brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ပင်ပန်းနွမ်းနယ်နေမှုကို ဘယ်လိုရင်ဆိုင်မလဲ

ပင်ပန်းခြင်း (သို့) စိတ်ဖိစီးခြင်းဟာ အရာရှိတွေအတွက်တင် အဓိက ပြဿနာ ဖြစ်နေရုံမကပဲ လူကြီးတွေနဲ့ ကျောင်းသားတွေအတွက်ပါ ပြဿနာ ဖြစ်ပါတယ်။ ဒါဟာ သင့်ကို စိတ်ရှုပ်ထွေးစေပြီး သင့်အလုပ်တွေကို ထိရောက်အောင် လုပ်နိုင်မှုကို နည်းပါးစေပါတယ်။

ပင်ပန်းနွမ်းနယ်နေမှုကို ဘယ်လိုရင်ဆိုင်မလဲ

ဒီပြဿနာကို ဖြေရှင်းဖို့ ဘာလုပ်ရမလဲဆိုတာ စိတ်ရှုပ်နေတယ်ဆိုရင် ဒီဆောင်းပါးက သင့်ကို အဖြေအချို့ကို ပေးစွမ်းမှာ ဖြစ်ပါတယ်။

ဖြစ်စေတဲ့ အချက်များ

  • အရက်သောက်ခြင်း၊
  • ဆေးသုံးခြင်း
  • လေယာဉ် အကြာကြီးစီးသောကြောင့် ပင်ပန်းခြင်း
  • ကိုယ်လက် လှုပ်ရှားမှု မရှိခြင်း
  • မအိပ်ခြင်း

ရောဂါလက္ခဏာများ

  • စိတ်ပူခြင်း
  • ဆီးချို
  • အဝလွန်ခြင်း
  • စိတ်ဖိစီးခြင်း
  • နှလုံးရောဂါ
  • စိတ်ကျခြင်း
  • Hyperthyroidism
  • Hypothyroidism

ကုသနည်းများ

၁။ လှုပ်လှုပ်ရှားရှားနေပါ။ သင်ပင်ပန်းနေချိန်မှာ နောက်ဆုံးမှ စဉ်းစားမှာက လေ့ကျင့်ခန်းလုပ်ခြင်းဖြစ်ပြီး လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့် အားအင် ပမာဏကို မြှင့်တင်ပေးပါတယ်။ Johns Hopkins University School of Medicine က Professor of medicine and director of clinical and research exercise physiology ဖြစ်တဲ့ Kerry J. Stewart က လေ့ကျင့်ခန်းဟာ အားမာန်ကို တိုးစေပြီး သင့်နှလုံး၊ အဆုတ်၊ ကြွက်သားတွေနဲ့ ဘဝရဲ့ အရည်အသွေးကို တိုးတက်စေပါတယ်လို့ ဆိုပါတယ်။

၂။ စောစောအိပ်ပါ။ အိပ်ရေးပျက်ခြင်းဟာ မတော်တဆ ဖြစ်မှုကို မြင့်တက်စေပြီး အာရုံစိုက်နိုင်စွမ်းကို လျော့ကျစေကာ ပင်ပန်းနွမ်းနယ်မှုကို ဖြစ်ပေါ်စေပါတယ်။ အကောင်းဆုံး နည်းလမ်းကတော့ တစ်ညလုံး အိပ်ရေးဝစေဖို့ စောစော အိပ်ခြင်းပဲ ဖြစ်ပါတယ်။

၃။ သင့်ဇီဝနာရီနဲ့ အချိန်ကိုက်လုပ်ဆောင်ပါ။ ညအချိန်မှာ အကောင်းဆုံးလုပ်ဆောင်နိုင်သူနဲ့ နေ့အချိန်မှာ အကောင်းဆုံး လုပ်ဆောင်နိုင်သူတို့ရဲ့ ကွာခြားချက်ဟာ ဦးနှောက်တည်ရှိပုံနဲ့ မျိုးရိုးဗီဇပဲ ဖြစ်တာကြောင့် ဒီအကျင့်ကို ဖျောက်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် သင်အားအပြည့်ဆုံးအချိန်မှာ နေ့စဉ် လုပ်နေကျ အလုပ်တွေကို လုပ်ဖို့ စီစဉ်သင့်ပါတယ်။

၄။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။ အဝလွန်ခြင်းဟာ လူငယ်တွေရော လူကြီးတွေပေါ်မှာပါ အကျိုးသက်ရောက်မှု ရှိပါတယ်။ အဝလွန်ခြင်းဟာ သင့်ကိုယ်ခန္ဓါ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေကို ပျက်ပြားစေပြီး အိပ်ရေးပျက်စေကာ အားအင် ပမာဏကို နည်းပါးစေပါတယ်။ ဒါကြောင့် ပင်ပန်းနွမ်းနယ်မှုကို တိုက်ဖျက်ဖို့ သကြားဓါတ်များတဲ့ အချိုရည်တွေနဲ့ အခြားအချိုရည်တွေကို လျှော့သောက်သင့်ပြီး လေ့ကျင့်ခန်း တိုးလုပ်သင့်ပါတယ်။

၅။ ပင်ပန်းခြင်းဒဏ်ကို အံတုနိုင်ဖို့ ကောင်းကောင်း စားပါ။ ကောင်းမွန်တဲ့ အာဟာရ ပမာဏဟာ သင့်ကို တစ်နေကုန် အားအင် ဖြည့်တင်းပေးနိုင်ပါတ်ယ။ အသီးအရွက်တွေ၊ သကြားမပါတဲ့ နွာနို့၊ အသားနဲ့ ဆီတွေကို အသုံးပြုနိုင်ပါတယ်။

၆။ ဆရာဝန်နဲ့ ပြသပါ။ ဒီဖြေရှင်းမှုဟာ သင့်ပင်ပန်းနွမ်းနယ်မှု ရေရှည်မှာ မသက်သာရင် စဉ်းစားသင့်ပါတယ်။ သင့်ဆရာဝန်က စမ်းစစ်ပြီး ဆေးစစ်မှု ပြုလုပ်ကာ လိုအပ်ရင် ဆေးညွှန်းပေးပါလိမ့်မယ်။

ပင်ပန်းနွမ်းနယ်ခြင်းဟာ သင့်ကျန်းမာရေးအတွက် ဆိုးကျိုးတွေ အများကြီးကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် အကောင်းဆုံးရလဒ်ကို ရဖို့ ဘယ်နည်းလမ်းကိုသုံးသုံး စိတ်ရှည်သင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr . Phyu Mon Latt · 26/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။