ကျွန်ုပ်တို့အားလုံးအတွက်တူညီသည့်အချက်မှာ မနက်ခင်းတွင် ရွှင်လန်းတက်ကြွ၍ အင်တာနက်မှ ပေးစာများစစ်ခြင်း၊ လုပ်ကိုင်ရမည့်အလုပ်များကိုစစ်ခြင်းဖြင့် ကုန်ဆုံးတတ်သော်လည်းေ န့လည်ခင်း ၂ နာရီခန့်လောက်တွင်တော့ ထိုတက်ကြွမှုများကုန်ခန်းပြီဖြစ်ပါသည်။ နေ့လည်နေ့ခင်းဘက် ငိုက်မျဉ်းမှုသည် ရုံးဝန်ထမ်းများဖြစ်လေ့ရှိသော ဆိုးရွားသည့်ဖြစ်စဉ်တစ်ခုဖြစ်ပါသည်။
သင်ထိုင်နေသောခုံမှထ၍ ၁၅ မိနစ်ခန့် လမ်းလျှောက်ရင်းစကားစမြည်ပြောပါ။ ၁ နာရီ၏ ကျန်ရှိသော ၄၅ မိနစ်တွင် သင်ကောင်းစွာအလုပ်လုပ်နိုင်ရန် ထို ၁၅ မိနစ်ကို မနှမြောသင့်ပါ။ သင့်ကိုယ်သင်ရွှင်လန်းတက်ကြွအောင်နေခြင်းဖြင့် ပျင်းရိနုံးခွေခြင်းကိုအနိုင်ယူပါ။ ငုတ်တုတ်ထိုင်၍ မလုပ်ချင်လုပ်ချင် နဲ့ အတင်းအားစိုက်မနေဘဲ လမ်းလျှောက်လိုက်ပါ။
(၂) သင့်ဦးနှောက်ကိုအလုပ်ပေးပါ
သင့်ဦးနှောက်က လက်ရှိအလုပ်လုပ်ကိုင်လျက်က စွမ်းရည်ကျလာပြီဆိုလျှင် သင့်ဦးနှောက်ကို အခြားအလုပ်ပြောင်းခိုင်းပါ။ နောက်တစ်ပတ်ရုံးတက်လျှင် သင်လုပ်ရမည့်အလုပ်များကို ကြိုတင်စဉ်းစားပါ။ အချို့ကိုဖြည့်စွက်ပါ။ အင်တာနက်၊ စမတ်ဖုန်းတို့၏အကူအညီဖြင့် လုပ်ကိုင်ဖွယ်ရာများကို ရေးချမှတ်သားလိုက်ပါ။
(၃) အချဉ်စားလိုက်ပါ
ချဉ်သောအရသာကို ခန္ဓါကိုယ်ကသိလိုက်လျှင် သင့်ကိုအိပ်ငိုက်မှုမှ နိုးထစေလိမ့်မည်။ သံပရာ၊ လိမ္မော်တို့မှရသော ချဉ်ဖြုံးသည့်ရနံ့သည်ပင်လျှင် သင့်ကိုလန်းဆန်းအားပြည့်စေလိမ့်မည်။ ရနံ့ကုထုံးများနှင့် ပတ်သက်သောသုတေသနများတွင် စူးရှသောရနံ့သည် စိတ်အာရုံကို နှိုးဆွပေးပြီး စိတ်ကိုလည်းမြှင့်တင်ပေးနိုင်သည့်အတွက် နေ့လည်နေ့ခင်းဘက်တွင် အသုံးပြုရန်လိုအပ်ပေသည်။
(၄)ကိုယ်နေဟန်ထားကိုပြင်ဆင်ပါ
လျော့တိလျော့ရဲထိုင်နေလျှင် အလိုလိုအိပ်ငိုက်လာနိုင်သည်။ ထို့ပြင် တစ်နေ့တာလုံး ၈ နာရီကျော်ကြာထိုင်၍ အလုပ်လုပ်ရသည့်အတွက် မျက်လုံးညောင်းခြင်း၊ လက်ချောင်းနှင့် ကျောကုန်းတို့ညောင်းညာခြင်း ဖြစ်နိုင်သည့်အပြင် စနစ်တကျမထိုင်ပါက ကျောရိုးဆစ်များလွဲခြင်းလည်း ဖြစ်စေနိုင်သည်။ ခန္ဓါကိုယ်ကို သင့်တင့်သောကိုယ်နေဟန်ထားရှိစေပြီး ကြွက်သားများပြေလျော့စေရန် သင်ထိုင်နေသောခုံတွင်ပင် ယောဂကျင့်စဉ် အချို့ကိုကျင့်သုံးပါ။ တည့်မတ်သောကိုယ်နေဟန်ထားသည် စွမ်းအင်ကိုတိုးမြင့်စေပြီး မိမိကိုယ်ကို ယုံကြည်မှုပိုမိုတိုးစေနိုင်သည်ဟု သုတေသနတစ်ခုကဆိုပါသည်။
(၅) အစာစားပေးပါ
စွမ်းအင်ကိုအကောင်းဆုံးနှင့် အမြန်ဆုံးပြည့်စေနိုင်သောနည်းသည် အစာစားခြင်းဖြစ်သည်။ သင့်စွမ်းဆောင်ရည်ကိုမြှင့်တင်ရန် အစေ့အဆန် လက်တစ်ဆုပ် (သို့မဟုတ်) သကြားလုံးတစ်လုံးစားပေးပါ။ ချောကလက်ကို လူတိုင်းမနှစ်သက်သော်လည်း စားပေးသင့်သည့်အကြောင်းအရင်း ရှိပါသည်။ အညိုရောင်ချောကလက်တွင် ကျန်းမာရေးအတွက် သင့်တော်သောအဆီ၊ ဓါတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် အမျှင်ဓါတ်၊ မဂ္ဂနီဆီယမ်ဓါတ် တို့ပါဝင်သည်။ ထို့ပြင် အနည်းငယ်သော ကဖင်းဓါတ်လည်း ပါဝင်သည်။
(၆) အလုပ်စားပွဲကိုရှင်းလင်းသပ်ရပ်စွာထားပါ။
ရှုပ်ပွနေသောစားပွဲသည် သင်အလုပ်များကြောင်း၊ ကြိုးစားကြောင်း၏သက်သေဖြစ်သော်လည်း ထိုအရှုပ်အထွေးသည် သင်၏ဖန်တီးနိုင်စွမ်းကိုကျစေသည်။ နာမည်ကျော် သိပ္ပံပညာရှင် Albert Einstein က “ ရှုပ်ပွနေတဲ့စားပွဲဟာ ရှုပ်ထွေးနေတဲ့စိတ်ရဲ့ အမှတ်လက္ခဏာဖြစ်တယ်။ ဒါဆိုပြောင်ရှင်းနေတဲ့စားပွဲကမည်သည့်လက္ခဏာလဲ” ။(စိတ်တွင်ရှင်းလင်းနေသည့်အတွက် ဖန်တီးမှုပြုလုပ်ရန်လွယ်ကူသည်ဟုဆိုလိုပါသည်။) မလိုအပ်သောအရာများကိုဖယ်ရှားလိုက်ပါ။ အစီအစဉ်တကျသပ်ရပ်သော သင်၏စားပွဲသည် သင့်အလုပ်အကိုင်နှင့် ရည်မှန်းချက်များကို ပြည့်မီအောင် အားထုတ်ရန် ပတ်ဝန်းကျင်တစ်ခု အသွင်ဆောင်နေပေလိမ့်မည်။