မျက်နှာက လူတိုင်းအတွက်အရေးပါတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေထဲက တစ်ခုပါ။ မျက်နှာသွင်ပြင်ကလည်း လူတစ်ယောက်စီတိုင်းအတွက်တော်တော်လေးအရေးပါလှပါတယ်။ မျက်နှာက လူမှုဆက်ဆံရေးနယ်ပယ်မှာ အရေးပါရုံသာမက လူတစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေကိုလေ့လာရာမှာလည်း အရေးပါလှပါတယ်။ မျက်နှာပေါ်ကပြောင်းလဲလာတဲ့အနေအထားတွေက ခန္ဓါကိုယ်မှာဘာတွေချို့ယွင်းနေလဲဆိုတာကို တစေ့တစောင်းဖော်ပြပေးပါတယ်။
မျက်နှာအသားအရေအနေအထားကိုကြည့်ပြီး ခန္ဓါကိုယ်မှာဘာတွေချို့ယွင်းနေလဲဆိုတာကို သိရှိနိုင်စေဖို့ လက်လှမ်းမီသလောက်ဖော်ပြပေးလိုက်ပါတယ်။
ဝက်ခြံ
လူပျိုဖော်ဝင်တဲ့အချိန်၊အပျိုဖော်ယင်တဲ့အချိန်မှာ ဝက်ခြံထွက်တာကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် မကြာခဏဆိုသလို ဝက်ခြံထွက်နေတာဆိုရင်တော့ သတိထားဖို့လိုလာပါပြီ။ အထူးသဖြင့်မေးစေ့၊မေးရိုးတစ်လျှောက်၊ဆံစပ်တစ်ကြောမှာ ဝက်ခြံဗတွဖြစ်ပေါ်ရင်တော့ ဟော်မုန်း မညီမမျှတာမျိုးခံစားနေရတာဖြစ်နိုင်သလို အစာချေစနစ်မှာ ပြဿနာရှိတာ အချို့အစားအသောက်တွေနဲ့ ဓါတ်မတည့်တာ နဲ့ အသည်းရောဂါတစ်မျိုးမျိုးခံစားနေရတာဖြစ်နိုင်ပါတယ်။
နှုတ်ခမ်းထောင့်တွေကွဲတာ (ကျီးကန်းပါးစပ်ဖြစ်တာ)
ဒါကတော့ ဗီတာမင် ဘီ ချို့တဲ့နေတဲ့လက္ခဏာတစ်ရပ်ပါ။ ဒါကအစားအသောက်သင့်တင့်မျှတအောင်စားသုံးပေးခြင်းဖြင့် သက်သာအောင်လုပ်လို့ရပါတယ်။နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ဆန်၊ဂျုံတို့ကိုထည့်သွင်းစားသုံးတာ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို စားသုံးတာ၊ အသားတွေကို ထည့်သွင်းစားသုံးတာမျိုးလုပ်ဆောင်လို့ရသလို အဆိုပါအစားအစာတွေနဲ့အတူ ဗီတာမင် B12ဖြည့်စွက်စာတွေကိုပါ ထည့်သွင်းစားသုံးပေးဖို့လိုပါလိမ့်မယ်။
အသားအရေခြောက်သွေ့ခြင်း
လည်ပင်းကြီးဝေဒနာ နဲ့ ဆီးချိုဝေဒနာတွေကြောင့် အသားအရေခြောက်သွေ့တာကို ခံစားရနိုင်ပါတယ်။ အဆိုပါရောဂါတွေက အရေပြားပေါ်က အစိုဓါတ်ကို ကုန်မခမ်းသွားစေပါတယ်။ခြောက်သွေ့ကြမ်းတမ်းနေတဲ့အရေပြားက ခန္ဓါကိုယ်မျာရေဓါတ်ဆုံးရှုံးနေတာကြောင့်ရေများများသောက်ဖို့လိုအပ်နေတယ်ဆိုတာကိုဖော်ပြနေတာဖြစ်ပါတယ်။ အာဟာရဓါတ်အချို့ ချို့တဲ့တာကြောင့်လည်း အရေပြားကခြောက်သွေ့ပြီး အရေပြားအပေါ်ယံလွှာကွာတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။
အသားအရေအရောင် ပုံမှန်မဟုတ်ခြင်း
အသားအရေအရောင်ကဖျော့တော့ပြီး မျက်နှာအရေပြားပေါ်မှာ အမဲရောင်အကွက်တွေဖြစ်ပေါ်လာမယ်ဆိုရင်တော့ သ့ဓါတ်ချို့တဲ့မှုကြောင့် ခန္ဓါကိုယ်ထဲမှာတော်တော်လေးအားအင်ကုန်ခမ်းနေပြီဆိုတာကိုပြသနေတာပြဲဖစ်ပါတယ်။ မှန်ကန်တဲ့ အစားအသောက်အုပ်စုတွေကိုရွေးချယ်စားသုံးပြီး ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကိုပြည့်ဝအောင်စားသုံးပေးလိုက်ပါ။ အသားအရောင်ဝါနေတာကတော့ အသည်းမှာ တစ်ခုခုဖြစ်နေတယ်လို့ ဖော်ပြနေတာဖြစ်ပါတယ်။
မျက်နှာမှာအမွှေးအမျှင်တွေအရမ်းထူတာ
Polycystic Ovary Syndrome (PCOD) မျိုးဥအိမ်အကျိတ်များရောဂါက တစ်ခါတလေမှာမျက်နှာပေးမှာ၊မေးရီုးတစ်လျှောက်၊မေးစေ့နဲ့ အပေါ်နှုတ်ခမ်းတို့မှာ အမွှေးအမျှင်တွေထွက်လာတတ်ပါတယ်။ မျက်နှာမှာပုံမှန်မဟုတ်ဘဲ အမွှေးတွေထူလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသကြည့်သင့်ပါတယ်။
အသားအရေနဲ့ မျက်စိတွေဝါလာတာ
အသားဝါရောဂါပါ။ ကလေးငယ်လေးတွေမှာလည်းမွေးကင်းစမှာ အသားဝါပါလာတာမျိုးရှိတတ်ပါတယ်။ လူကြီးတွေမှာတော့ အသည်းရောင်ပိုးကူးစက်ခံရတာ၊ အသည်းမှာရောဂါရှိနေတာ၊သည်းခြေအိတ်၊ ပန်ကရိယတို့မှာရောဂါပိုးကူးစက်ဝင်ရောက်တာကြောင့်ဖြစ်ပါတယ်။ အရက်သောက်သုံးတာကြောင့်လည်း အသားဝါနိုင်ပါတယ်။
မျက်နှာပေါ်က မှဲ့တွေ
မျက်နှာပေါ်ကမှဲ့တိုင်း ကစိုးရိမ်စရာမဟုတ်ပါဘူး။ မှဲ့တွေက များသောအားဖြင့်တော့ အနက်ရောင်ပါ။ တစ်ခါတလေမှာတော့ မှဲ့တွေကနေ ကင်ဆာဖြစ်တာမျိုးဖြစ်တတ်ပါတယ်။ မှဲ့က ခပ်ထူထူဖြစ်လာရင်၊အရောင်က ပုံမှန်မဟုတ်တာမျိုးဖြစ်လာရင်၊မှဲ့ရဲ့အချင်းဝက်က ပဲစေ့တစ်စေ့ထက် ပိုကြီးလာရင်၊ လွန်ခဲ့တဲ့ သီတင်းပတ်တွေကထက် ပုံသဏ္ဍာန်ပြောင်းလဲလာရင်တော့ ကင်ဆာဟုတ်၊မဟုတ်ဆိုတာကို စစ်ဆေးကြည့်ဖို့ အကြံပေးပါရစေ။
အနာတွေထွက်ရင်
နှုတ်ခမ်းပါးစပ်တဝိုက်မှာ အနာတွေဖြစ်နေရင်တော့ အမျိုးအစား – ၁ရေယုန်ကြောင့်ဖြစ်တာပါ။ ဒီဗိုင်းရပ်စ်ပိုးက တစ်ခါ ကူးစက်ခံလိုက်ရပြီဆိုတာနဲ့ ခန္ဓါကိုယ်မှာ အမြဲရှိနေတတ်ပါတယ်။ ဖျားနာတဲ့အခါမျိုး၊ စိတ်ဖိစီးတဲ့အခါမျိုး၊ အရမ်းပင်ပန်းတဲ့အခါမျိုးနဲ့နေရောင်နဲ့တာရှည် ထိတွေ့တဲ့အခါမျိုးမှာပြန်ပြီးခေါင်းထောင်လာတတ်ပါတယ်။ ဒီအနာမျိုးက သူ့ဘာသာအလိုလိုပျောက်သွားတတ်တယ်ဆိုပေမယ့် မကြာခဏဖြစ်လာရင်ဖြစ်ဖြစ် အနာကကြီးလာရင်ဖြစ်ဖြစ် ဆရာဝန်နဲ့ပြသကြည့်တာအကောင်းဆုံးပါ။
နှုတ်ခမ်းကွဲခြင်း
လူတိုင်းလိုလိုနှုတ်ခမ်းခြောက်တာ၊ ကွဲတာမျိုးကိုကြုံဖူးကြမှာပါ။ အထူးသဖြင့်တော့ဆောင်းရာသီမှာနှုတ်ခမ်းပိုကွဲတတ်ကြပါတယ်။ အီတစ်မျိုးမျိုးလိမ်းပေးလို့ရပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာနှုတ်ခမ်းခြောက်တာက ခန္ဓါကိုယ်မှာရေဓါတ်ခမ်းခြောက်နေတာလိုမျိုး ကျန်းမာရေးအခြေအနေတစ်ရပ်ရပ်ကိုဖော်ပြနေတာပါ။ သောက်သုံးနေရတဲ့ဆေးဝါးတွေနဲ့ဓါတ်မတည့်တာ၊ စတီးရွိုက်နဲ့ဓါတ်မတည့်တာမျိုးတေါကြောင့်လည်း နှုတ်ခမ်းခြောက်နိုင်ပါတယ်။
မျက်နှာပေါ်မှာ မိတ်လိုမျိုးအရာတွေထွက်ခြင်း
မိတ်ထွက်တာကတော့ စိုးရိမ်စရာအနေအထားတစ်ရပ်မဟုတ်ပါဘူး။ ဒါပေမယ့် အချို့မိတ်ထွက်တာမျိုးကတော့ စိုးရိမ်စရာအနေအထားတစ်ရပ်ကိုဖော်ပြနေတာပါ။ ပါးနှစ်ဖက်စလုံးမှာ မိတ်တွေတအားထွက်နေပြီဆိုရင်တော့ ကိုယ်ခံအားစနစ် က ကိုယ်တွင်းကတစ်ရှုးတွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေကိုတိုက်ခိုက်တဲ့ယေဒနာခံစားနေရတာဖြစ်ပါတယ်။ အဖျားတက်တာ၊ အဆစ်အမြစ်တွေနာကျင်ကိုက်ခဲတာ၊အဆစ်တွေတောင့်တင်းတာမျိုးဖြစ်နိင်ပါတယ်။ လက်ချောင်းလေးတွေကအေးစက်ပြာနှမ်းတာမျိုးဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ဘာကြောင့်မှန်းမသိ မိတ်ထွက်ပြီး အခြားလက္ခဏာတွေပါဖြစ်ပေါ်ခံစားလာရရင်တော့ ဆရာဝန်နဲ့ပြသကြည့်ဖို့လိုပါလိမ့်မယ်။
မျက်ခွံတွဲကျခြင်း
မျက်လုံးတစ်ဖက်တည်းမှာဖြစ်နိုင်သလို မျက်လုံးနှစ်ဖက်စလုံးမှာလည်းဖြစ်နိုင်ပါတယ်။ အရမ်းပြင်းထန်တဲ့အခြေအနေမျိုးမှာမှာ မျက်ခွံတွဲကျတာက အမြင်အာရုံကိုပိတ်ဆို့သွားတာမျိုးအထိခံစားရနိုင်ပါတယ်။ တစ်ခါတလေမှာတော့အန္တရာယ်မရှိဘူးဆိုပေမယ့် ဒီလိုဖြစ်တာက ဦးနှောက်၊ အာရုံကြောနဲ့အမြင်အာရုံပိုင်းဆိုင်ရာမှာ ပြဿနာရှိနေပြီလို့ဖော်ပြနေတာဖြစ်ပါတယ်။ ရက်ပေါင်းအတော်ကြာတဲ့အထိမသက်သာရင်တော့ ဆရာယန်နဲပပြသကြည့်ဖို့လိုအပ်ပါလိမ့်မယ်။ အမြင်အာရုံနှစ်ထပ်ဖြစ်တာ၊ ကြွက်သားတွေအားနည်းလာတာ၊အစားအစာတွေမျိုချရခက်လာတာ၊ပြင်းပြင်ထန်ထန်ခေါင်းကိုက်တာမျိုးတွေဖြစ်လာမယ်ဆိုရင်တော့ ဒါတွေကလေဖြတ်ဝေဒနာရဲ့အကြိုလက္ခဏာပါ။
မျက်နှာတစ်ခြမ်းလှုပ်လို့မရခြင်း
ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုခုလှုပ်လို့မရတော့ဘူးဆိုရင်တော့ ဆရာဝန်နဲ့ပြသကြည့်တာ အမှန်ကန်ဆုံးသောနည်းလမ်းပါ။ အခြားရောဂါလက္ခဏာတွေမရှိဘူးဆိုရင်တောင်မှ ဒီအခြေအနေမျိုးက မျက်နှာတစ်ခြမ်းလေဖြတ်တာမျိုး ဖြစ်နိုင်ပါတယ်။ ဗိုင်းရပ်စ်ဝင်ရောက်တာကြောင့် မျက်နှာကြွက်သားတွေကို ထိန်းချုပ်ပေးတဲ့ အာရုံကြောတွေ ရောင်ရမ်းတာကြောင့်လည်း မျက်နှာတစ်ခြမ်းလှုပ်လို့မရတာမျိုးဖြစ်နိုင်ပါတယ်။။ မေးရိုး နဲ့ နားနောက်ပိုင်းမှာနာကျင်တာမျိုးဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် သိပ်မပြင်းထန်ဘူးဆိုရင် ၃ လကနေ ၆ လကြာတဲ့အခါ သက်သာသွားပါတယ်။
မျက်ခွံပေါ်မှာ အဝါရောင်အစက်အပြောက်လေးတွေထွက်ခြင်း
အပေါ်မျက်ခွံ နဲ့အောက်မျက်ခွံတဝိုက်မှာ အဝါရောင်အဖုလေးတွေပေါက်တာပါ။ ကိုလက်စထရောတွေစုစည်းဖြစ်ပေးနေတာလည်းဖြစ်ပါတယ်။ အန္တရာယ်မရှိသလို နာကျင်တာမျိုးလည်းမခံစားရပါဘူး။ ခွဲထုတ်ဖယ်ရှားတာမျိုးလုပ်လို့ရတာလည်းရှိပါတယ်။ ဒါပေမယ့် ဒီအဖုလေးတွေကအန္တရာယ်မရှိဘူးဆိုပေမယ့် နှလုံးရောဂါဖြစ်နိုင်တယ်ဆိုတဲ့ရှေ့ပြေးလက္ခဏာဖြစ်သလို ရုတ်တရက်နှလုံးရပ်တန်ပနိုင်တယ်ဆိုတဲ့ လက္ခဏာလည်းဖြစ်ပါတယ်။
မျက်အိတ်တွြဲခင်း
မျက်လုံးအောက်ဖက်မှာ အရည်တွေစုနေတာကိုဆိုလိုတာပါ။ ရာသီဥတု ပူနွေးစိုစွတ်တာကြောင့် ခန္ဓါကိုယ်ကရေကို စုထားတဲ့အခြေအနေကြောင့်ဖြစ်နိုင်သလို အိပ်ရေးပျက်တာ၊အငန်ပါတဲ့ အစားအသောက်တွေအများကြီးစားတာ နဲ့ဟော်မုန်းအပြောင်းအလဲတွေကြောင့်ဖြစ်နိုင်ပါတယ်။
အမွှေးတွေကျွတ်ထွက်တာ
ဆံပင်တွေကျွတ်တာ၊မျက်ခုံးမွှေးတွေကျွတ်တာနဲ့ မျက်တောင်မွှေးတွေကျွတ်တာပြီဆိုရင်တော့(alopecia areata) လို့ခေါ်တဲ့ ဆံပင်နဲ့ အမွှေးအမျှင်တွေကျွတ်တာကို အခြအနေကိုခံစားနေရတာပါ။ ကိုယ်ခံအားစနစ်ကမွေးညှင်းပေါက်တွေကိုမှားယွင်းတိုက်ခိုက်နေမိတာဖြစ်ပါတယ်။ ဆရာဝန်နဲ့ပြသပြီးဆေးကုသမငခ့ယူမယ်ဆိုရင်တော့ မျက်ခုံမွှေး၊မျက်တောင်မွှေးနဲ့ ဆံပင်တွေပြန်ပေါက်လာနိုင်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-bmi]

















