backup og meta

အမြင့်ကြောင့် မအီမသာဖြစ်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ

သင်ဟာ မြင့်မားတဲ့နေရာတွေရောက်ပြီဆိုရင် လေထုထဲက လုံလောက်တဲ့ အောက်ဆီဂျင်ပမာဏကို မရနိုင်တာကြောင့် အမြင့်ကြောင့် မအီမသာဖြစ်ခြင်း ကို ခံစားရနိုင်ပါတယ်။

အမြင့်ကြောင့် မအီမသာဖြစ်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ

ဒီလို ကိစ္စအများစုဟာ အပျော့စားတွေပါ။ ကျွမ်းကျင်သူတွေ ကိုယ်တိုင်ကလည်း ဘယ်သူတွေက ဒီပြဿနာဖြစ်နိုင်ပြီး ဘယ်သူတွေ မဖြစ်နိုင်ဘူးလဲဆိုတာ မသိကြသေးပါဘူး။ သင့်ရဲ့ကြံ့ခိုင်မှုအနေအထားဘယ်လောက်ပဲကောင်းနေပါစေ၊ သင်ကယောက်ျားဖြစ်စေ၊မိန်းမဖြစ်စေ အမြင့်ကြောင့်မအီမသာဖြစ်ခြင်း ရနိုင်ခြေကတော့ အတူတူပါပဲ။

ဒီပြဿနာဟာ တစ်ခါတရံမှာတော့ အန္တရာယ် များနိုင်ပါတယ်။ တကယ်လို့ သင်က တောင်တက်ခရီးစဉ်သွားဖို့ စီစဉ်ထားတယ် သို့မဟုတ် ပီရူး၊ အီကွေဒေါ၊ နီပေါ စတဲ့ အမြင့်ပိုင်းမှာရှိတဲ့ နိုင်ငံတွေကို ခရီးထွက်မယ်ဆိုရင် ဆရာဝန်နဲ့ အရင်စစ်ဆေးပါ။

ဘာက အမြင့်ကြောင့် မအီမသာဖြစ်ခြင်းကို ဖြစ်စေတာလဲ။

သင်က မြင့်သထက်မြင့်တဲ့နေရာကို ခပ်မြန်မြန် ရောက်သွားမယ်ဆိုရင် လေဖိအား နည်းတာကြောင့် သင့်ခန္ဓါကိုယ်က လုံလောက်တဲ့ အောက်စီဂျင် ပမာဏကို ရရှိနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အသက်ကို မြန်မြန်ရှူဖို့ လိုပါတယ်။ ဒါက ခေါင်းကိုက်ခြင်းနဲ့ အခြားသော လက္ခဏာတွေကို ဖြစ်ပေါ်စေပါတယ်။ သင့်ခန္ဓါကိုယ်က အမြင့်မှာ နေသားကျသွားတဲ့အခါမှာတော့ ဒီလက္ခဏာတွေ ပျောက်ကွယ်သွားမှာပါ။

ရောဂါလက္ခဏာတွေကဘာတွေလဲ။

အပျော့စား အမြင့်ကြောင့် မအီမသာဖြစ်ခြင်း တွေဟာ အဖြစ်များပြီး

• ခေါင်းကိုက်ခြင်း

• ပျို့အန်ခြင်း

ခေါင်းမူးခြင်း

• ပင်ပန်းခြင်း စတဲ့လက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်။

သင့်လက္ခဏာတွေဟာ ပိုပြီးပြင်းထန်တဲ့ အခြေအနေကိုလည်းရောက်လာနိုင်ပါတယ်။ သူတို့ဟာ သင်အမြင့်တစ်နေရာကို ရောက်ပြီးနောက်မှာ စတင်ဖြစ်ပေါ်တတ်ပါတယ်။ အမြင့်ကြောင့် မအီမသာဖြစ်ခြင်း ဟာ သင့်ကို အရက်မူးနေသလို ခံစားရစေမှာပါ။

ပြင်းထန်တဲ့ အမြင့်ကြောင့် မအီမသာဖြစ်ခြင်း တွေဟာ အသက်အန္တရာယ် ရှိနိုင်ပါတယ်။ ဒါက အရည်တွေကို အဆုတ်ပေါ်မှာ သို့မဟုတ် ဦးနှောက်တွင်းသိုလှောင်ထားသည်ထိ ဖြစ်နိုင်ပါတယ်။ လက္ခဏာတွေကတော့ ဝေခွဲမရဖြစ်ခြင်း၊ လမ်းဖြောင့်ဖြောင့် မလျှောက်နိုင်ခြင်း၊ မူးလဲတော့မလို ခံစားရခြင်း၊ နှုတ်ခမ်းသို့မဟုတ် လက်သည်းများ ပြာခြင်း၊ဖြူဆုတ်ဆုတ်ဖြစ်ခြင်း စတာတွေပါဝင်ပါတယ်။

သင့်မှာလက္ခဏာတွေပြလာရင် ဘယ်လိုလုပ်မလဲ။

အမြင့်ကြောင့် မအီမသာဖြစ်ခြင်း ရဲ့ အပျော့စား လက္ခဏာတွေ သင့်မှာ ပြလာပြီဆိုရင် အဆိုပါ အမြင့်မှာ သင်က အနည်းဆုံး ၂၄နာရီမှ ၄၈နာရီထိ နေသင့်ပါတယ်။ အရက်ကိုရှောင်ပါ။ လက္ခဏာတွေပျောက်သွားဖို့ ၁၂နာရီမှ ၃ရက်၊၄ရက်ထိကြာနိုင်ပါတယ်။ ဒါတွေပြီးသွားလို့ ကျန်းမာရေး ပြန်ကောင်းလာတဲ့အခါမှာ သင့်ရဲ့လှုပ်ရှားမှုတွေပြန်လုပ်နိုင်ပါပြီ။

အမြင့်ကြောင့်မအီမသာဖြစ်ခြင်းကို ကုသမှုအတွက် အထူးပြုလုပ်ထားတဲ့ ပရက်ရှာခန်း သို့မဟုတ် အောက်ဆီဂျင်ကို အသုံးပြုနိုင်ပါတယ်။

တကယ်လို့သင့်အခြေအနေကပိုဆိုးလာပြီး ၂၄နာရီမှ ၄၈နာရီကြာတဲ့ထိတောင် ကျန်းမာရေးအခြေအနေ တိုးတက်မလာသေးဘူးဆိုရင်အနည်းဆုံး ၅၀၀မီတာ သို့မဟုတ် ၁၆၄၀ပေ အမြင့်ရှိတဲ့နေရာထိ ဆင်းသွားသင့်ပါတယ်။

ပြင်းထန်တဲ့လက္ခဏာတွေပြခဲ့မယ်ဆိုရင်တော့ ဝေဒနာခံစားနေရသူဟာ ပိုနိမ့်တဲ့အမြင့်ကိုချက်ချင်းပြောင်းရွှေ့သင့်ပြီး ကျန်းမာရေးဆိုင်ရာအကူအညီတွေ ရယူသင့်ပါတယ်။

ပြင်းထန်တဲ့လက္ခဏာပြနေသူတစ်ယောက်တည်း အောက်ဆင်းသွားရတာမျိုး ဘယ်တော့မှပေးမလုပ်ပါနဲ့။

အမြင့်ကြောင့် မအီမသာဖြစ်ခြင်း ကို ဘယ်လိုကာကွယ်နိုင်မလဲ။

ပိုပြီးမြင့်တဲ့အမြင့်ကို ဖြည်းဖြည်းချင်းတက်ခြင်းဟာ သင့်ခန္ဓါကိုယ်က ပြောင်းလဲသွားတဲ့အမြင့်နဲ့ လိုက်ပြီးအသားကျစေနိုင်ဖို့ကူညီပေးနိုင်ပါတယ်။ ပိုပြီးမြင့်တဲ့နေရာကို မရောက်ခင် အလယ်အလတ်နေရာမှာ တစ်ညအိပ်တာက ပိုကောင်းပါတယ်။

နေ့ခင်းမှာသွားရောက်ခဲ့တဲ့အမြင့်ထက် ပိုပြီးနိမ့်တဲ့နေရာမှာအိပ်ပါ။ “ အမြင့်ကိုတက်ပါ။ အနိမ့်မှာအိပ်ပါ။”ဆိုတာဟာ အမြင့်ကိုသွားနေကျသူတွေအတွက်တော့ စံအခြေအနေတစ်ခုပါပဲ။

အမြင့်မှာရှိတဲ့မြို့တွေမှာ လေယာဉ်စီးတာကိုရှောင်ကြဉ်ပါ။ လိုအပ်လို့လုပ်ရမယ်ဆိုရင်တော့ အစားအများကြီးစားခြင်း၊ အရက်သောက်ခြင်းနှင့် အလွန်အမင်းတက်ကြွလှုပ်ရှားချင်နေတာမျိုးတွေကို ရှောင်ကြဉ်ပါ။ အနားယူပြီး ခန္ဓါကိုယ်ထဲ အရည်များများဝင်အောင်လုပ်ပါ။ တကယ်လို့လက္ခဏာတွေပြလာမယ်ဆိုရင် သင်ရောက်နေတဲ့လက်ရှိအမြင့်မှာပဲ ဒီလက္ခဏာတွေပျောက်သွားတဲ့အထိနေသင့်ပါတယ်။

ပေါင်မုန့်၊ ကွေကာ၊ အစေ့အဆံတွေနဲ့ ပါစတာကဲ့သို့သော ကာဗိုဟိုက်ဒရိတ်တွေများများစားပါ။ ရေဓါတ်ပြည့်အောင်နေပြီး အရက်သောက်ခြင်းမှရှောင်ကြဉ်ပါ။

တကယ်လို့သင့်မှာ အဆုတ်ရောဂါ သို့မဟုတ် အခြားပြဿနာတစ်ခုခုရှိနေတယ်ဆိုရင်။

တကယ်လို့သင့်မှာ ရင်ကျပ်ရောဂါရှိပြီး အမြင့်ပိုင်းကိုသွားရမယ်ဆိုရင် သင့်ရဲ့နေ့စဉ် ရင်ကျပ်ထိန်းဆေး (daily controller medicine ) နဲ့ အမြန်သက်သာစေတဲ့ဆေး (quick-relief medicine)တွေကို တစ်ပါတည်းယူဆောင်သွားပါ။ သင့်မှာနာတာရှည်ရောဂါတွေရှိနေရင် -အထူးသဖြင့် နှလုံးရောဂါ၊ sickle cell anemia၊ နာတာရှည် အဆုတ်ရောဂါ (Chronic obstructive pulmonary disease၊ COPD) သို့မဟုတ် ညအိပ်စဉ် ခဏတာ အသက်ရှူရပ်ရပ်သွားခြင်း စတာတွေရှိနေရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Altitude sickness – Topic overview. http://www.webmd.com/a-to-z-guides/tc/altitude-sickness-topic-overview#3. Assessed January 21, 2017

Altitude sickness. http://www.nhs.uk/Conditions/altitude-sickness/Pages/introduction.aspx. Assessed January 21, 2017

ယခုပုံစံ

05/09/2022

Wathun Myat Chal မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခေါင်းကိုက်နေတာလား။ မအီမသာဖြစ်နေတာလား

အမြင့်ကြောက်ရောဂါဆိုတာ ဘာလဲ


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Wathun Myat Chal မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ