brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်အမြန်ရဖို့ အထောက်အကူပြုသောနည်းလမ်းများ

ကိုယ်ဝန်ဆောင်ခြင်းဆိုတာ ကာယကံရှင် အမျိုးသမီး အတွက်ရော ခင်ပွန်းသည်အတွက်ပါ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အတွေ့အကြုံဖြစ်ပါတယ်။ တချို့ကိုယ်ဝန်များဟာ အမှတ်မထင် ရလာတတ်ပေမယ့် တချို့ကိုယ်ဝန်တွေကတော့ အချိန်နဲ့ အင်အား အများကြီးစိုက်ထုတ်ပြီးမှ ရလာတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ရဖို့ ခက်ခဲနေမယ်ဆိုရင် အောက်ပါအချက်တွေကို လေ့လာကြည့်ပါ။

ကိုယ်ဝန်အမြန်ရဖို့ အထောက်အကူပြုသောနည်းလမ်းများ

တားဆေးများကို ကြိုတင်ဖြတ်ပါ

ကိုယ်ဝန်တားဆေးအချို့ဟာ ရပ်လိုပ်ပြီးရင်တောင် ကလေးရဖို့ အခွင့်အရေး နည်းနေတတ်ပါတယ်။ မျိုးဥကြေါခြင်းဟာ ပုံမှန်အနေအထားကို ပြန်ရောက်လာဖို့ အချိန်ယူရတတ်ပါတယ်။ ဒါပေမယ်ပ ကလေးရနိုင်ခြေကတော့ ရှိပါတယ်။ ဒါ့အပြင် ဘေးလည်းကင်းပါတယ်။ သင့်ကလေးဟာ ကျန်းမာပါလိမ့်မယ်။

ဘယ်အချိန်မျိုးဥကြွေလည်း စစ်ဆေးပါ

ကလေးရနိုင်ခြေအချိန်ကာလဟာ တိုတောင်းပါတယ်။ မျိုးဥကြွေပီးရင် ၂၄နာရီအထိပဲ ရှင်သန်နိုင်တာကြောင့် အချိန်ကိုက်ရွေးချယ်ဖို့ဟာ အဓိကကျပါတယ်။ မျိုးဥကြွေတဲ့နေ့ဟာ အမြဲတမ်းမမှန်ပါဘူး။ တခါတရံမှာ အနည်းငယ်စော ဒါမှမဟုတ် နောက်ကျတတ်ပါတယ်။ စုံတွဲများဟာ ဒါကို လွတ်မသွားရအောင် တပတ်ကို ၃ကြိမ် အတူနေသင့်ပါတယ်။

ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်ခြင်းကြောင့် အခြားပြသနာတွေအပြင် ကလေးမရနိုင်ခြင်းကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်သူ မိဘများရဲ့ သားသမီးများပါ မြုံတတ်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ သုတ်ပိုးပမာဏနဲ့ လှုပ်ရှားနိုင်စွမ်းကို ကျဆင်းစေပါတယ်။ ပုံသဏ္ဍာန်မမှန်ခြင်း၊ စွမ်းဆောင်ရည် မရှိခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်မြန်မြန်ရချင်ရင် ဆေးလိပ်ဖြတ်သင့်ပါတယ်။

ကဖင်းဓါတ်သောက်သုံးမှု ကန့်သတ်ထားပါ

လူအများစုဟာ တနေ့တာကို ကဖင်းဓါတ်နဲ့ အားယူစတင်ကြပါတယ်။ တခွက်နှစ်ခွက်သောက်တာ ကောင်းပေမယ့် ကဖင်းဓါတ်အရမ်းများလာရင်တော့ ကိုယ်ဝန်ရနိုင်ခြေကို လျော့ကျစေတယ်လို့ သုတေသနတွေအရ သိရပါတယ်။

ဒါ့အပြင် ကိုယ်ဝန်ဆောင်နေချိန်မှာ တရက်ကို ၂၀၀-၃၀၀ မီလီဂရမ်ထက် ပိုပြီးသောက်သုံးခြင်းဟာ ကိုယ်ဝန်ပျက်နိုင်ခြေကို မြင့်စေပါတယ်။ တကယ်တော့ ကဖင်းကို နေ့စဉ်သောက်သုံးနိုင်ပြီး ကလေးကျန်းမာနိုင်ခြေလည်း ရှိပါတယ်။

သတိပြုရမှာက တနေ့ကို ၅ခွက်၊ ဒါမှမဟုတ် ၅၀၀ မီလီဂရမ်ထက် မကျော်စေဖို့ပါပဲ။ ဥပမာ- စတားဘက်ခ်ကော်ဖီ ၁၆အောင်စခွက်မှာ ကဖင်းဓါတ် ၃၃၀ မီလီဂရမ် ပါဝင်ပါတယ်။

ဇနီးမောင်နှံများဟာ ဘာအကာအကွယ်မှ မသုံးရင် တနှစ်အတွင်း ကလေးရနိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် ရမလာရင် အချိန်ပိုယူဖို့ လိုပါတယ်။ အချိန်ကြာမြင့်ခြင်းအပေါ် စိတ်ရှည်ရှည်ထားပါ။ ဆေးပညာတတ်ကျွမ်းနားလည်သူတွေဆီ ပြသပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thant Zin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။