတာ၊ ဖုန်း စတာတွေ မထားပါနဲ့။ အိပ်ရာထဲမှာ ဖုန်းသုံးတာကို ရှောင်ပါ။

အိပ်ရေး ဝဝအိပ်ပါ

ညအိပ်ချိန်ကလည်း ဗိုက်အဆီ တက်စေဖို့ အားပေးနေပါတယ်။ ညဘက်မှာ အနည်းဆုံး အိပ်ချိန် ၆ နာရီ ရှိဖို့ လိုပါမယ်။ ဒါမှ သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ရရှိမှာ ဖြစ်သလို ဗိုက် အဆီတက်တာကိုလည်း ကာကွယ်ပြီးသား ဖြစ်မှာပါ။

အစားကို ဖြည်းဖြည်း စားပါ

အစား မြန်မြန် စားတာက ကိုယ်အလေးချိန် တက်စေသလို ဗိုက် အဆီကိုလည်း တက်စေပါတယ်။ ဗိုက်ဝပြိဆိုတဲ့ အကြောင်းကို အစာအိမ်က ဦးနှောက်ကို သတင်းပို့ဖို့ မိနစ် ၂၀ အချိန် ယူရပါတယ်။

မြန်မြန်စားတဲ့အခါ သတင်းပို့လို့ ရောက်တဲ့ အချိန်မှာ တော်တော်လေး စားပြီးရက်သား ဖြစ်နေပါပြီ။ ဒါကပဲ အဆီ တက်တာကို ဖြစ်စေရတဲ့ အဓိက အကြောင်းအရင်းပါ။ လူအများစု အဆီတက်ရတာက အစားမြန်မြန်စားလို့ပါ။

ကဲ…… ဘယ်နှချက်လောက် လုပ်မိနေပြီလဲ…… ခုကစပြီး ဆင်ခြင်လို့ ချပ်ရပ်လှပတဲ့ ဗိုက်လေးကို ပိုင်ဆိုင်ကြစို့နော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Weight Management and Obesity Resource List https://www.nal.usda.gov/sites/default/files/fnic_uploads//weight.pdf Accessed Date 14 September 2020

Dietary Supplements for Weight Loss https://ods.od.nih.gov/pdf/factsheets/WeightLoss-Consumer.pdf Accessed Date 14 September 2020

ယခုပုံစံ

24/05/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဗိုက်အဆီအန္တရာယ် သတိပြုရန်

ဝမ်းဗိုက်အဆီကို အမြန်ဆုံးချနိုင်မယ့် နည်းလမ်းတွေ



Aye Thi Mon မှ ရေးသားသည်။ · 24/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ