brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သွားဆရာဝန်ကို မကြောက်ပါနဲ့

ပုံမှန်အားဖြင့် မည်သူမှသွားဆရာဝန်ဆီမသွားချင်ပါ။ အကြောင်းမှာ သွားဆေးခန်းအနံ့၊သွားလွန်ဖောက်စက်များနဲ့နာကျင်ခြင်းစသည့်အကြောင်းများကြောင့် သွာဆရာဝန်ဆီသွားရန် အမြဲငြင်းဆန်နေခြင်းဖြစ်သည်။ သို့သော် သွားကျန်းမာရေးကိုကာကွယ်ခြင်းသည် အားလုံးအတွက်အရေးပါပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့မသွားချင်ပါသော်လည်း သွားဆရာဝန်ဆီဘာကြောင့်သွားသင့်သည်ဆိုတာကို aအာက်တွင် ဖော်ပြထားပါသည်။

သွားဆရာဝန်ကို မကြောက်ပါနဲ့

သွားဆရာဝန်သည် ဘာကြောင့်ကြောက်စရာကောင်းနေရသလဲ။

• အနံ့နှင့်အသံကြောင့်ဖြစ်သည်။ ရိုးသားစွာပြောရလျှင် သွားဆေးခန်း၏အနံ့သည် ဆေးရုံအနံ့နှင့်တူနေသောကြောင့် မည်သူမှမကြိုက်ခြင်းဖြစ်သည်။

• နာကျင်ခြင်းသည်လည်း သွားဆရာဝန်ကိုကြောက်ရသည့် အချက်တစ်ချက်ဖြစ်သည်။ ကျွန်ုပ်တို့သွားဆရာဝန်ကို မေးလေ့ရှိသည်မှာ “နာမှာလား” ဟူ၍ဖြစ်သည်။ သွားဆရာဝန်မှ “မနာပါဘူး” ဟု ပြန်ဖြေလေ့ရှိသော်လည်းတကယ့်အဖြေမှာ “နာတယ်” ဖြစ်သည်။

• သွားလွန်ဖောက်စက်သည်လည်း ကျွန်ုပ်တု့ိအတွက် ကြောက်စရာအကောင်းဆုံးဖြစ်သည်။ ၎င်း၏အသံသည် ကျွန်ုပ်တု့ိသွားများဖျက်ဆီးခံရတော့မည်ဟူသောခံစားချက်ကိုပေးသည်။

သို့သော်လည်း သွားဆရာဝန်ဆီသွားရန် တွန်းအားပေးသောအကြောင်းရင်းကောင်းများစွာရှိပါသည်။

• မိမိကိုယ်ကိုတန်ဖိုးခြင်း၊ ယုံကြည်မှုရှိခြင်းတု့ိကိုမြင့်တင်ပေးသည်။ တောက်ပသောအပြုံးနှင့် လှပသောသွားကကျွန်ုပ်တို့ကိုယုံကြည်မှုရှိစေသည်။

• သင် ကျန်းမာပျော်ရွှင်ဖို့အတွက် သွားကျန်းမာရေးသည်လည်းများစွာ သက်ရောက်မှုရှိသည်။ ထို့ကြောင့်သွားကျန်းမာရေးကို ဂရုစိုက်ခြင်းသည် လူတိုင်းအတွက်အရေးကြီးသည်။

• နဲ့နေသောသွားများနဲ့သွားပိုးပေါက်များကိုဂရုတစိုက် ကာကွယ်ပါ။ အကယ်၍ ဤသွားပြဿနာအသေးလေးများကို စိတ်ထဲမထားပါက ဆိုးဝါးသောသွားနှင့်သွားဖုံးဆိုင်ရာရောဂါများဖြစ်လာနိုင်ပါသည်။

သွားဆရာဝန်ကို ကြောက်ခြင်းကိုဘယ်လိုကျော်လွှားရမလဲ။

အောက်တွင်အကြံပြုချက် အချို့ရေးထားပါသည်။

• သွားဆရာဝန်ဆီ ပထမဆုံးသွားချိန်တွင် သင်ယုံကြည်ရသော သင့်မိသားစုဝင်(သို့) မိတ်ဆွေကို အကူအညီတောင်းပါ။ ဤလူများသည် သင်သွားဆေးခန်းကုလားထိုင်ပေါ်ထိုင်နေစဉ် စိတ်ငြိမ်အောင် ကူညီပေးနိုင်ပါသည်။

• စိတ်အပြောင်းအလဲဖြစ်စေမည့် အရာကိုရှာပါ။ သွားဆရာဝန်ဘာလုပ်နေတယ်ဆိုတာကို သင်အတိအကျသိရန်မလိုအပ်ပါ။ ထိုအပေါ် များများအာရုံစိုက်လေလေသင်ပိုကြောက်လေလေဖြစ်လာလိမ့်မည်။ ထို့ကြောင့်သွားဆရာဝန်မှ သူ့အလုပ်သူလုပ်နေစဉ် သီချင်း(သို့)ရေဒီယိုနားထောင်နေလိုက်ခြင်းက သင့်အတွက်ပိုကောင်းစေပါတယ်။

• အနာသက်သာဆေးကိုတောင်းပါ။ အံဆုံးနှုတ်ခြင်း၊ ကြွေသွားစိုက်ခြင်းတို့တွင် သွားဆရာဝန်သည် အိပ်ဆေးအမြဲတမ်းသုံးပါသည်။ လူနာမှသွားဆရာဝန်ကို သူတု့ိခံစားမှုနှင့် ကြောက်တတ်သည့်အကြောင်းကိုပြောသင့်သည်။ သို့မှသာသွားဆရာဝန်က သင်၏အခြေအနေကိုနားလည်ပေးနိုင်မည်ဖြစ်သည်။

သင်၏ကြောက်လန့်မှုကိုပုံဖော်ကြည့်ပါ။

သင်ဘာကြောင့် သွားဆရာဝန်ကိုကြောက်ရသည်ဆိုသည်ကို နားလည်ပေးနိုင်ပါသည်။ သင့်ကလေးဘဝကတွေ့အကြုံဆိုးများ(သို့) သွားလွန်ဖောက်စက်များကြောင့် မဟုတ်လား။ အကြောင်းရင်းသိသည်နှင့် ထို ပြဿနာကိုသင် ဖြေရှင်းနိုင်လိမ့်မည်(သို့) သွားဆရာဝန်ကိုအကူအညီပေးရန် ပြောပြပါ။

ဤအကြံပြုချက်များသုံးပြီးသွားဆရာဝန်အပေါ်ကြောက်စိတ်များဖယ်ရှားကာသွားဆရာဝန်ဆီသွားရန်အဆင်သင့်ဖြစ်နေပါပြီလား။ သင့်စိတ်ကိုဖြေလျော့ပြီးစိတ်ငြိမ်အောင်ထားပါ။ သွားဆရာဝန်အား သူအလုပ်ကိုသူပေးလုပ်ပါ။ သို့မှသာ ပုံမှန်သွားစစ်ဆေးမှုပြုလုပ်ရမည်သင် မကြောက်တော့မှာပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Kaung Thar မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/06/2022 ဖြစ်ပါသည်။