brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Abruptio Placentae (အချိန်မတိုင်မီအချင်းကွာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Abruptio Placentae (အချိန်မတိုင်မီအချင်းကွာခြင်း) ကဘာလဲ။

placental abruption နောက်တစ်နည်း abruption placentae ဆိုတာ အချိန်မတိုင်ခင် အချင်းကွာကျခြင်းကို ခေါ်ပါတယ်။ ၎င်းက ကိုယ်ဝန်ဆောင်ခြင်း၏ အန္တရာယ်ရှိတဲ့ ရောဂါတစ်ခုဖြစ်သော်လည်း ဖြစ်ခဲပါတယ်။ အချင်းဟာ ကိုယ်ဝန်ဆောင်စဉ်မှာ ပေါ်လာပြီး ကလေးကို အာဟာရပေးပါတယ်။ ဒီရောဂါမှာ အချင်းက ကလေးမထွက်ခင်မှာ သားအိမ်၏ အတွင်းနံရံမှ ကွာကျလာပါတယ်။ ၎င်းကို အဆင့် ၁၊ ၂ နှင့် ၃ ဆိုပြီး ပြင်းထန်မှုပေါ်လိုက်ပြီး ၃ မျိုးခွဲနိုင်ပါတယ်။

သားအိမ်မှ ကွာကျသွားတဲ့ အချင်းကို ပြန်ကပ်လို့မရပါဘူး။ ဒါဟယ ကလေးကို အောက်စီဂျင်နှင့် အာဟာရတွေ ပေးပို့မှုကို ကန့်သက်လိုက်နိုင်ပြီး အမေကိုလည်း သွေးထွက်လွန်စေပါတယ်။ ဒီအန္တရယ်များတဲ့ အခြေအနေကြောင့် အစောပိုင်း ခွဲမွေးရခြင်းကြုံနိုင်ပါတယ်။ အချင်းကွာခြင်းက ရုတ်တရက်ဖြစ်နိုင်ပြီး အရေးပေါ်ကုသမှုလိုအပ်ပါတယ်။

Abruptio Placentae (အချိန်မတိုင်မီအချင်းကွာခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အချင်းကွာခြင်းက ဖြစ်ခဲပေမဲ့ အန္တရာယ်ရှိပါတယ်။ ကိုယ်ဝန်သည်တွေက သူတို့ရဲ့ 3rd trimester မှာ ဖြစ်နိုင်ချေအလွန်များပြီး ကိုယ်ဝန် အပတ်၂၀ ကျော်နောက်ပိုင်းမှာ ဖြစ်လာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်သည် အားလုံးရဲ့ ၁% သာ အချင်းကွာခြင်းကို ခံစားရနိုင်ပါတယ်။ ဆက်လက်သိရှိလိုသည်များကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Abruptio Placentae (အချိန်မတိုင်မီအချင်းကွာခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

placental abruption ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • သားအိမ်သွေးဆင်းခြင်း၊ ပုံမှန်မဟုတ်တဲ့ သားအိမ်ကျုံ့ခြင်းများ နှင့် ကလေးအသက်ရှူကြပ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
  • နာကျင်စေတဲ့ သားအိမ်ကျုံ့ခြင်းများ
  • မောပန်းခြင်း၊ သွေးပေါင်ကျခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ဗိုက်အောင့်ခြင်း နှင့် ကျောအောင့်ခြင်း

ထို့ပြင် placental abruption ရဲ့ ပြင်းထန်မှု (အဆင့် ၁၊၂၊၃) ပေါ်မူတည်ပြီး ရောဂါလက္ခဏာတွေက အအောက်ပါအတိုင်း ကွဲ ပြားနိုင်ပါတယ်။

  • အဆင့် ၁။ ။ မိန်းမကိုယ်မှ သွေးထွက်ခြင်း၊ သားအိမ်ကျုံ့ခြင်း တွေက မပြင်းထန်ပဲ အသက်သွေးကြောလက္ခဏာတွေက တည်ငြိမ်နေပါတယ်။ ပြီးတော့ ကလေးနှလုံးခုန်ခြင်းခဲ ပုံမှန်ပါပဲ။ သွေးစစ်လျှင် လည်း ပုံမှန်အနေအထားမှာ ရှိနေပါတယ်။
  • အဆင့် ၂။ ။ သွေးထွက်ခြင်းမှာ အတော်အသင့်လောက်တော့ ရှိပါတယ်။ ပုံမှန်မဟုတ်တဲ့ သားအိမ်ကျုံ့ခြင်းများ၊ သွေးပေါင်ကျခြင်း၊ ကလေး အသက်ရှူ ကြပ်ခြင်း နှင့် သွေးခဲခြင်းဆိုင်ရာ ရောဂါတွေ တွေ့ရနိုင်ပါတယ်။
  • အဆင့် ၃။ ။ အဆိုးဆုံးအဆင့် ဖြစ်ပါတယ်။ သွေးဆင်းတာ အလွန်များ ပြီး သာအိမ်ကျုံ့ခြင်းမှာ လည်း အလွန် ပြင်းထန်လာပါတယ်။ သွေးပေါင်ကျခြင်း၊ ကလေးအသက်ရှူကြပ်ခြင်းနှင့် သွေးတိတ်ခက်ခဲ ခြင်းတို့ဖြစ်လာနိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

  • မိန်းမကိုယ်မှ သွေးဆင်းခြင်း
  • ဗိုက်အောင့်ခြင်း
  • ခါးနာခြင်း
  • သားအိမ် ဆက်တိုက် ကျုံ့နေခြင်း

အကြောင်းရင်းများ

Abruptio Placentae (အချိန်မတိုင်မီအချင်းကွာခြင်း) ကိုဘာတွေကဖြစ်စေသလဲ

Placental abruption ကို အဓိက ဖြစ်စေတဲ့ အကြောင်းအရာသေချာမရှိပေမဲ့ မွေးရာပါရောဂါတော့ မဟုတ်ပါဘူး။

ကိုယ်ဝန်ဆောင်စဉ် အချိန်တွင်း ထိခိုက်မှု ရှိလျှင် placental abruption ဖြစ်စေနိုင်ပါတယ်။

  • ဝမ်းဗိုက်ကို အဓိက ထိခိုက်မိစေတဲ့ အရာများ ( ချော်လဲကျခြင်း၊ ကားမတော်တဆမှုများ၊ အလုပ်လုပ်နေစဉ် လဲကျခြင်း သို့ တိုက်မိခြင်း)
  • နေရာမကျတဲ့ အချင်းကို အပ်နှင့်ထိုးမိတဲ့ ဒဏ်ရာများ၊ သွေးထွက်ခြင်းများ၊ hematoma formed after each other cause flaking

သားဖွားဆရာဝန်တွေရဲ့ အမှားတွေ ကြောင့်လဲ လူနာတွေမှာ အချင်းကွာခြင်းတွေ ဖြစ်နိုင်ပါတယ်။

Risk factors

ငါ့ဆီမှာ Abruptio Placentae (အချိန်မတိုင်မီအချင်းကွာခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အချင်းကွာခြင်း ရာဇဝင်ရှိနေခြင်း။ ။ သင်ဟာ အရင်ကိုယ်ဝန်တွေတုန်းက အချင်းစောကွာခြင်း ဖြစ်ဖူးလျှင် နောက်ကိုယ်ဝန်တွေမှာလဲ ဖြစ်လာနိုင်ချေရှိပါတယ်။
  • သွေးတိုးခြင်း။ ။ သွေးပေါင်ချိန်များခြင်း ကြောင့် အမျိုးသမီးတွေမှာ အချင်းကွာခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
  • ဝမ်းဗိုက်ထိခိုက်ခြင်း။ ။ ဝမ်းဗိုက်ကို မတော်တဆ ထိခိုက်မှုတွေကြောင့်လဲ အချင်းကွာခြင်းဖြစ်နိုင်ချေတိုးပွားစေနိုင်ပါတယ်။
  • မူးယစ်ဆေးသုံးခြင်း။ ။ ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်ခြင်း သို့ ကိုကင်းသုံးခြင်းတို့ကြောင့်လဲ အချင်းကွာခြင်းတွေ ဖြစ်နိုင်ပါတယ်။
  • ရေမွှာအိတ်စောပေါက်ခြင်း။ ။ ကိုယ်ဝန်ဆောင်စဉ်မှာ ရင်သွေးငယ်ကလေးအား ရေမွှာလို့ခေါ်တဲ့ အကာအကွယ်အလွှာလေးတစ်ခုနှင့် ကာကွယ်ပေးထားပါတယ်။ ကလေးမမွေးမီမှာ ၎င်းအလွှာလေးစောပေါက်ခြင်းကြောင့်လဲ အချင်းစောကွာခြင်းကိုဖြစ်စေနိုင်ပါတယ်။
  • သွေးခဲခြင်းရောဂါများ။ ။ သွေးခဲခြင်းကို သက်ရောက်စေနိုင်တဲ့ မည့်သည့် ရောဂါမှဆို အချင်းစောကွာခြင်းကို ဖြစ်စေနိုင်ပါတယ်။
  • Multiple pregnancies။ ။ သင်ဟာ တကယ်လို့ အမွှာ သို့ သုံးမွှာပူးမွေးထားလျှင် ပထမဆုံးမွေးမယ့်ကလေးက သားအိမ်ပြဲခြင်းဖြစ်ပေါ်နိုင်ပြီး ဒုတိယကလေးမမွေးခင်မှာ အချင်းကွာ ခြင်းဖြေပွားနိုင်ပါတယ်။
  • အသက်အရွယ်။ ။ အချင်းစောကွာခြင်းက အသက် ၄၀ နောက်ပိုင်း အမျိုးသမီးတွေမှာ ပိုဖြစ်နိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Abruptio Placentae (အချိန်မတိုင်မီအချင်းကွာခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အချင်းကွာခြင်းကို အောက်ပါနည်းလမ်းတွေနဲ့ အဖြေရှာနိုင်ပါတယ်။

  • ကျန်းမာရေးအခြေအနေများ မေးမြန်းခြင်း
  • လက်တွေ့စမ်းသပ်ခြင်း
  • သွေးစစ်ခြင်းနှင့် တခြားဓါတ်ခွဲ စမ်းသပ်ခြင်းများ

Abruptio Placentae (အချိန်မတိုင်မီအချင်းကွာခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသမှုကတော့ ဆေးရုံမှာပဲလုပ်ပါတယ်။ ဆရာဝန်တွေနဲ့ ဆရာမတွေ ပါဝင်တဲ့ ဆေးဝါးကူသရေးအဖွဲ့တွေက အရင်ဆုံး သင့်ရဲ့ အခြေအနေကို တည်ငြိမ်အောင် လုပ်ပါမယ်။ သင့်ရဲ့ သွေးပေါင်နဲ့ ဆေးပုံမှန်သွားနိုင်ရန် အရည်ဓါတ်တွေ သွင်းပါလိမ့်မယ်။ အရေးပေါ်အခြေအနေတွေမှာ ဆိုလျှင် ဆရာဝန်က သင့်ရဲ့ကလေးကို ခွဲစိပ်မွေးထုတ်ပြီး သွေးသွင်းရပါမယ်။ နေ့စေ့ လစေ့ကလေးတွေကိုတော့ ရိုးရိုးမွေးလို့ရနိုင်သော်လည်း ကလေးဆရာဝန်တော့ ခေါ်ထားရပါမယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက placental abruption ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် placental abruption ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • ကိုယ်ဝန်နုစဉ်ကစပြီး ကိုယ်ဝန်ကို ပုံမှန် ဆရာဝန်နဲ့ ပြခြင်းဖြင့် အချင်းကွာခြင်းကို စောစောစီးစီး သိနိုင်ပြီး ကုသနိုင်ပါလိမ့်မယ်။
  • သွေးတိုးနှင့် ဆီးချိုရောဂါတွေကို ကုသခြင်းဖြင့် အချင်းကွာခြင်းကို ကာကွယ်နိုင်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Dr. Kaung Thar · 20/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။