brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ခါးအရိုးကွင်းအတွင်းရှိ အခင်းနှင့်ပတ်သက်သော ရောဂါ အခြေအနေများ

ခါးအရိုးကွင်းအတွင်းရှိ အခင်းဆိုတာ ဘာလဲ။

ခါးအရိုးကွင်းအတွင်းရှိ အခင်းနှင့်ပတ်သက်သော ရောဂါ အခြေအနေများ

ခါးအရိုးကွင်းအတွင်းရှိ အခင်းနှင့်ပတ်သက်သော ရောဂါ အခြေအနေများ ဆိုတာဘာလဲ။

ခါးအရိုးကွင်းအတွင်းရှိ အခင်းနှင့်ပတ်သက်သော ရောဂါ အခြေအနေများတွင် အပိုင်းသုံးပိုင်း ရှိပါသည်။

  • ဆီးမထိန်းနိုင်ခြင်း
  • ဝမ်းမထိန်းနိုင်ခြင်း
  • အရိုးကွင်း အတွင်းရှိ အင်္ဂါများ ကျွံကျခြင်း (သားအိမ်၊ ဆီးအိမ် နှင့် အူစသည့် ကျွံခြင်း)
  • ခါးအရိုးကွင်းအတွင်းရှိ အခင်းနှင့်ပတ်သက်သော ရောဂါရှိနေခြင်းကို မည်ကဲ့သို့ သိနိုင်သနည်း။

    အောက်ပါ ရောဂါများထဲမှ တစ်ခုခု ရှိနေပါက ခါးအရိုးကွင်းအတွင်းရှိ အခင်းနှင့်ပတ်သက်သော ရောဂါရှိနေခြင်းကို သံသယ ရှိသင့်ပါသည်။

    • ဆီးသွားခြင်းနှင့် ပက်သက်သော ပြဿနာများ
    • ဝမ်းချုပ်ခြင်းနှင့် ဝမ်းသွားစဉ် အလွန်အမင်း နာကျင်ခြင်း
    • မိန်းမကိုယ်နာကျင်ခြင်းနှင့် ဖိထားသကဲ့သို့ ဖြစ်နေခြင်း
    • သဗ္ဗအိမ် နာကျင်ခြင်းနှင့် ဖိအားခံစားနေရခြင်း
    • ဆီးခုံအောက်/ ခါးအရိုးကွင်းအတွင်း တင်းကျပ်ကျပ်ဖြစ်နေခြင်း
    • ခါးအရိုးကွင်းအတွင်း ကြွက်သားများ နာကျင်ခြင်း

    ခါးအရိုးကွင်းအတွင်းရှိ အခင်းနှင့်ပတ်သက်သော ရောဂါ အခြေအနေများသည် အသက်ကြီးခြင်းနှင့် သက်ဆိုင်ပါသလား။

    ဤရောဂါ အခြေအနေသည် အများအားဖြင့် အသက်အရွယ်နှင့် သက်ဆိုင်လေ့မရှိဘဲ ကုသ၍ ပျောက်ကင်းနိုင်သော အခြေအနေများသာ ဖြစ်ပါသည်။

    ခါးအရိုးကွင်းအတွင်းရှိ အခင်းနှင့်ပတ်သက်သော ရောဂါ အခြေအနေများသည် မည်သူများတွင် အဖြစ်များသလဲ။

    ဤရောဂါ အခြေအနေသည် ကလေးမွေးဖူးသော အမျိုးသမီးများ တွင် အတွေ့ရများပါသည်။ ကလေးများများမွေးလေ ဤရောဂါ ဖြစ်နိုင်ခြေ များလေဖြစ်ပါသည်။ ကိုယ်အလေးချိန်များသူများနှင့် အဝလွန်သူများတွင်လည်း တွေ့ရများလေ့ ရှိပါသည်။ ခွဲစိတ်ကုသမှု့များ၊ ဓါတ်ရောင်ခြည်ပေး ကုသမှု့ ခံယူထားသူ များတွင်လည်း ခါးအရိုးကွင်းအတွင်းရှိ အခင်းကို ထိခိုက်စေခြင်း ကြောင့်လည်း ဖြစ်တတ်ပါသည်။ နေထိုင်မှု့ပုံစံနှင့် မျိုးဗီဇလည်း ဤရောဂါ အခြေအနေအတွက် အရေးပါပါသည်။

    ခါးအရိုးကွင်းအတွင်းရှိ အခင်းနှင့်ပတ်သက်သော ရောဂါ အခြေအနေများအတွက် မည့်သည့်ကုသမှု့များ ရှိသလဲ။

    မခွဲစိတ်ဘဲ ကုသနိုင်သော နည်းလမ်းများမှာ

    • ယင်းနေရာရှိ ကြွက်သားများကို လေ့ကျင့်ခန်းပြုလုပ်ပေးခြင်း
    • ဆီးအိမ်ပြဿနာကို ဆေးထိုးကုသခြင်း
    • ဆီးအိမ်ထိန်းချုပ်မှု့၊ ဝမ်းလျော့မှု့၊ အူလှုပ်ရှားမှု့များ အတွက် ဆေးဝါးပေး ကုသမှု့
    • ခါးအရိုးကွင်းအတွင်းရှိအင်္ဂါများ ကျွံကျခြင်းကို မွေးလမ်းကြောင်း အတွင်းသို့ ကွင်းထည့်ပြီး ထိန်းထားခြင်း စသည်ဖြင့် ကုသနိုင်ပါသည်။

    မခွဲစိတ်ဘဲ ကုသခြင်းများဖြင့် သက်သာမှု့ မရှိခြင်း၊ ပိုဆိုးလာခြင်း စသည့်ပြဿနာများ ရှိလာပါက ဆရာဝန်မှ ခွဲစိတ်ကုသရန် အကြုံပြု ပါလိမ့်မည်။ ခွဲစိတ်ကုသခြင်းသည် ရောဂါအပေါ်လိုက်ပြီး လုံးဝပျောက်ကင်းနိုင်သည်အထိ ကောင်းကျိုးများ ရှိသော်လည်း အချို့(သားအိမ်ထုတ်ခြင်းစသည့်) ခွဲစိတ်မှု့များသည် ကလေးရရန် အခက်အခဲ ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့် ကောင်းကျိုး၊ ဆိုးကျိုးကို သက်ဆိုင်ရာ ဆရာဝန်နှင့် တိုင်ပင်ပြီး ကုသသင့်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချ က်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Ye Mhan Linn မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 11/07/2022 ဖြစ်ပါသည်။