
အသက်ကြီးလာတဲ့အခါ အပူချိန်လျှော့ချတဲ့စနစ်က သိပ်အလုပ်မလုပ်နိုင်တော့ပါဘူး။ ပြင်ပမှာ ပူနေရင် ခန္ဓာကိုယ်ကို အအေးဓာတ်ထိန်းထားနိုင်ဖို့ အရေပြားမျက်နှာပြင်ကို နှလုံးကသွေးပိုညှစ်ထုတ်ပေးဖို့လိုပါတယ်။ အသက်ကြီးလာတာနဲ့အမျှ နှလုံးကလည်း သိပ်မကြံ့ခိုင်လေတော့ ပိုပင်ပန်းရပါတယ်။ ပိုဆိုးတာကသွေးကြောတွေက အရင်လောက် မပြန့်ကားနိုင်တဲ့အခါ အရေပြားမျက်နှာပြင်ကိုသွေးအလုံအလောက်မရောက်နိုင်တော့တာဖြစ်ပါတယ်။
ရေဓာတ်ပြည့်ဝအောင်မနေရင် ချွေးအလုံအလောက်မထွက်နိုင်ဘဲ ခန္ဓာကိုယ်က လွယ်လွယ်နဲ့အအေးဓာတ်မပေးနိုင်ပါဘူး။ ရေဓာတ်မပြည့်ဝတဲ့အခါဖြစ်လာမယ့်နောက်ဆက်တွဲဆိုးကျိုးက ဒါတင်မကပါဘူး၊ အများကြီးရှိပါသေးတယ်နော်။