brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆေးနဲ့အရက် နီးနီးကပ်ကပ်သောက်မိရင် ဘာဖြစ်တတ်လဲ ။ ။

ဆေးသောက်ပြီးရင် အရက်ေသာက်လို့ရလား၊ အရက်သောက်ပြီးရင်ရော ဆေးသောက်လို့ရသေးလား။ ဆေးတိုင်း အရက်နဲ့တွဲသောက်လို့ရလား။ အရက်မတည့်တဲ့ ဆေးတွေရှိလား။ ။ ဆေးနဲ့ အရက်တွဲသောက်မိရင် ဘာဖြစ်တတ်လဲ။ အရက်နဲ့ မတည့်တဲ့ ဆေးတွေက ဘာတွေလဲ ။ ။ ဆိုတဲ့မေးခွန်းတွေ မကြာခဏကြားရတတ်ပါတယ်။

ဆေးနဲ့အရက် နီးနီးကပ်ကပ်သောက်မိရင် ဘာဖြစ်တတ်လဲ ။  ။

Disulfiram-like reactions ဆိုတာ ဘာလဲ။ ။

အရက်နဲ့တွဲသောက်လို့ မဖြစ်တဲ့ ဆေးတွေရှိပါတယ်။ အဲဒါကို မသိဘဲ သောက်လိုက်မိရင် ကိုယ်ခန္ဓါမှာ တစ်ချို့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။ ဒါကို ဆေးပညာအရ Disulfiram-like reactions လို့ခေါ်ပါတယ်။ acetaldehyde syndrome လို့လည်း လူသိများပါတယ်။

Disulfiram-like reactions ကဘယ်လိုပေါ်လာတာလဲ ။ ။

Disulfiram လို့ခေါ်တဲ့ဆေးတစ်မျိုးရှိပါတယ်။ အရက်သမားတွေကို အရက်ြဖတ်အောင် လုပ်တဲ့အခါ အဲ့ဒီ Disulfiram ဆေးကိုတိုက်လေ့ရှိပါတယ်။ သူကို့သောက်ပြီး အရက်သောက်လိုက်တဲ့အခါ မသက်မသာဝေဒနာတွေ ခံစားရတဲ့အတွက် နောက်ပိုင်း အရက်ကို မသောက်ချင်အောင် လုပ်တာဖြစ်ပါတယ်။ Disulfiram-like reactions ဆိုတာ Disulfiram ဆေးပြား မဟုတ်တဲ့ တစ်ခြားဆေးတွေကို အရက်နဲ့တွဲသောက်လိုက်ရင် Disulfiram ဆေးပြားနဲ့ အရက်နဲ့သောက်လိုက်တဲ့အခါ ဖြစ်လာတဲ့ ဝေဒနာတွေလိုပဲ ခံစားရတာကို ပြောတာပါ။ ။

ဘာကြောင့်ဖြစ်ရတာလဲ ။ ။

ကိုယ်ခန္ဓါထဲဝင်လာတဲ့ အရက်ကို ဖြိုခွဲပြီး နောက်ပိုင်းမှာ acetaldehyde လို့ခေါ်တဲ့ အဆိပ်တစ်မျိုး ကိုယ်တွင်းမှာ ထွက်လာပါတယ်။ အဲဒီ ဓါတ်ပေါင်းနဲ့ တစ်ချို့ဆေးတွေ ဓါတ်ပြုပြီး Disulfiram-like reactions ဖြစ်လာရတာပါ။

Disulfiram-like reactions ရဲ့ လက္ခဏာတွေက ဘာတွေလဲ ။ ။

နီးနီးကပ်ကပ်အချိန်တစ်ခုမှာ ဆေးနဲ့ အရက်နဲ့ တွဲသောက်မိပြီး သိပ်မကြာခင်မှာ

Disulfiram-like reactions ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေလဲ ။ ။

ချက်ချင်းဆေးကုသမှု မခံယူဘဲ ဓါတ်ပြုတာတွေ အရမ်းများသွားတဲ့အခါ

  • လူကတအားကို အန်နေမယ်
  • လမ်းကိုလည်း ဒယိမ်းဒယိုင်လျှောက်မယ်
  • နောက်ဆုံး သတိလစ်သွားပြီး အသက်ဆုံးရှုံးတဲ့အထိပြင်းထန်နိုင်ပါတယ်။

ဒါကြောင့် Disulfiram-like reactions စစဖြစ်ချင်းကတည်းက ဆေးဘက်ဆိုင်ရာ အကူအညီယူတာအကောင်းဆုံးပါ။

Disulfiram-like reactions ကိုဖြစ်စေတဲ့ ဆေးတွေကဘာတွေလဲ ။ ။

  • Metro လို့လူသိများကြတဲ့ Metronidazole, tinidazole
  • Sulfonylureas အုပ်စုဝင်တွေဖြစ်တဲ့ chlorpropamide, tolbutamide, glyburide
  • နှလုံးဆေးတွေဖြစ်တဲ့ Isosorbide dinitrate, nitroglycerin နဲ့
  • သွေးကျဲဆေး waffrin တို့ဟာ အရက်နဲ့ ဓါတ်ပြုနိုင်တဲ့ဆေးတွေဖြစ်ပါတယ်။

ဒါကြောင့် ဒီဆေးတွေသောက်ပြီး ၂၄ နာရီကနေ ၇၂ နာရီအတွင်း မှာ အရက်မသောက်သင့်ပါဘူး။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/09/2022 ဖြစ်ပါသည်။