brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လက်ထပ်ပြီးရင် အရင်ကထက် ပိုကိတ်လာတတ်ကြသလား

လက်ထပ်ထိမ်းမြားခြင်းရော၊ ကွာရှင်းပြတ်စဲခြင်းရောဟာ ကိုကိုမမ ဦးဦးဒေါ်ဒေါ်တို့ကို ဝိတ်အတက်အကျ ဖြစ်စေနိုင်တဲ့အကြောင်ရင်းတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ စစ်တမ်းတွေအရတော့ လက်ထပ်ထိမ်းမြား ပြီးရင် ဝိတ်တက်လာလေ့ရှိတာက မိန်းကလေးတွေဖြစ်ပြီး ယောကျာ်းလေးတွေကတော့ ကွာရှင်းပြတ်စဲပြီးနောက်မှာ ဝိတ်တက်တာတွေ ပိုဖြစ်လေ့ရှိတယ်လို့ဆိုပါတယ်။

လက်ထပ်ပြီးရင် အရင်ကထက် ပိုကိတ်လာတတ်ကြသလား

အသက်အရွယ်ငယ်တဲ့သူတွေမှာ ဒီအဖြစ်အပျက်မျိုး သိသိသာသာဖြစ်လေ့ဖြစ်ထမရှိပေမယ့် အသက် ၃၀ နဲ့ ၅၀ ကြား အမျိုးသားအမျိုးသမီးတွေမှာတော့ ရာခိုင်နှုန်းတော်တော်များများ ဖြစ်လေ့ရှိတယ်လို့လည်းဆိုပါတယ်။

Ohio State University က သုတေသနပြုလုပ်သူကျောင်းသား Dmitry Tumin ကနေပြီး အသက်အရွယ်ကြီးလာတာနဲ့အမျှ လက်ထပ်တာပဲဖြစ်ဖြစ်၊ ကွာရှင်းပြတ်စဲတာပဲဖြစ်ဖြစ် ဒီအဖြစ်အပျက်နှစ်ခုလုံးဟာ ဝိတ်အတက်အကျဖြစ်စေနိုင်တဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ချက်ဖြစ်တယ်လို့ အဆိုတင်သွင်းပြသခဲ့တာဖြစ်ပြီး အဲဒီအဆိုနဲ့ပတ်သက်တဲ့ သုတေသနစစ်တမ်းတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။

သုတေသနနဲ့စစ်တမ်းတွေပြီးသွားချိန်မှာတော့ လက်ထပ်ခြင်းနဲ့ကွာရှင်းပြတ်စဲခြင်းဟာ ဝိတ် ပေါင်ချိန် ၂၀နီးပါးလောက် အတက်အကျအပြောင်းအလဲဖြစ်စေနိုင်တာကို တွေ့ရှိခဲ့ရပြီး အဲ့လိုဝိတ်အတက်အကျဖြစ်ခြင်းကလည်း နှလုံးရောဂါ ဖြစ်စေနိုင်တဲ့အထိ သက်ရောက်မှုရှိနိုင်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။

အမျိုးသမီးတွေအတွက်တော့ လက်ထပ်ပြီး ၂နှစ်တာကာလအတွင်းမှာ ဝိတ်တက်တာအများဆုံးဖြစ်ပြီး အမျိုးသားတွေအတွက်ကတော့ ကွာရှင်းပြတ်စဲပြီး သိပ်မကြာတဲ့အချိန်ကာလတစ်ခုအတွင်းမှာပဲ သိသိသာသာ ဝိတ်တက်လာတာမျိုးဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လက်ထပ်ထိမ်းမြားပြီးနောက်ပိုင်းမှာပဲဖြစ်စေ၊ ကွာရှင်းပြတ်စဲပြီးနောက်ပိုင်းမှာပဲဖြစ်စေ ပုံမှန်ကိုယ်အလေးချိန်ကိုထိန်းညှိရင်း လေ့ကျင့်ခန်းပြုလုပ်တာနဲ့ အစားအသောက်ပုံစံကိုချိန်ညှိတာက အမျိုးသားအမျိုးသမီးတိုင်းကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Wilson Chan · 17/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။