backup og meta

ဆေးသောက်ချိန် ဆေးလုံးနင်တတ်လို့ ဆေးသောက်ရမှာ ကြောက်နေလား။

ဆေးသောက်ရတယ်။ ။ နေမကောင်းတာပဲဖြစ်ဖြစ် ၊ အားဆေးသောက်တာပဲဖြစ်ဖြစ် ၊ ပိန်ချင်လို့ပဲပိန်ဆေးသောက်တာပဲဖြစ်ဖြစ်၊ ဆေးထိုးရမှာကြောက်တဲ့ လူ အများစုက ဆေးသောက်ကြပါတယ်။ ။ အဲလို သောက်ပြီဆိုရင် ဆေးလုံးနင်တာ ဆေးလုံးလည်ချောင်းထဲ တစ်နေတာ၊ ဆေးလုံးကမျိုမကျ တာတွေကို အနည်းနဲ့ အများတော့ ခံစားဖူးကြမှာပါ။ အဲလိုဆို ရေတွေသောက်ချရတာနဲ့တင် ဗိုက်ကြီးအယ်နေပြီး မသက်မသာ ခံစားရပါတယ်။ အဆိုးဆုံးကတော့အိပ်ခါနီးသောက်ရတဲ့ဆေးတွေပေါ့။ အိပ်လည်းအိပ်ချင်နေပြီ ဆေးကလည်းမျိုမကျ တစ်နေတယ်။ စိတ်ညစ်ရပါရော။ ဒါကြောင့် ခုပြောပြတဲ့ ဆေးသောက်ရင် လိုက်နာသင့်တဲ့ ရှောင်ရန် ဆောင်ရန်အချက်တွေကို သိထားပြီး ဆေးသောက်ရင် လွယ်လွယ်နဲ့ မျိုကျမှာပဲဖြစ်ပါတယ်။ ဆေးသောက်ရမှာ မကြောက်ရတော့ဘူးပေ့ါ။

ဆေးသောက်ချိန် ဆေးလုံးနင်တတ်လို့ ဆေးသောက်ရမှာ ကြောက်နေလား။

ဆေးသောက်ရင် လိုက်နာသင့်တဲ့ အချက်များ။

  • ရေနွေးကြမ်း၊ ကော်ဖီ၊ လက်ဖက်ရည်နဲ့ မသောက်ဘဲ ရိုးရိုးရေများများနဲ့သောက်ပါ။
  • ဆေးသောက်ရင် ကိုယ်ကို ရှေ့ကို အနည်းငယ် ငိုက်ထားပါ။
  • ဆေးမသောက်ခင် တစ်ခုခုစားထားရင် လည်ချောင်းမှာ ချွဲလေးတွေထွက်နေတတ်ပြီး ဆေးမျိုချတဲ့ အခါ ချောချောချူချူဝင်သွားပါလိမ့်မယ်။ အစာမစားခင် သောက်ရမယ့် ဆေးဆိုရင်တော့ ဒီနည်းလမ်းနဲ့ မရပါဘူး။

ဆေးသောက်ရင် မလုပ်သင့်တဲ့ အရာများ။

  • ဆေးကို ပါးစပ်အနောက်ထဲရောက်အောင် ပစ်ထည့်ပြီးမှ သောက်တာမျိုး။
  • ဆေးကို တစ်လုံးချင်းမသောက်ဘဲ သောက်ရမယ့် ဆေးအကုန်ကို လက်ဝါးထဲထည့် တစ်ခါတည်း အများကြီးအတင်းမျိုချသောက်တာမျိုး။
  • ဆေးသောက်တဲ့ အချိန် ခေါင်းကို အနောက်ဘက်တအားလှန်ပြီး မော့သောက်တာမျိုး
  • ဆေးသောက်ပြီးတာနဲ့ ချက်ချင်းလှဲအိပ်လိုက်တာတွေ
  • ဆေးလုံးကို ထုချေပြီး သောက်တာမျိုးတွေကို မလုပ်သင့်ပါဘူး။

ကိုယ့်မှာ အစာမျိုချရခက်တဲ့ဝေဒနာ ခံစားနေရမယ်၊ လေဖြတ်နေမယ်လူနာဖြစ်နေမယ် ဆိုရင် သောက်ဆေး အစား ထိုးဆေးသာပြောင်းသင့်ပါတယ်။

မျိုချတယ်ဆိုတာ အင်မတန် လွယ်တဲ့ ကိစ္စတစ်ခုလို့ ထင်ရပေမယ့် တစ်ခါမျိုချဖို့ဆို ကြွက်သားပေါင်း ၅၀ လောက် က အလုပ်လုပ်ပေးရပါတယ်။ ဖော်ပြထားတဲ့အချက်တွေကို လိုက်နာပြီး ဆေးသောက်မယ်ဆို ဆေးသောက်ရတာ ကြောက်စရာကိစ္စ တစ်ခု မဟုတ်တော့ဘူးနော်။ အစာကြီးကြီးဆို မျိုချရတာလွယ်တယ်။ ဆေးလုံးဆိုတာနဲ့ နင်နေတဲ့သူတွေအတွက် အကူအညီဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Problems swallowing pills https://www.nhs.uk/conditions/problems-swallowing-pills/Accessed date 30.8.2018

7 tips to make swallowing pills easierhttps://www.today.com/health/7-tips-make-swallowing-pills-easier-t103850Accessed date 30.8.2018

ယခုပုံစံ

08/10/2020

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Johnson & Johnson မှ Talc ပေါင်ဒါများ ထုတ်လုပ်မှုကို ရပ်တန့်မည်

ဓာတ်ဆားရည် အလွယ်တကူ မရှိတဲ့အခါ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 08/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ