နွေရောက်ပြီလေ… မိုးလေကင်းတဲ့ ပွင့်လင်းရာသီ ရောက်လာခဲ့ပြီဆိုပေမယ့် ခရီးသွားမယ်၊ သင်္ကြင်္နရေကစားမယ်လို့ သိပ်မတွေးရဲကြပါဘူး။ COVID-19 ဗိုင်းရပ်စ်ကူးစက်မှု အတွက် စိုးရိမ်နေကြတဲ့ အချိန်ကိုး။
နွေရောက်ပြီလေ… မိုးလေကင်းတဲ့ ပွင့်လင်းရာသီ ရောက်လာခဲ့ပြီဆိုပေမယ့် ခရီးသွားမယ်၊ သင်္ကြင်္နရေကစားမယ်လို့ သိပ်မတွေးရဲကြပါဘူး။ COVID-19 ဗိုင်းရပ်စ်ကူးစက်မှု အတွက် စိုးရိမ်နေကြတဲ့ အချိန်ကိုး။
လက်ရှိ အရေးကြီးနေတဲ့ COVID-19 ကို ကာကွယ်တာက ကောင်းပါတယ်။ ဒါပေမယ့် နွေရာသီမှာ ပုံမှန်ကို အဖြစ်များလေ့ရှိတဲ့ ကျန်းမာရေးပြဿနာတွေ ကိုလည်း မေ့မထားသင့်ပါဘူး။
အပူလျှပ်ခြင်းက အပူချိန်ပြင်းတဲ့ နွေရာသီမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။
ပုံမှန်မဟုတ်ဘဲ ခန္ဓာကိုယ်အပူချိန် လွန်ကဲတဲ့အခါ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း နဲ့ အဖျားတက်ခြင်း တို့လို လက္ခဏာတွေ၊ ရေဓာတ်ခန်းခြောက်တာတွေ အပြင် အခန့်မသင့်ရင် ရုတ်တရက် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ်။
ဒါ့ကြောင့် ရေများများသောက်ပါ၊ အပူနဲ့ အအေး အကူးအပြောင်းကို သတိထားပါ (အဲယားကွန်းနဲ့ ပြင်ပ အပူဒဏ်ကြား) ၊ အပူဒဏ်ကို ကာကွယ်ပါ (ဦးထုပ် ၊ ထီး ဆောင်းပါ။ နေပူထဲ ကြာရှည်မနေဘဲ အရိပ်ရတဲ့ နေရာကို ရှာပါ။) လို့ သတိပေးချင်ပါတယ်။
လက်ဆေးပါ ဆိုလို့ နေပူကြီးထဲက ပြန်လာပြီး ချက်ချင်း လက်ဆေးတာလည်း အပူလျှပ်ခြင်းအတွက် သတိထားသင့်တဲ့ အချက်ပါ။
နွေရာသီမှာ အစားအသောက်နဲ့ ပတ်သက်ရင် ဘာကို စိုးရိမ်ရလဲဆို ယင်အန္တရာယ်နဲ့ ဖုန်မှုန့်တွေပါပဲ။ မသန့်ရှင်းတဲ့ အစားအသောက်တွေ၊ မကျက်တဲ့ အသားတွေ၊ မသန့်ရှင်းတဲ့ရေ၊ ဖုံးအုပ်မထားတဲ့ အစားအစာတွေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေ၊ ဘက်တီးရီးယားတွေ ရှိနေတတ်ပါတယ်။
ယင်ကောင်တွေနဲ့ ဖုန်မှုန့်တွေမှာ အစာအဆိပ်သင့် စေနိုင်တဲ့ ဘက်တီးရီးယားတွေ ကပ်ပါနေတတ်တာကိုး။ ပူအိုက်စွတ်စိုတဲ့ ရာသီကြောင့်လည်း ဘက်တီးရီးယား ပေါက်ဖွားလွယ်တဲ့ ပတ်ဝန်းကျင် ဖြစ်စေနိုင်ပါတယ်။
ဒါ့ကြောင့် သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်ကိုပဲ စားဖို့ ၊ တစ်ကိုယ်ရည်သန့်ရှင်းမှု ဂရုစိုက်ဖို့၊ အစာခြေစနစ် မကျန်းမာသူတွေပို သတိထားသင့်ပါတယ်။
နွေရာသီဆို မျက်စိနာတာ က အဖြစ်များတဲ့ ပြဿနာပါ။ မျက်စိနာခြင်း ဟာ မျက်မြှေးကို ရောင်ရမ်းစေတဲ့ ဘက်တီးရီးယားပိုးဝင်ခြင်း သို့မဟုတ် ဓာတ်မတည့်ခြင်း ကြောင့် ဖြစ်ပြီး ၄ ရက်ကနေ ၇ ရက်အတွင်း ကြာမြင့်တတ်ပါတယ်။ ကူးစက်လွယ်လို့ တစ်မိသားစုလုံးကို ပြန့်တာ များပါတယ်။
ချွေးထွက်များတဲ့ နွေရာသီမှာ ဆုံးရှုံးသွားတဲ့ ရေကို ပြန်ဖြည့်တင်းဖို့ လုံလောက်အောင် မသောက်သုံးတဲ့အခါ ရေဓာတ်ဆုံးရှုံးခြင်းကို အဖြစ်များကြပါတယ်။ နွေပူပူမှာ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေ ပုံမှန်ပြန်ဖြစ်ဖို့ ပြန်လည်ထိန်းသိမ်းပေးဖို့ လိုပါတယ်။
အူနဲ့အစာအိမ်ထဲမှာ ကပ်ပါးပိုးမွှားတွေ ဝင်ရောက်လာတဲ့အခါ နွေရာသီဆို ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဝမ်းကိုက်ခြင်း၊ ကာလဝမ်းရောဂါတွေဖြစ်တတ်ပါတယ်။ ယင်ကောင်တွေရယ်၊ မသန့်ရှင်းတဲ့ရေနဲ့ အစားအစာတွေက ဒီရောဂါတွေကူးစက်ပြန့်ပွားစေတဲ့ အဓိက လက်သည်ဖြစ်ပါတယ်။
နွေရာသီရောဂါတွေရဲ့ နောက်ကွယ်က အဓိက အကြောင်းရင်းက ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ တခြားပိုးမွှားတွေ ပေါက်ဖွားလွယ်တဲ့ ရာသီဥတုပတ်ဝန်းကျင် ဖြစ်နေတဲ့အတွက်ပါ။ ဒါ့ကြောင့် နွေရာသီမှာ ဖြစ်လွယ်တဲ့ ရောဂါတွေ ရန်ကနေ ခုခံကာကွယ်နိုင်ဖို့ ဒီအချက်လေးတွေကို သတိထားပေးသင့်ပါတယ်။ နွေရောက်ပြီဆိုရင် –
ပွင့်လင်းရာသီဟာ ခရီးလေးတွေထွက်၊ မိသားစု၊ မိတ်ဆွေတွေ နဲ့ အချိန်ကုန်ဆုံးပြီး ကျန်းမာပျော်ရွှင်စွာ နေဖို့ အချိန်ကောင်းတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် အားလပ်ရက်တွေမှာ အချိန်ကို တန်ဖိုးရှိရှိ ကုန်ဆုံးနိုင်ဖို့ ကျန်းမာအောင် ဂရုစိုက်ပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။