brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Alpers Disease (အယ်လ်ပါးရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Alpers Disease (အယ်လ်ပါးရောဂါ) ကဘာလဲ။

အယ်လ်ပါးရောဂါဆိုတာ မိုက်တိုကွန်ဒရိယ ရောဂါတခုဖြစ်ပြီး ဦးနှောက်နဲ့ အသည်းကို ထိခိုက်ပါတယ်။ မိုက်တိုကွန်ဒရိယဟာ ဆဲလ်တွေထဲမှာ စွမ်းအင်ရုံတွေအနေနဲ့ လုပ်ဆောင်ပေးပါတယ်။ ဆဲလ်တွေဟာ စွမ်းအင်မရရင် အလုပ်ကောင်းစွာ မလုပ်နိုင်ပါဘူး။ အယ်လ်ပါးရောဂါမှာဆိုရင်လည်း အတက်ရောဂါကို ဆိုးရွားစွာ ခံစား၇ပြီး ဖွံ့ဖြိုးမှုနောက်ကျကာ အသည်းလည်းပျက်စီးနိုင်ပါတယ်။

Alpers Disease (အယ်လ်ပါးရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ရှားပါးပြီး အသက် ၆လက ၃နှစ်အထိ ကလေးငယ်တွေမှာ ဖြစ်တတ်ပါတယ်။ ပိုကြီးတဲ့ကလေးတွေနဲ့ ငယ်ရွယ်သူအချို့မှာလည်း ဒီရောဂါကို ဖြစ်စေတဲ့ ဗီဇကြောင့် အတက်ရောဂါနဲ့ အသည်းရောဂါ ဖြစ်တတ်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Alpers Disease (အယ်လ်ပါးရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အတွေ့များတဲ့ လက္ခဏာတွေကတော့

  • မှတ်ဉာဏ်ချို့ယွင်းခြင်း၊ မေ့ခြင်း
  • အသည်းရောဂါ။ အသားဝါခြင်း၊ အသည်းခြောက်ခြင်း
  • တက်ခြင်း
  • ကောင်းစွာမရပ်တည်နိုင်ခြင်း၊ အလိုလိုတုန်ခြင်း
  • တုံ့ပြန်ခြင်းဆိုင်ရာ ပြသနာများ
  • ကြွက်သားအားနည်းခြင်း
  • ခေါင်းကိုက်ခြင်း
  • အထိမခံနိုင်ခြင်း
  • စကားပြောပုံမှန်မဟုတ်ခြင်း

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Alpers Disease (အယ်လ်ပါးရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

POLG polymerase ဗီဇမှာ ပြောင်းလဲမှုရှိလို့ ဖြစ်ပါတယ်။ သူဟာ မိုက်တိုကွန်ဒရိယကို ဖြစ်ပေါ်စေတဲ့အရာ ဖြစ်ပါတယ်။

မိုက်တိုကွန်ဒရိယဟာ ဆလ်ထဲမှာ စွမ်းအင်ရင်းမြစ်ဖြစ်ပြီး ဦးနှောက်တစ်သျှူးတွေကို ကောင်းမွန်အောင် ထိန်းသိမ်းပေးပါတယ်။ POLG polymerase ဗီဇမှာ ပြောင်းလဲမှုဖြစ်ရင် မိုက်တိုကွန်ဒရိယဒီအန်အေ လျော့နည်းလာပါတယ်။

အဲဒီအခါ ဦးနှောက်ထဲက grey matter ကို တဖြည်းဖြည်း ပျက်စီးလာစေပါတယ်။ တက်ခြင်းနဲ့ အသည်းရောဂါတွေဟာ မိုက်တိုကွန်ဒရိယတွေ ပျက်စီးသွားကာ ဆဲလ်တွေရဲ့စွမ်းအင် ကျဆင်းလာခြင်းကြောင့်ဖြစ်တယ်လို့ ယူဆရပါတယ်။

ဖြစ်နိုင်ခြေများ

Alpers Disease (အယ်လ်ပါးရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဖြစ်နိုင်ခြေ ပိုများစေတဲ့အချက်တွေ ရှိပါတယ်။

  • မျိုးရိုးဗီဇဆိုင်ရာရောဂါဖြစ်ပြီး ငုပ်လျှိုးဗီဇ အမျိုးအစား ဖြစ်ပါတယ်။ မဘနှစ်ပါးစလုံးကနေ သယ်ဆောင်ပြီးမှ ရောဂါဖြစ်စေနိုင်ပါတယ်။
  • တစုံတယောက်မှာ ပြောင်းလဲသွားတဲ့ ဗီဇတခြမ်းရှိရင် သယ်ဆောင်သူဖြစ်ပြီး ရောဂါရဲ့ လက္ခဏာတွေ မပြပါဘူး။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Alpers Disease (အယ်လ်ပါးရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

အောက်ပါအချက်တွေ ပါဝင်ပါတယ်။

  • ပြည်စုံသော ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုနှင့် ရောဂါရာဇဝင် မေးမြန်းခြင်း
  • မိသားစုရာဇဝင်ဟာ အရေးကြီးပါတယ်။

အောက်ပါစမ်းသပ်ချက်အချို့လည်း ပါဝင်ပါတယ်။

  • အသည်းအင်ဇိုင်း စစ်ဆေးရာမှ အသည်း၏ လုပ်ဆောင်နိုင်စွမ်းကို အကဲဖြတ်ခြင်း
  • ဦးနှောက်အတွင်းရည်ကို ခါးဆစ်ရိုးမှ ဖောက်စစ်ဆေးကာ ပရိုတိန်းနှင့် လက်တိတ်ပမာဏ တိုင်းတာခြင်း
  • POLG DNA စစ်ဆေးခြင်း

ရောဂါလက္ခဏများဟာ ဆင်တူကြပါတယ်။ တိကျတဲ့အဖြေရဖို့ ကျွမ်းကျင်သူများက စစ်ဆေးမှုများ ထပ်မံပြုလုပ်နိုင်ပါတယ်။

Alpers Disease (အယ်လ်ပါးရောဂါ) ကို ဘယ်လိုကုသပါသလဲ

တိကျတဲ့ကုသမှုမရှိသေးပါဘူး။ အတက်ကျဆေးပေးပြိး လက္ခဏာတွေကို သက်သာအောင် ဖြေရှင်းနိုင်ပါတယ်။ Sodium Valproate ကတော့ အသည်းကို ထိခိုက်နိုင်လို့ ရှောင်ကြဉ်ရပါမယ်။ ဒီရောဂါရှိသူတွေမှာ အသည်းအစားထိုးရင်လည်း မအောင်မြင်ပါဘူး။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက အယ်လ်ပါးရောဂါ အတွက် အထောက်အကူ ပြုသလဲ

အောက်ပါအချက်တွေက အထောက်အကူပြုပါတယ်။

  • မိဘတွေ၊ မိသားစုဝင်များကို မျိုးရိုးဗီဇ စစ်ဆေးခြင်း၊ ကလေးမမွေးဖွားမီကပင် ရောဂါရှာဖွေခြင်း
  • မိသားစုရာဇဝင်ရှိလျှင် မျီုးရိုးဗီဇအကြောင်း ဆွေးနွေးကာ ကြိုတင်ပြင်ဆင်ခြင်း
  • လက်ရှိမှာ ဖြစ်နိုင်ခြေ ကုသမှုတွေနဲ့ မျိုးရိုးဗီဇပြသနာကို ကာကွယ်နည်းတွေ သုတေသနလုပ်နေကြပါတယ်

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Dr. Thant Zin
Dr. Thant Zin
မှ ရေးသားသည်။Dr. Thant Zinအထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy
07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။