Acquired Lipodystrophy (မွေးရာပါမဟုတ်တဲ့ အဆီလျော့နည်းရောဂါ)
အဓိပ္ပါယ်ဖွင့်ဆိုချက်
Acquired Lipodystrophy (မွေးရာပါမဟုတ်တဲ့ အဆီလျော့နည်းရောဂါ) ကဘာလဲ။
Lipodystrophy ဆိုတာ သင့်ခန္ဓါကိုယ်ကနေ အဆီကို သိုလှောင်ခြင်း အသုံးချခြင်းနဲ့ ပတ်သက်ပြီး ဖြစ်ပွားတဲ့ ပြသနာဖြစ်ပါတယ်။ မွေးရာပါ မဟုတ်ဘဲ ဖြစ်ပွားတတ်တဲ့ ရောဂါဖြစ်ပါတယ်။ အရေပြားအောက်က အဆီများပေါ် သက်ရောက်မှုရှိတာကြောင့် သင်မြင်တွေ့ရပုံ ပြောင်းလဲနေနိုင်ပါတယ်။ ကိုယ်ခန္ဓါကိုလည်း ပြောင်းလဲနိုင်ပါတယ်။ HIV ပိုးရှိသူအချို့မှာ Lipodystrophy တွေ့ရပါတယ်။ သောက်နေတဲ့ ဆေးတွေကြောင့် ဖြစ်နိုင်သလို ရောဂါသီးသန့်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
တခြား ဖြစ်တတ်တဲ့ Lipodystrophy တွေကတော့
- အထွေထွေ Lipodystrophy (AGL) (သို့) လောရင့်ရောဂါလက္ခဏာစု
- တစိတ်တပိုင်း Lipodystrophy (APL)။ ပွားများလာသော Lipodystrophy (သို့) Barraquer-Simon ရောဂါလက္ခဏာစုလို့လည်း ခေါ်ပါတယ်။
- နေရာသီးသန့်ဖြစ်တဲ့ Lipodystrophy စတာတွေ ဖြစ်ပါတယ်။
Acquired Lipodystrophy (မွေးရာပါမဟုတ်တဲ့ အဆီလျော့နည်းရောဂါ) က ဘယ်လောက်အဖြစ်များသလဲ
AGL ဟာ ကလေးတွေမှာ ဖြစ်တတ်ပြီး အရွယ်ရောက်ပြီးသူတွေမှာလည်း တွေ့နိုင်ပါတယ်။ APL ဟာ အသက် ၈-၁၀နှစ် ဝန်းကျင်မှာ စဖြစ်တတ်ပါတယ်။ ဒီရောဂါ၂မျိုးလုံးဟာ ယောက်ျားလေးများထက် မိန်းကလေးတွေမှာ ၃ဆပိုဖြစ်တတ်ပါတယ်။ နှစ်မျိုးစလုံးဟာ မျက်နှာက အဆီတွေကို လျော့နည်းသွားစေပြီး လူမမာပုံပေါက်သွားတတ်ပါတယ်။ ပုံမှန်အသက်ထက် ကြီးရင့်တယ်လို့ ထင်ရပါတယ်။
နေရာသီးသန့် Lipodystrophy ကတော့ အသက်အရွယ်မရွေး ဘယ်သူမဆို ဖြစ်တတ်ပါတယ်။
ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။
ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
လက္ခဏာများ
Acquired Lipodystrophy (မွေးရာပါမဟုတ်တဲ့ အဆီလျော့နည်းရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ
ရောဂါအမျိုးအစားအားလုံးမှာ အဓိကတွေ့ရတာကတော့
အဆီတွေလျော့နည်းသွားတာပါပဲ။ ဒါပေမယ့် တယောက်ချင်းစီမှာ ကွာခြားမှုတော့ ရှိပါတယ်။ ကလေးတွေမှာ ဖြစ်တဲ့အခါ
- ဘယ်နေရာမှာဖြစ်တာ
- အဆီဓါတ်ဘယ်လောက်လျော့နည်းတာ
- ကိုယ်ခန္ဓါအပေါ် တခြား သက်ရောက်မှုများ စတာတွေအပေါ် မူတည်ပါတယ်။
AGL
- မျက်နှာ၊ လက်၊ ခြေထောက်၊ လက်ဖဝါး၊ တခါတရံ ခြေဖဝါး အပါအဝင် တကိုယ်လုံး အရေပြားအောက်မှာရှိတဲ့ အဆီတွေ လျော့သွားတတ်ပါတယ်။ ကြွက်သားတွေချည်း ရှိတယ်လို့ ထင်ရတတ်ပါတယ်။ အရေပြားအောက်မှာ သွေးပြန်ကြောတွေကို မြင်နေရတတ်ပါတယ်။
- AGL ရှိတဲ့ ကလေးတွေဟာ တချိန်လုံး ဆာလောင်နေတတ်ပြီး ကြီးထွားတာလည်း မြန်ပါတယ်။
- အမျိုးသမီးတွေမှာ ဓမ္မတာမမှန်တာ တခါတရံ ထိန်တာ ဖြစ်တတ်ပါတယ်။
APL
- ကိုယ်ခန္ဓါအပေါ်ပိုင်းပဲ ဖြစ်တတ်ပါတယ်။ မျက်နှာမှာ စဖြစ်ရာကနေ လည်ပင်း၊ လက်နဲ့ ရင်ဘတ်ဆီကို ရွေ့သွားတတ်ပါတယ်။
နေရာသီးသန့် Lipodystrophy
- အရေပြားအောက်မှာ အခေါင်းပေါက်လိုဖြစ်နေပြီး ရေပြားကတော့ ပုံမှန်လိုပဲ မြင်ရပါတယ်။ အရွယ်အစား အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ တခုတည်း ဒါမှမဟုတ် အများကြီး ဖြစ်နေနိုင်ပါတယ်။ တခါတရံ အဖုဖြစ်ပြီး နာနေတတ်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
စောစီးစွာ ရောဂါရှာဖွေကုသခြင်းဟာ အခြေအနေပိုဆိုး မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်နဲ့ မြန်နိုင်သမျှ မြန်အောင် ပြသပါ။
သိလိုတာတွေရှိရင် ဆရာဝန်နဲ့တိုင်ပင်ပါ။ တယောက်နဲ့ တယောက်ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။
အကြောင်းရင်းများ
Acquired Lipodystrophy (မွေးရာပါမဟုတ်တဲ့ အဆီလျော့နည်းရောဂါ) ကိုဘာတွေကဖြစ်စေသလဲ
ဘယ်အရာကဖြစ်စေသလဲဆိုတာ အတိအကျ မသိကြပါဘူး။ ဒါပေမယ့် အောက်ပါ အချက်တွေက ဖြစ်ပွားခြင်းအတွက် အဓိကကျပါတယ်
- ရောဂါပိုးဝင်ခြင်း။ ဝက်သက်၊ အဆုတ်ရောင်၊ အသည်းရောင်ခြင်း၊ သွေးတွင်းမိုနိုဆိုက်များခြင်း စသည့်အခြေအနေများ။
- မိမိကိုယ်ခံအားက မိမိကို ပြန်တိုက်ခိုက်သော ရောဂါ
- တနေရာထဲတွင် ထပ်ခါတလဲလဲ ဆေးထိုးခြင်း၊ ဖိအားသက်ရောက်ခြင်း
- ဒဏ်ရာရခြင်း
ဖြစ်နိုင်ခြေများ
Acquired Lipodystrophy (မွေးရာပါမဟုတ်တဲ့ အဆီလျော့နည်းရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။
- ဆေးဝါးအချို့သုံးစွဲခြင်း၊ မိမိကိုယ်ခံအားက ပြန်လည်တိုက်ခိုက်သော ရောဂါဖြစ်ခြင်း၊ အကြောင်းအရင်းမသိရသော ဖြစ်ပွားမှုများ
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Acquired Lipodystrophy (မွေးရာပါမဟုတ်တဲ့ အဆီလျော့နည်းရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ
ဒီရောဂါရှိတယ်လို့ သံသယရှိရင် စမ်းသပ်မှုတွေ အသေးစိတ်ပြုလုပ်ပါလိမ့်မယ်။
အောက်ပါစမ်းသပ်မှုဗတွ ပါဝင်ပါတယ်။
- အရေပြားကို အနုကြည့်မှန်ပြောင်းနဲ့ စစ်ဆေးဖို့ အရေပြားစ အနည်းငယ်ကို ဖြတ်ယူစစ်ဆေး ပါလိမ့်မယ်။
- အရေပြားခေါက်အထူကို လက်နဲ့ဆွဲယူမကြည့်ပြီး စစ်ဆေးပါလိမ့်မယ်။
- အရိုးထဲက ဓါတ်ဆားတွေ သိပ်သည်းမှုကို သိရအောင် အထူးဓါတ်မှန် ရိုက်ပါလိမ့်မယ်။
- တကိုယ်လုံးက တစ်သျှူးနဲ့ အဆီတွေရဲ့ အခြေအနေတွေကို သိရအောင် သံလိုက်ဓါတ်နဲ့ ပုံရိပ်ဖော်စစ်ဆေးခြင်း (MRI) ရိုက်ပါလိမ့်မယ်။
- သွေးစစ်ဆေးမှု
- ကျောက်ကပ်ပြသနာအတွက် ဆီးစစ်ဆေးမှု
Acquired Lipodystrophy (မွေးရာပါမဟုတ်တဲ့ အဆီလျော့နည်းရောဂါ) ကို ဘယ်လိုကုသပါသလဲ
လျော့နည်းသွားတဲ့ အဆီဓါတ်တွေဟာ အစားမထိုးနိုင်တာကြောင့် ကုသခြင်းရဲ့ ရည်ရွယ်ချက်ဟာ ရောဂါရဲ့ နောက်ဆက်တွဲပြသနာတွေကို ရှောင်ရှားနိုင်ဖို့ပါပဲ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံဟာ အဓိကကျပါတယ်။ lipodystrophy ရှိသူများဟာ အဆီနည်းတဲ့ အစားအသောက်ကို စားသောက်ရပါမယ်။ ဒါပေမယ့် ကလေးတွေမှာတော့ ဖွံ့ဖြိုးကြီးထွားဖို့အတွက် ကယ်လိုရီနဲ့ အာဟာရဓါတ် ကောင်းကောင်းလိုအပ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကလေးတွေကို ကျန်းမာစေပါတယ်။ ကာယလှုပ်ရှားမှုများဟာ သွေးတွင်းသကြားဓါတ်ကို လျော့နည်းစေပြီး အဆီဓါတ်တွေ အန္တရာယ်ရှိစွာ စုဝေးနိုင်ခြင်းကို ကာကွယ်ပေးပါတယ်။
AGL ဖြစ်သူများဟာ metreleptin ထိုးပြီး လျော့သွားတဲ့ leptin တွေကို အစားထိုးရယူနိုင်ပါတယ်။ ငါးတချို့မှာ တွေ့ရတဲ့ Statin နဲ့ omega 3 fatty acidဟာ ကိုလက်စထရောနဲ့ triglyceride မြင့်မားခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ကလေးမှာ ဆီးချိုရှိရင် အင်ဆူလင်နဲ့ တခြားဆေးတွေ သုံးစွဲဖို့ လိုအပ်ပါတယ်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ
ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက Lipodystrophy အတွက် အထောက်အကူ ပြုသလဲ
အချိန်ကြာလာတာနဲ့အမျှ AGL ရှိသူများဟာ ကိုယ်ခန္ဓါရဲ့ အဆီဓါတ်အများစုဟာ ဆုံးရှုံးသွားတတ်ပါတယ်။ APL ရှိသူတွေကတော့ နှစ်အနည်းငယ်ကြာရင် ရပ်သွားနိုင်ပါတယ်။
ယေဘုယျအားဖြင့် အဆီဓါတ်များများဆုံးရှုံးလေလေ အခြေအနေဆိုးလေပါပဲ။ ဒါပေမယ့် lipodystrophy ရှိသူများဟာ တက်ကြွပြီး လုပ်နိုင်ကိုင်နိုင်တဲ့ အနေအထားနဲ့ နေထိုင်နိုင်ပါတယ်။
နောက်ဆက်တွဲပြသနာတွေကို ကာကွယ်နိုင်ဖို့ ဆရာဝန်နဲ့ သေချာစွာ တိုင်ပင်သင့်ပါတယ်။
သင့်တင့်မျှတစွာ စားသောက်ခြင်းဟာ ဒီပြသနာကို ထိန်းသိမ်းနိုင်ပါတယ်။
ဒါ့အပြင် လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းနဲ့ ကိုယ်အလေးချိန် ထိန်းခြင်းဟာ ဆီးချိုဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ