
ဒါပေမယ့် အိုင်းလိုင်နာကို မျက်လုံးနဲ့တအားကပ်ပြီးဆွဲမယ်ဆိုရင်တော့ရေရှည်မှာ မျက်စိကိုထိခိုက်မှုတွေဖြစ်လာစေနိုင်တာကို သိပ္ပံပညာရှင်တွေကတွေ့ရှိခဲ့ပါတယ်။ အိုင်းလိုင်နာခဲတံကို မျက်ခမ်းအတွင်းသားမျာ ဆိုးတာက အိုင်းလိုင်နာအမှုန်တွေကို မျက်စိထဲဝင်စေပြီးမြင်အာရုံဆိုင်ရာပြဿနာတွေကိုဖြစ်စေနိုင်တယ်၊လို့လေ့လာမှုတစ်ရပ်မှာဖော်ပြထားပါတယ်။
အိုင်းလိုင်နာတွေမှာ များသောအားဖြင့် ဖယောင်း။ အဆီ၊ဆီလီကွန်ဒြပ်ပေါင်းတွေနဲ့ သဘာဝသစ်စေးလိုအရာတွေပါဝင်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အဆိုပါ ပစ္စည်းတွေကို မျက်ခမ်းမှာ အိုင်းလိုင်နာကိုကြာရှည်ခံစေဖို့အသုံးပြုထားတာဖြစ်ပါတယ်။
မျက်ခမ်း အတွင်းပိုင်းကိုရော အပြင်ဘက်ကိုပါ အိုင်းလိုင်နာဆိုးစေပြီး ၁၅ မိနစ်ကြာထားပြီးတဲ့နောက်မှာတော့ အိုင်းလိုင်နာမှာပါတဲ့ အမှုန်တွေရဲ့ ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းလောက်မျက်စိထဲဝင်သွားတာကိုတွေ့ရှိခဲ့ရပါတယ်။ အိုင်းလိုင်နာကို မျက်ခမ်းအတွင်းပိုင်းမှာ အသုံးပြုတာက မျက်ခမ်းအပြင်ဘက်မှာဆိုးတာထက် မျက်လုံးထဲမှာ အလွှာပါးလေးတစ်ခုကွယ်နေသလိုဖြစ်ပေါ်စေတယ်ဆိုပါတယ်။
အိုင်းလိုင်နာမှာပါတဲ့ အမှုန်တွေက မျက်စိခြောက်သွေ့တတ်တဲ့သူတွေနဲ့ မျက်လုံးက အချို့ဓါတုပစ္စည်းတွေနဲ့ ဓါတ်မတည့်တာနဲ့ မျက်ကပ်မှန်တပ်သူတွေအနေနဲ့ မျက်ခမ်းအတွင်းပိုင်းမှာ အိုင်းလိုင်နာဆိုးတာက မျက်လုံးအတွင်းမှာခိုးလိုးခုလုဖြစ်စေနိုင်ပါတယ်။ မျက်လုံးတွေကျိန်းစပ်တာနီရဲတာတွေကိုလည်းဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ မျက်ခမ်းအတွင်းပိုင်းမှာ အိုင်းလိုင်နာဆိုးတာက မျက်စိရောဂါတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။
သက်တမ်းကြာနေတဲ့ အိုင်းလိုင်နာတွေမှာ ဘက်တီးရီးယားတွေပေါက်ဖွားနေနိုင်ပါတယ်။ အိုင်းလိုင်နာ ခဲတံကို ဆိုးခါနီးတိုင်း ချွန်ပြီးထိပ်ပိုင်းလေးကိုအနည်းငယ်ချိုးပေးတာက မျက်လုံးထဲကို ပိုးကူးစက်ဝင်ရောက်ခြင်းမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။
မျက်လုံးထဲကို ပိုးတွေမဝင်ရောက်စေဖို့ အိပ်ခါနီးတိုင်းအိုင်းလိုင်းနာတွေနဲ့ မျက်လုံးနားတဝိုက်မှာလိမ်းထားတဲ့ မိတ်ကပ်တွေကိုဖျက်ပစ်ပါ။
အိုင်းလိုင်နာ ဆိုးနည်းမမှန်တာကလည်း မျက်လုံးကိုထိခိုက်စေနိုင်ပါတယ်။
အိုင်းလိုင်နာနဲ့ မျက်လုံးအနီးတဝိုက်မှာ အသုံးပြုတဲ့ အလှကုန်တွေက ဝယ်ဝယ်ချင်းမှာဘေးကင်းပေမယ့်သေသေချာချာမထိန်းသိမ်းရင် အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေနဲ့မှိုပိုးတွေပေါက်ဖွားလာနိုင်ပါတယ်။ ထိုအလှကုန်တွေကို မျက်စိအနားတဝိုက်မှာအသုံးပြုမိမယ်ဆိုရင် မျက်စိထဲကို ပိုးဝင်ကူးစက်တာတွေဖြစ်ပေါ်နိုင်ပါတယ်။ အိုင်းလိုင်နာကနေ ပိုးကူးစက်တာေကြောင့် အမျိုးသမီးတွေမှာ အမြင်အာရုံခေတ္တ ဆုံးရှုံးသွားတာမျိုးဖြစ်ပေါ်ခံစားရနိုင်ပါတယ်။
မျက်ခွံတွေက နုနယ်တဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေဖြစ်သလို ဓါတ်မတည့်တာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာနဲ့မျက်လုံးအနီးတဝိုက်မှာ အခြားထိခိုက်မှုဗတွဖြစ်စေနိုင်တာကြောင့် အိုင်းလိုင်နာအပါအဝင် မျက်လုံးခြယ်သဖို့အတွက်အသုံးပြုတဲ့ အလှကုန်တွေရဲ့ ပါဝင်ပစ္စည်းတွေကို အရင်ဆုံးသေချာကြည့်ရှု့သင့်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။