brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သင့်ရဲ့ဇနီးဟာ ခွဲစိတ်ကုသမှုမပါဝင်သော မျက်နှာအသားအရေ တင်းရင်းအောင် ပင့်တင်ခြင်းကို ပြည့်စုံစွာ ကုသမှု ခံယူပြီးတဲ့အခါ ပြန်ကောင်းလာအောင် ဘယ်လိုကူညီရမလဲ။

သင့်ရဲ့ဇနီးဟာ ခွဲစိတ်ကုသမှုမပါသော မျက်နှာအသားအရေ တင်းရင်းအောင် ပင့်တင်ခြင်းကို ပြည့်စုံစွာ ကုသမှု ခံယူပြီးတဲ့အခါ ပြန်ကောင်းလာအောင် ဘယ်လိုကူညီရမလဲ။

သင့်ရဲ့ဇနီးဟာ ခွဲစိတ်ကုသမှုမပါဝင်သော မျက်နှာအသားအရေ တင်းရင်းအောင် ပင့်တင်ခြင်းကို ပြည့်စုံစွာ ကုသမှု ခံယူပြီးတဲ့အခါ ပြန်ကောင်းလာအောင် ဘယ်လိုကူညီရမလဲ။

သင့်ဇနီးရဲ့ အိမ်အလုပ်တွေကို ကူညီပြီး လုပ်ပေးပါ

ခွဲစိတ်ကုသမှု မပါသော မျက်နှာအသားအရေ တင်းရင်းအောင်ပင့်တင်ခြင်း ၏ ဘေးထွက်ဆိုးကျိုးအချို့မှာ အောက်ပါတို့ပါဝင်နိုင်ပါတယ်။

သွေးခြည်ဥခြင်း၊ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ အဖုဖြစ်ခြင်းနှင့် မျက်နှာပြင်နှစ်ဖက် မညီခြင်း စတာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူမရဲ့ နေ့စဉ်အိမ်အလုပ်တွေကို သင်ဟာ ကူလုပ်ပေးသင့်ပြီး ကုသမှု ခံယူပြီးတဲ့နောက် ကောင်းကောင်းအနားယူဖို့ရာ အကြံပေးသင့်ပါတယ်။

သွေးခြည်ဥနေတဲ့ နေရာတွေကို အေးမြအောင် ပြုလုပ်ပေးပါ။

ရောင်ရမ်းခြင်း ၊နီရဲခြင်း နှင့် ယားယံခြင်းတို့ဟာ အဆီများအရည်ပျော်ခြင်းကြောင့် ဖြစ်လာပြီး အချိန်တိုတွင်း ပျောက်သွားနိုင်ပါတယ်။ သို့သော် သွေးခြည်ဥခြင်းကို လျော့ကျစေရန် ရေခဲဝတ်ကပ်ပေးခြင်း အားဖြင့် သူမကို ကူညီပေးနိုင်ပါတယ်။

ဒါ့အပြင် Andol ၊ Acetasol ၊ ဂျင်ဂိုဘယ်လိုဘာ အရွက်မှလုပ်သောဆေးများ နဲ့ ဗီတာမင်အီး စတဲ့သွေးကျဲစေတဲ့ ဆေးတွေကို မသုံးမိအောင်လည်း ရှောင်ကြဉ်ရပါမယ်။

သင့်ဇနီးရဲ့ အသားအရေကို ဂရုစိုက်ပေးပါ။

ကုသမှု ခံယူပြီးတဲ့ နောက်မှာ သင့်ဇနီးရဲ့ အသားအရေဟာ ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် အသားအရေနှင့် ဓါတ်မတည့်မှုတွေ ဖြစ်စေတဲ့အရာမျိုးတွေကို ရှောင်ကြဉ်သင့်ပါတယ်။

ဒီလိုအချိန်တွေမှာ သင့်ရဲ့ ဇနီးကို အလှပြင်ဆိုင်ခေါ်သွားခြင်း၊ နှိပ်နှယ်ပေးခြင်း၊ ချွေးထုတ်ခန်း ခေါ်သွားခြင်း နှင့်ရေနွေးချိုးခန်းသို့ ခေါ်သွားခြင်း စတာတွေကို မပြုလုပ်သင့်ပါဘူး။

သင့်ဇနီးကို နေရောင်နှင့်တိုက်ရိုက်ထိတွေ့သောနေရာနဲ့ ဝေးဝေးမှာနေပါစေ။

နေ့အချိန်အပြင်ထွက်တဲ့အခါ SPF ၃၅ဆ ပါတဲ့နေရောင်ခံလိမ်းဆေးကို လိမ်းပေးဖို့ရာ သတိရပါ။

သူမကိုရေများများသောက်ဖို့ရာ သတိပေးပါ။

ဆရာဝန်ရဲ့ ညွှန်ကြားချက်အရ တစ်နေ့ကို အရည်များများ သောက်ပေးခြင်း အထူးသဖြင့် ကာဗွန်မပါသောအရည် ၁ လီတာခွဲမှ ၂လီတာကြား သောက်ပေးခြင်းဟာ အကောင်းဆုံး ဖြစ်ပါတယ်။ သင့်ဇနီးကို ရေဓါတ်ဖြည့်ပေးရန်အမြဲ သတိပေးပြီး ဘယ်လိုအရက်အမျိုးအစားကိုမှ မသောက်သုံးမိအောင် ရှောင်ကြဉ်စေပါစေ။

ခွဲစိတ်ကုသနည်းမပါသော မျက်နှာအသားအရေ တင်းရင်းအောင် ပင့်တင်ခြင်းဟာ ကောင်းသော်လည်း မလုပ်ခင်မှာ သင့်ရဲ့ဇနီးကိုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရန် အမြဲ သတိပေးပါ။

ဇနီးသည် အန္တရာယ်ကင်းပြီး ကျန်းမာလှပစေရန် ဆရာဝန်ပေးသော အကြံဉာဏ်များကို တိကျစွာ လိုက်နာရန် ကူညီပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Khin Yin Kyay မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။