ဝမ်းဗိုက်ပိုင်းပင်မသွေးလွှတ်ကြောဖောင်းလာခြင်းသည် နှလုံးမှသွေးများကို ခန္ဓါကိုယ်အောက်ပိုင်းရှိ တစ်ရှူးများအင်္ဂါများသို့ သယ်ဆောင်ပေးသောအဓိကသွေးလွှတ်ကြောဖေါင်းလာခြင်း ဖြစ်ပါသည်။ ပင်မသွေးလွှတ်ကြောမသည် ခန္ဓါကိုယ်အတွင်းအကြီးမားဆုံးသွေးလွှတ်ကြော ဖြစ်ပါသည်။ ပင်မသွေးကြောဖေါင်းခြင်းဆန့်ကားခြင်းသည် အန္တရာယ်များပါသည်။ အဘယ်ကြောင့်ဆိုသော် လျင်မြန်စွာမကုသပါကသွေးလွှတ်ကြောနံရံသည် အားပျော့လာပြီးပေါက်ကာသွေးထွက်နိုင်သောကြောင့် ဖြစ်သည်။
ဝမ်းဗိုက်ပိုင်းပင်မသွေးလွှတ်ကြောဖောင်းလာခြင်းသည် အဖြစ်များသောရောဂါ ဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏ အဆိုအရဝမ်းဗိုက်ပိုင်းပင်မသွေးလွှတ်ကြောဖောင်းလာခြင်းသည် အမျိုးသားများထက် အမျိုးသမီးများတွင်ပို၍ ဖြစ်ပွားပါသည်။ အထူးသဖြင့် အသက် ၆၀ ကျော်သူများတွင် ပို၍ ဖြစ်ပွားပါသည်။ ပိုမိုသောအချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးပါ။
ဝမ်းဗိုက်ပိုင်းပင်မသွေးလွှတ်ကြောဖောင်းလာခြင်းသည် ဖြည်းညင်းစွာ ဖြစ်ပွားပြီးများသောအားဖြင့် ရောဂါလက္ခဏာမပြတက်ပါ။ သို့သော်လည်းရောဂါကူးစက်ခံရသောအချို့ကိစ္စများတွင် ဝမ်းဗိုက်နာခြင်းကျောနာခြင်းတို့ဖြစ်တက်ပါသည်။ အထက်တွင်ဖော်ပြမထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။
အေက်ပါတို့ဖြစ်ပွားပါကဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
မိသားစုဝင်များတွင် ဝမ်းဗိုက်ပိုင်းပင်မသွေးလွှတ်ကြောဖောင်းလာခြင်းရှိဖူးပါကသင့်တွင် ထိုရောဂါ ဖြစ်နိုင်ပါသည်။ သိသာသောလက္ခဏာများပေါ်ရန် ခဲယဉ်းသောကြောင့် ဆရာဝန် နှင့် ပြသပြီး ကြိုတင်ကာကွယ်ရန် အရေးကြီးပါသည်။
ဝမ်းဗိုက်ပိုင်းပင်မသွေးလွှတ်ကြောဖောင်းလာခြင်းကို ဖြစ်စေနိုင်သောအကြောင်းရင်းကိုမသိရသေးပါ။ သို့သော် ဖြစ်စေခြင်းကိုအကူအညီပေးသောအချက်များရှိပါသည်။ အချက်အချို့မှာ –
အခြားဖြစ်စေသောအကြောင်းရင်းများမှာ
ဝမ်းဗိုက်ပိုင်းပင်မသွေးလွှတ်ကြောဖောင်းလာခြင်းဖြစ်ပွားနိုင်ချေ ကိုမြင့်စေသောအကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်-
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဝမ်းဗိုက်ပိုင်းပင်မသွေးလွှတ်ကြောဖောင်းလာခြင်းကိုပုံမှန်ကျန်းမာရေးစစ်ဆေးမှု အတွင်းရှာဖွေ တွေ့ရှိနိုင်ပါသည်။ ဆရာဝန်သည် ဝမ်းဗိုက်အလယ်တွင် ဖောင်းနေသောအတုံးအခဲတစ်ခုကိုစမ်းသပ်ထိတွေ့နိုင်ပါသည်။ ဝမ်းဗိုက်ပိုင်းပင်မသွေးလွှတ်ကြောဖောင်းလာခြင်းဟုသံသယရှိပါက ultrasound နှင့် CT scan ရိုက်ခြင်းကို ပြုလုပ်နိုင်ပါသည်။ Ultrasound သည် သွေးကြောဖောင်းခြင်း၏ တည်နေရာနှင့် အတိုင်းအတာကို ၁၀၀ ရာခိုင်နှုန်းရှာဖွေ ဖော်ထုတ်နိုင် ပါသည်။ သို့သော် ဆရာဝန်များသည် ဖောင်းခြင်း၏ တိကျသောပမာဏကိုသိရန် CT scan ကိုသာသုံးကြပါသည်။
အချိန်မီရောဂါအဖြေရှာတွေ့ပါကဝမ်းဗိုက်ပိုင်းပင်မသွေးလွှတ်ကြောဖောင်းလာခြင်းကိုကုသနိုင်ပါသည်။ ဖေါင်းနေသောသွေးလွှတ်ကြောမပေါက်သွားပါကနောက်ထပ်ဆိုးကျိုးများမဖြစ်အောင် ကုသမှု တိုက်ရိုက် ခံယူရန် လိုအပ်ပါသည်။
ကုသမှုနည်းလမ်းများသည် သွေးကြောဖောင်းခြင်း၏ အရွယ်အစား နှင့် ပေါက်နိုင်သည့် အန္တရာယ်ပေါ်မူတည်ပြီးကွဲပြားပါသည်။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကဝမ်းဗိုက်ပိုင်းပင်မသွေးလွှတ်ကြောဖောင်းလာခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများသည် ဝမ်းဗိုက်ပိုင်းပင်မသွေးလွှတ်ကြောဖောင်းလာခြင်းကိုသက်သာစေပြီးသင့်သွေးကြောများကိုကျန်းမာစေပါသည်။
အကယ်၍သင့်မှာမေးခွန်းတွေရှိပါကသင့်အတွက်သင့်တော်သောအဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။