brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သင်အံ့သြသွားစေမယ့် တက်ကီလာရဲ့ ကျန်းမာရေး ကောင်းကျိုး ၇ ခု

ဒီနေ့ခေတ် ကိုကို၊ မမတွေကို ‘တက်ကီလာ (Tequila) ဆိုတာ ဘာလဲ’ သိလားလို့ မေးဖို့တော့ လိုမယ်မထင်ပါဘူး။ တက်ကီလာဟာ ခုခေတ် လူငယ်တွေအကြားမှာ ရေပန်းစားတဲ့ မက္ကဆီကန် အရက်အမျိုးအစား တစ်မျိုးပါ။ မက္ကဆီကို အနောက်မြောက်ပိုင်းဒေသထွက် Agavin နာနတ်သီး တစ်မျိုးကို အခြေခံပြီး ထုတ်လုပ်တာဖြစ်ပြီးတော့ အယ်လ်ကိုဟော ပါဝင်မှုက ၃၅% ကနေ ၅၅% အထိ အမျိုးမျိုးရှိတတ်ပါတယ်။

သင်အံ့သြသွားစေမယ့် တက်ကီလာရဲ့ ကျန်းမာရေး ကောင်းကျိုး ၇ ခု

တက်ကီလာဟာ မက္ကဆီကိုနဲ့ အမေရိကန် တောင်ပိုင်းက လူတွေအတွက်တော့ နေ့စဉ်ဘဝမှာ အရေးပါတဲ့ အဖျော်ယမကာ တစ်မျိုးပါ။ ကြိုက်နှစ်သက်လို့ သောက်သုံးကြတာမျိုး ရှိသလို တချို့ကလည်း ကျန်းမာရေးအတွက် မှီဝဲကြတာတွေလည်း ရှိပါတယ်။

ကာလီဖိုးနီးယားတောင်ပိုင်းဘက်မှာဆိုရင် သက်ကြီးရွယ်အိုတွေတောင်မှ ကျန်းမာရေးအတွက် တက်ကီလာကို မှီဝဲကြတာမျိုး မြင်တွေ့ခဲ့ဖူးပါတယ်။ ဘာကြောင့် ဒီအရက်ကို ကျန်းမာရေးအတွက် မှီဝဲကြတာလဲ။ ဘယ်လို မှီဝဲရင် ကျန်းမာရေးအတွက် အထောက်အကူပြုမှာလဲ။ တက်ကီလာရဲ့ ကျန်းမာရေး ကောင်းကျိုးတွေက ဘာတွေဖြစ်မလဲ။

တက်ကီလာရဲ့ အစွမ်း အံ့မခန်း

တက်ကီလာဟာ အယ်လ်ကိုဟော ပမာဏများပြားတဲ့ ယမကာတစ်မျိုးဖြစ်ပေမယ့် နာနတ်သီးကို အခြေခံကာထုတ်လုပ်ထားတာဖြစ်တာမို့ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အကျိုးကျေးဇူးတချို့သူ့မှာ ရှိနေပါတယ်။

  • ၁။ ဆီးချိုသမားတွေ သောက်သုံးလို့ရတယ် – တခြားယမကာတွေနဲ့ ယှဉ်ရင် တက်ကီလာက ဆီးချိုသမားတွေအတွက် အန္တရာယ်နည်းနဲ့ သောက်စရာပါ။ တက်ကီလာကို ဖန်တီးတဲ့ Agavin နာနတ်မျိုးစိတ်မှာ ပါဝင်တဲ့ သကြားဓာတ်ဟာ ဆီးချိုဝေဒနာရှင်တွေကို ကြီးမားတဲ့ ထိခိုက်မှုမဖြစ်စေနိုင်ပါဘူး။ သွေးတွင်းသကြားဓာတ်အလွန်အမင်းတက်တာကို ဖြစ်စေမှာ မဟုတ်ပါဘူး။ သင့်တင့်တဲ့ ပမာဏ၊ ရံဖန်ရံခါ ဖြစ်ဖို့တော့ လိုပါတယ်။
  • ၂။ အူမကြီးကို သန့်စင်စေတယ် – တက်ကီလာကို အပြာရောင် Agavin နာနတ်ပင်ကနေ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ သူ့မှာပါဝင်တဲ့ Fructan ဟာ အူမကြီးနဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာခံစားနေရသူတွေအတွက် အကျိုးကျေးဇူးကောင်းတွေပေးနိုင်ပါတယ်။ ဒါ့အပြင် အူပြည်တည်နာ၊ ဖက်ခွက်နာ၊ ဝမ်းသွားရအဆင်မပြေတဲ့ ဝေဒနာရှင်တွေနဲ့ Crohn’s ရောဂါ ခံစားနေရသူတွေအနေနဲ့လည်း မှီဝဲနေရတဲ့ ဆေးဝါးတွေ အူအတွင်းမှာ ပိုမိုအစွမ်းထက်အောင် ကူညီနိုင်ပါတယ်တဲ့။
  • ၃။ ကိုယ်အလေးချိန်ကျဖို့ အထောက်အကူပြုတယ် – ကဲ ဝိတ်ချနေသူတွေအတွက်တော့ သတင်းကောင်းပါပဲ။ တက်ကီလာဟာ ကိုယ်အလေးချိန်ကျဖို့ အထောက်အကူပြုပါတယ်တဲ့။ မန်ဒီတာရေနီးယန်းဒေသခံတွေဟာ ကိုယ်အလေးချိန်လျှော့ချဖို့ တက်ကီလာမှီဝဲကြပါတယ်။ အထူးသဖြင့် ခါးက အဆီပိုတွေကို ဖယ်ရှားဖို့အတွက်ဖြစ်ပါတယ်။
  • ၄။ စိတ်ဖောက်ပြန်မှုရောဂါ (Dementia) မဖြစ်အောင် ကာကွယ်ပေးနိုင်တယ် – ဒီနေရာမှာ ကြိုတင်သတိပေးချင်တာက တစ်နေ့ကို တက်ကီလာ တစ်လုံးလောက် သောက်သုံးနေမယ်ဆိုရင်တော့ စိတ်ဖိစီးမှုနဲ့ စိတ်သောကဖြစ်မှုတွေ တိုးပွားပြီး အရက်စွဲဝေဒနာ ဖြစ်နိုင်တယ်ဆိုတာပါပဲ။ တက်ကီလာဟာ Dementia ဖြစ်နိုင်ချေကို လျှော့ချနိုင်တဲ့ အဖျော်ယမကာတစ်မျိုးပါ။ ဝေဒနာသည်တွေကိုလည်း တိုက်ကျွေးလို့ရတယ်လို့ သုတေသန ရလဒ်တွေကဆိုပါတယ်။ ဒါပေမယ့် တစ်နေ့ကို တစ်ခွက်ဝန်းကျင်လောက်ပမာဏကိုပဲ ဆိုလိုတာဖြစ်ပါတယ်။
  • ၅။ အစာချေဖျက်မှုစနစ်ကို အထောက်အကူပြုတယ် – ဟုတ်ပါတယ်။ တက်ကီလာက အစာကြေအောင် ကူညီနိုင်ပါတယ်။ အစာမစားခင်မှာ သောက်သုံးမယ်ဆိုရင် အစာချေစနစ်ကို အထောက်အကူပြုပါတယ်။ ဗိုက်ဆာနေချိန်မျိုးတွေမှာ Salsa Chips လေးနဲ့ တက်ကီလာနဲ့ စပ်ထားတဲ့ Margarita လေး တခွက်တလေသောက်ပြီး ဆာလောင်မှုကို ဖြေဖျောက်နိုင်ပါတယ်။ Salsa က ရင်ပြည့်တတ်ပေမယ့် Margarita နဲ့ တွဲဖက်သောက်သုံးတာကြောင့် အစာကြေလွယ်သွားမှာဖြစ်သလို ဒီလိုတွဲဖက်သောက်သုံးတာဟာ ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။
  • ၆။ Probiotics (အကျိုးပြုဘက်တီးရီးယား) တွေပါဝင်ပါတယ် – တက်ကီလာဟာ ဒိန်ချဉ်တို့ ကင်မချီတို့လိုပါပဲ Probiotics (အကျိုးပြုဘက်တီးရီးယား) တွေပါဝင်ပါတယ်။ ဒါကြောင့်လည်း အစာချေစနစ်ကို အထောက်အကူပြုနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် အလွန်အကျွံမသောက်ဖို့တော့ သတိပေးပါရစေ။ Kefir ဒါမှမဟုတ် Kombucha ကို အလွန်အကျွံသောက်သုံးမိရင် နောက်နေ့မှာ အစာအိမ်နာတာမျိုးဖြစ်နိုင်ပါတယ်။
  • ၇။ နွေးထွေးစေတယ် – တက်ကီလာဟာ ပူတဲ့အရက်တစ်မျိုးပါ။ အေးတဲ့ ဒေသတွေမှာ ရာသီဥတုဒဏ်ကို ခံနိုင်စေဖို့ တက်ကီလာ သောက်ကြပါတယ်။ မက္ကဆီကိုမှာဆိုရင် အအေးမိဝေဒနာရှင်တွေကို ဆရာဝန်တွေကိုယ်တိုင်က တက်ကီလာ နဲ့ ဗိုက်တာမင်- စီပါဝင်တဲ့ ဖျော်ရည်တွေကို အချိုးကျ ရောစပ်သောက်သုံးဖို့ လမ်းညွှန်လေ့ရှိပါတယ်။

အထက်မှာ ဖော်ပြခဲ့တာတွေကတော့ တက်ကီလာဟာ ကျန်းမာရေးကို အထောက်အကူ ဘယ်လိုပြုတယ်ဆိုတာတွေပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် တက်ကီလာဟာ အရက်အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ အရက်ဆိုတာ လူအများစု နှစ်သက်ကြလေ့ရှိတဲ့ အဖျော်ယမကာတစ်မျိုးဆိုတာ မှန်ပေမယ့် အလွန်အကျွံ မဆင်မခြင် သုံးစွဲရင် ကျန်းမာရေးကို ထိခိုက်စေနိုင်တာကို သတိပြုဖို့ လိုအပ်ပါတယ်။ တန်ဆေး၊ လွန်ဘေးဆိုသလိုပေါ့။ တော်ရုံသင့်ရုံ ချင့်ချိန် မှီဝဲကြဖို့တော့ တိုက်တွန်းပါရစေနော်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Zon Aung မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/07/2022 ဖြစ်ပါသည်။