brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ခရီးထွက်ပေးသင့်တဲ့အကြောင်းအရင်း

အလုပ်တွေ၊ မိသားစုတာဝန်တွေထဲမှာပဲ တစ်ချိန်လုံးမြှုပ်နှံပြီးနေနေတော့မှာလား။ အနည်းဆုံးတစ်နှစ်ကို တစ်ခေါက်လောက်တော့ အပန်းဖြေခရီးလေးထွက်လိုက်ပါ။ မိသားစုနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်ပေါ့။ ခရီးသွားတာက အလုပ်ပိုတွေလို့ထင်နေတယ်ဆိုရင်တော့ ဒီအတွေးကို အခုချက်ချင်းပဲခေါင်းထဲက ဖယ်ထုတ်လိုက်ပါ။

ခရီးထွက်ပေးသင့်တဲ့အကြောင်းအရင်း

ခရီးထွက်ပါလို့ပြောရတဲ့အကြောင်းအရင်း

နေ့ရက်တိုင်းမှာ အလုပ်၊ မိသားစုကိစ္စတွေကိုပဲ စဉ်းစားနေရတဲ့ အခြေအနေထဲကနေ ရက်ပိုင်းလောက်ရုန်းထွက်လို့ ခရီးထွက်လိုက်မယ်ဆိုရင်

စိတ်ဖိစီးမှုလျော့ကျစေမှာပါ

ခရီးထွက်လိုက်တာ ပုံမှန်အခြေအနေတစ်ရပ်ကနေ ရုန်းထွက်မှုတစ်ရပ်ပါပဲ။ ခရီးသွားနေစဉ်မှာ မိသားစုတာဝန်တွေနဲ့ ကင်းကွာနေမှာဖြစ်သလို အလုပ်ကိစ္စတွေကိုလည်း ခပ်ဝေးဝေးမှာ ချန်ထားနိုင်မှာဖြစ်တာကြောင့် ဒီကိစ္စတွေကနေရတဲ့ စိတ်ဖိစီးမှုတွေကိုခေတ္တခဏခေါက်ထားနိုင်မှာဖြစ်သလို စိတ်ထဲကကျဉ်းကျပ်နေတာတွေကိုလည်းပြေလျော့စေနိုင်မှာပါ။

ကျန်းမာရေးကောင်းစေနိုင်မှာပါ

ခရီးထွက်တာကြောင့် စိတ်ဖိစီးမှုတွေကိုပြေလျော့စေတာကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကို သိသိသာသာလျော့ကျစေမှာ အမှန်ပါ။ တစ်နေ့တာလုံးအလုပ်ခွက်က ထိုင်ခုံမှာထိုင်နေတာထက် ခရီးသွားတဲ့အခါ လှုပ်ရှားသွာလာမှုပုများတာကြောင့် ခန္ဓါကိုယ်ကိုပြေလျော့စေမှာလည်း အသေအချာပါ။နေ့စဉ်အလုပ်ခွက်မှာ သဘာဝလေမထိတွေ့ရသူတွေအဖို့ဆိုရင်တော့ သဘာဝလေ နဲ့ နေရောင်ခြည်ကိုပါထိတွေ့ခွင့်ရမှာဖြစ်တဲ့အတွက် စိတ်ရောကိုယ်ပါကျန်းမာစေနိုင်မှာအသေအချာပါ။

နှလုံးကျန်းမာစေနိုင်တယ်

လေ့လာမှုတွေအရ ခရီးသွားတဲ့သူတွေဟာ ခရီးမသွားဘဲနေသူတွေထက် နှလုံးရောဂါခံစားရနိုင်ခြေပိုနည်းတယ်လို့ သိရပါတယ်။ ခရီးသွားတဲ့အခါ ခံစားရတဲ့ စိတ်ပျော်ရွှင်မှု၊ လှုပ်ရှားသွားလာမှုတွေကလည်း နှလုံးကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် နှလုံးကျန်းမာနေစေဖို့ ခရီးထွက်ပေးတာက အဆင်ပြေမှာပါ။

ဘီယာဗိုက်ကို ကျစေနိုင်တယ်

ခရီးသွားတဲ့အခါ စားချင်တာတွေစားနေပေမယ့် သွားချင်တဲ့နေရာတွေကိုလည်းရောက်အောင်သွားနေပါတယ်။ ဒီလိုလုပ်ဆာင်မှုကပေါင်ချိန်တွေတိုးမလာစေဖို့အကောင်းဆုံးထောက်ပံ့ပေးနိုင်သလို အပေါ်မှာပြောခဲ့သလို ခရီးသွားတဲ့အခါကောတီစောဟော်မုန်းတိုးလာတာကြောင့် စိတ်ဖိစီမှုများတာကိုမဖြစ်စေတဲ့အတွက်ကောတီစောဟော်မုန်းများတာရဲ့ ဆိုးကျိုးဖြစ်တဲ့ ဗိုက်အဆီတက်တာကိုမဖြစ်အောင်လည်း ကာကွယ်ရာရောက်ပါတယ်။

တီထွင်ဖန်တီးမှုအားကောင်းစေတယ်

ပတ်ဝန်းကျင်အသစ်တစ်ရပ်နဲ့ ထိတွေ့ရမှုကစိတ်ကိုလန်းဆန်းစေနိုင်ပြီး အသစ်အသစ်သောဖန်တီးမှုတွေကို ခံစားရစေနိုင်ပါတယ်။ ဒီလိုထိတွေ့မှုတွေကပဲ ဖန်တီးမှုအားကောင်းအောင် အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ဒါကြောင့် တီထွင်ဖန်တီးမှုအားကောင်းချင်ရင် ခရီးထွက်ပေးပါ။

စိတ်ဓါတ်မကျအောင် ကာကွယ်ပေးတယ်

လေ့လာမှုတွေအရ အပန်းဖြေခရီးထွက်တာက စိတ်ဓါတ်မကျအောင် ကာကွယ်ပေးနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ ပုံမှန်ခရီးထွက်နေသူတွေက ခရီးမထွက်သူတွေထက် စိတ်ခံစားမှုပိုကောင်းတတ်ကြပြီး စိတ်ဓါတ်ကျနိုင်ခြေကလည်းတော်တော်လေးနည်းပါတယ်။ ဒါကြောင့်စိတ်ဓါတ်ကျမှုကင်းဝေးအောင် ကိုယ့်အတွက်ကိုယ် ရင်းနှီးမြှုပ်နှံတဲ့အနေနဲ့ အနည်းဆုံးတစ်နှစ်ကို တစ်ခေါက်လောက် ခရီးထွက်ပေးပါ။

ခရီးသွားတာက စိတ်ရောကိုယ်ပါပေါ့ပါးလန်းဆန်းစေနိုင်တာကြောင့် အနည်းဆုံး တစ်နှစ်ကိုတစ်ခေါက်လောက်တော့ အပန်းဖြေခရီးထွက်ဖို့ တိုက်တွန်းပါရစေ Hello ဆရာဝန်ပရိသတ်ကြီးရေ………….

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။