brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

တိတ်ဆိတ်ငြိမ်သက်ခြင်းသည် မကောင်းပါ

တစ်ခါတစ်ရံ မိဘများသည် သူတို့ကလေးများ အလွန် ဆူညံနေသောအခါ စိတ်အနှောင့်အယှက်ဖြစ်ကြပြီး တိတ် ဆိတ်သွားရင် ကောင်းလိမ့်မည်ဟု ဆုတောင်းသည်။ သို့သော်လည်း ကလေးများ အမှန်တကယ် တိတ်ဆိတ်သွား ပါက ဘာဖြစ်မလဲ။ သင့်ကလေးသည် မကြာသေးမီတွင် ပုံမှန် မဟုတ်ဘဲ တိတ်ဆိတ်သွားသည်ဟု သတိပြုမိပါသလား။

တိတ်ဆိတ်ငြိမ်သက်ခြင်းသည် မကောင်းပါ

သင်သည် ထိုသို့ခံစားရပါက သင့်ကလေးတွင် ဘာသာစကား ကစဉ့်ကလျားဖြစ်ခြင်း ရှိကောင်းရှိနိုင်သည်။ အမှန်တွင် ၎င်းသည် ကလေးငယ်များတွင် အဖြစ်နည်းသော ပြဿနာတစ်ခု မဟုတ်ပါ။

ဘာသာစကား ကစဉ့်ကလျားဖြစ်ခြင်း ဆိုတာဘာလဲ။

ဘာသာစကား ကစဉ့်ကလျားဖြစ်ခြင်းဆိုသည်မှာ လူများ စကားပြောရာတွင် ရှင်းလင်းသော စာကြောင်းများဖြစ်စေရန် မှန်ကန်သော စကားလုံးများ မရှာနိုင်သော ချို့ယွင်းချက် တစ်ခု ဖြစ်သည်။ ဘာသာစကား ကစဉ့်ကလျားဖြစ်ခြင်း ရှိသောလူများသည် အခြားသူများပြောသည်ကို နားလည်ရန် လည်း ခက်ခဲနိုင်သည်။

ဘာသာစကား ကစဉ့်ကလျားဖြစ်ခြင်း၏ လက္ခဏာတွေက ဘာလဲ။

သင့်ကလေးတွင် ဘာသာစကား ကစဉ့်ကလျားဖြစ်ခြင်း ရှိသည်ကို ပြောရန် လွယ်ကူပါသည်။ ဤပြဿနာရှိပါက သင့်ကလေးပြောသော စာကြောင်းများသည် တိုတောင်းပြီး သဒ္ဒါပိုင်းဆိုင်ရာ မှားယွင်းလိမ့်မည်။ မပီမသ ဗလုံးဗထွေး ဖြစ်နေမည်။ သို့မဟုတ် စကားစမြည်ပြောဆိုရာတွင် သင့်ကလေးသည် သူ၏ သူငယ်ချင်းများကို အမှီမလိုက်နိုင်ပါ။ ဘာကို ဆွေးနွေးနေသည်ကိုလည်း အပြည့်နားမလည်နိုင်ပါ။

ကလေးများတွင် အဖြစ်များသော ဘာသာစကား ကစဉ့်ကလျားဖြစ်ခြင်းများ

ဘာသာစကား ကစဉ့်ကလျားဖြစ်ခြင်း အမျိုးအစား ၃မျိုး ရှိသည်။ တည်ဆောက်မှုပိုင်းဆိုင်ရာ၊ အာရုံကြောဆိုင်ရာ နှင့် အခြားဆက်စပ်သော ပြဿနာများ ဖြစ်သည်။

တည်ဆောက်မှုပိုင်းဆိုင်ရာ

  • သင့်ကလေးသည် အာခေါင်အကွဲဖြင့် မွေးလာပါက အာခေါင်ကွဲခြင်းကြောင့် ဖြစ်သော စကား ကစဉ့် ကလျားဖြစ်ခြင်း ဖြစ်နိုင်သည်။ ဤရောဂါရှိသော ကလေးများသည် နှာခေါင်းသံပါနိုင်သည်။ ရင်ခေါင်း သံနှင့် လည်ချောင်းသံပါနိုင်သည်။
  • စကားမပီခြင်း။ မတူသော စာလုံးများကို အသံခွဲပြီး မထွက်နိုင်သော စကားလုံးမှားခြင်း ဖြစ်သည်။

အာရုံကြောဆိုင်ရာ

ဘာသာစကား တတ်မြောက်မှုနှေးခြင်း။ ဤရောဂါရှိသော ကလေးများသည် စာသင်ရန် ခက်ခဲသည်။ ဝေါဟာရများကို စာကြောင့်အပြည့် တည်ဆောက်ရန် သို့မဟုတ် စာကြောင်း များကို နားလည်နိုင်သော အစဉ်အတိုင်း တည်ဆောက်ရန် ခက်ခဲသည်။

Dysarthria ။ ကလေး၏ ကြွက်သားတောင့်တင်းမှုကို ထိခိုက် စေသော အာရုံကြောဆိုင်ရာ စကား ကစဉ့်ကလျားဖြစ်ခြင်း ဖြစ်သည်။ စကားကို နှေးပြီး မပီသခြင်း ဖြစ်စေသည်။

စကားထစ်ခြင်း။ ၎င်းသည် ကလေးများတွင် အဖြစ်များသော ပြဿနာတစ်ခု ဖြစ်သည်။ သင့်ကလေးသည် စကား၏ အသံတစ်သံကို ထပ်ခါထပ်ခါပြောခြင်း ဖြစ်သည်။ စကားလုံး သို့မဟုတ် စကားစုများ၏ အစပိုင်းတွင် ထပ်ပြောခြင်း ဖြစ် သည်။ စကားထစ်ပါက ကလေးသည် သူတို့တွေးထင်သည် ကို တိုတိုနှင့်ရှင်းလင်းအောင် မဖော်ပြနိုင်ပါ။ သူတို့သည် စကားလုံးများကို ဆွဲငင်ပြီး ထစ်ငေါ့ ပြောသောကြောင့် ရှည်ပြီး မပီသသော စာကြောင်းများ ဖြစ်လာသည်။

အခြားဆက်စပ်သော ပြဿနာများ

ရှက်ကြောက်ခြင်း။ ကလေးများသည် အထူးသဖြင့် လူအစု အဝေးရှေ့တွင် စကားပြောရန် ကြောက်သည်။ လိုအပ်မှသာ စကားလုံးများကို ပြောသည်။

အကြားပြဿနာ။ နားထောင်ရန် ခက်ခဲခြင်းသည် စကားပြော ရန် ခက်ခဲစေနိုင်သည်။ အများစုတွင် ကလေးသည် သူတို့ ပြဿနာကို ဖွင့်မပြောကြပါ။

ဘာသာစကား ကစဉ့်ကလျားဖြစ်ခြင်းကို ဘာတွေက ဖြစ်စေ သလဲ။

  • မျိုးဗီဇနှင့် မျိုးရိုးလိုက်ခြင်း။ သုတေသနအရ မိသားစု တွင် ဘာသာစကား ကစဉ့်ကလျားဖြစ်ခြင်း ရှိသော ကလေးများ၏ ၂၀-၄၀ ရာခိုင်နှုန်းတွင် အလားတူ ပြဿနာ ရှိသည်ဟု ဆိုသည်။
  • မမွေးဖွားမီ အာဟာရ။ မမွေးဖွားမီ အချိန်တွင် ဖောလစ် အက်စစ် ချို့တဲ့ခြင်းသည် ကလေးအား ဘာသာစကား ကစဉ့်ကလျားဖြစ်ခြင်း ဖြစ်စေနိုင် သည်။
  • အခြား အခြေအနေများ။ အောတစ်စင် စိတ်ရောဂါ၊ Down syndrome နှင့် လမစေ့မီ မွေးခြင်းသည် ဘာသာစကား ကစဉ့်ကလျားဖြစ်ခြင်းကို ဖြစ်စေ နိုင်သည်။

ဘာသာစကား ကစဉ့်ကလျားဖြစ်ခြင်းကို ဘယ်လိုကုသမလဲ။

သင့်ကလေးအတွက် ဘာသာစကားပြဿနာကို ဖြေရှင်းရန် အောက်ပါ အကြံပြုချက်များကို လိုက်နာပါ။

  • သင့်ကလေးနှင့် နေ့စဉ် စကားစမြည် ပြောဆိုပါ။ မမွေးမီ အချိန်အတွင်းမှပင် စတင်ပြောနိုင်သည်။
  • စာအုပ်များကို အကျိုးရှိစွာ အသုံးချပါ။ သင့်ကလေး ကို သူတို့အသက်အရွယ်နှင့် လိုက်ဖက်သော ပုံပြင် များ၊ ဝတ္ထုများ ဖတ်ပြပါ။
  • သင့်ဝန်းကျင်ရှိ အခြေအနေများကို ကိုးကား၍ သင့် ကလေး၏ ဘာသာစကားစွမ်းရည်ကို တိုးတက် အောင်လုပ်ပါ။
  • ကလေးများ အသက်၂နှစ်ရောက်သည်အထိ ချိုချို မံမံစသည့် ကလေးစကားများကို ပြောနိုင်သည်။ ၂နှစ်နောက်ပိုင်းတွင် သူတို့ကို ပုံမှန် စကား အပြည့်ပြောပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Zin Wai Yan Lin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။