brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ရှားစောင်းလက်ပက်၏ အကျိုးကျေးဇူး ၅ ချက်

ရှားစောင်းလက်ပတ်ဟာ အပူပိုင်းဒေသတွေမှာ ပေါက်ပွားပြီး ထင်ရှားတဲ့ ဆေးဘက်ဝင်အပင်တစ်မျိုး ဖြစ်ပါတယ်။ သူ့ရဲ့ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ အကျိုးကျေးဇူးတွေကြောင့် ရှားစောင်းလက်ပတ်ကို နှစ်ပေါင်းများစွာတည်းက အသုံးပြုလာကြတာဖြစ်ပါတယ်။

ရှားစောင်းလက်ပက်၏ အကျိုးကျေးဇူး ၅ ချက်

ဒီအပင်ရဲ့ အရွက်တွေမှာ ဗီတာမင်၊ သတ္တုဓါတ်၊ amino acids နဲ့ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့ အရာတွေ ပါဝင်ပါတယ်။ ရှားစောင်းလက်ပတ်ရဲ့ အထင်ရှားဆုံး အကျိုးကျေးဇူး ငါးခုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ရှားစောင်းလက်ပတ်မှာ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိပြီး ဘက်တီးရီးယားတွေကို သေစေတဲ့ ဂုဏ်သတ္တိလည်း ရှိပါတယ်။

ရှားစောင်းလက်ပတ်မှာ အစွမ်းထက်တဲ့ ဓါတ်တိုးဆန့်ကျင့် ဂုဏ်သတ္တိရှိတဲ့ အရာများစွာ ပါဝင်ပါတယ်။ ဒီအရာတွေဟာ polyphenol အုပ်စုဝင်တွေဖြစ်ပြီး ကိုယ်ခန္ဓါက အရေပြားဆဲလ်တွေကို ထိခိုက်စေတဲ့ free radicals တွေကို ဖယ်ထုတ်ရှင်းလင်းပစ်ပါတယ်။

ရှားစောင်းလက်ပတ်ဟာ အသားအရည်ကို နုပျိုစေတာကြောင့် အလှကုန်ပစ္စည်းတွေထဲမှာ အလွန်အရေးကြီးတဲ့ ပါဝင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဒီ polyphenols နဲ့ အခြားပါဝင်ပစ္စည်းတွေဟာ ကူးစက်ရောဂါတွေဖြစ်စေတဲ့ ရောဂါပိုးဝင်မှုကိုလည်း တိုက်ဖျက်ပေးပါတယ်။

ရှားစောင်းလက်ပတ်ကို အရေပြားပေါ်မှာလိမ်းပေးမယ်ဆိုရင် ထိခိုက်ရှနာတွေကို အနာမြန်မြန်ကျက်စေပါတယ်။ သောက်မယ်ဆိုရင်တော့ ဖျားနာမှုတွေကို ကာကွယ်ပေးပြီး အစာခြေစနစ်ကို အဆိပ်အတောက် ကင်းစင်စေပါတယ်။

ရှားစောင်းလက်ပတ်ဟာ အရေပြားကို ပြန်လည်ကောင်းမွန်စေပါတယ်။

ရှားစောင်းလက်ပတ်မှာ fibroblasts လို့ခေါ်တဲ့ collagen ထုတ်ပေးတဲ့ အရေပြားဆဲလ်တွေကို လှုံ့ဆော်နိုင်စွမ်း ရှိပါတယ်။ Collagen ဟာ အရေပြားတည်ဆောက်ပုံနဲ့ ကျုံ့ဆန့်နိုင်စွမ်းတွေအတွက် မရှိမဖြစ် ပရိုတင်းတစ်ခုဖြစ်ပါတယ်။

လိမ်းရတဲ့ ရှားစောင်းလက်ပတ်ဂျယ်တွေဟာ အရေပြားရဲ့အသက်ကြီးရင့်သွားမှုကို နှေးကွေးစေပါတယ်။ ရှားစောင်းလက်ပတ် ပါဝင်တဲ့ အသက်ကြီးခြင်းကို ထိန်းချုပ်ပေးတဲ့ အလှကုန်တွေဖြစ်တဲ့ Moisturisers တွေနဲ့ eye creams တွေဟာ အရေးအကြောင်းတွေနဲ့ အသက်ကြီးခြင်းကြောင့် ဖြစ်ပေါ်တဲ့ အခြားလက္ခဏာတွေကို လျော့ကျစေပါတယ်။

ရှားစောင်းလက်ပတ်ဟာ မီးလောင်ဒဏ်ရာကျက်နှုန်းကို မြန်ဆန်စေပါတယ်။

အနာကျက်တဲ့ အကျိုးကျေးဇူးတင်သာမက ရှားစောင်းလက်ပတ်ကို မီးလောင်ဒဏ်ရာတွေ ကုသဖို့လည်း အသုံးပြုကြပါတယ်။ သိပ္ပံသုတေသနတစ်ခုက ရှားစောင်းလက်ပတ်ဟာ ပထမအဆင့်နဲ့ ဒုတိယအဆင့် မီးလောင်မှုဒဏ်ရာတွေအတွက် အသုံးဝင်တယ်လို့ ဆိုပါတယ်။

သုတေသနတစ်ခုက ရှားစောင်းလက်ပတ်ဟာ အခြားဆေးတွေနဲ့ စာရင် မီးလောင်ဒဏ်ရာ အနာကျက်နှုန်းကို ၉ ရက်ခန့် လျှော့ချပေးနိုင်တယ်လို့ဆိုပါတယ်။ ရှားစောင်းလက်ပတ်ကို အရေပြားပေါ်ကို တိုက်ရိုက်ပွတ်လိမ်းပေးပြီး အသုံးပြုလေ့ရှိကြပါတယ်။

ရှားစောင်းလက်ပတ်ဟာ ဆံပင်သန်စေပါတယ်။

ရှားစောင်းလက်ပတ်ကို ဦးရေပြားပေါ်လိမ်းပေးခြင်းဟာ ဆံပင်ကိုလျင်မြန်စွာ ပေါက်စေပြီးတော့ သန်စွမ်းစေပါတယ်။ လူအတော်များများက ရှားစောင်းလက်ပတ်ကို ဆံပင်ပေါက်ဖို့အတွက် အသုံးပြုခဲ့ကြပြီးတော့ အကျိုးရှိတာကိုလည်း တွေ့ရှိခဲ့ကြပါတယ်။

ရှားစောင်းလက်ပတ်ဂျယ်ကို အသုံးအများဆုံးနည်းကတော့ ဆံပင်ပေါ်ကိုတိုက်ရိုက်သုတ်လိမ်းပေးပြီး တစ်နာရီကြာရင် ရေဆေးချတာပဲဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်သောက်သုံးခြင်းနဲ့ ရှားစောင်းလက်ပတ်ပါဝင်တဲ့ ဆံပင်ထုတ်ကုန်တွေကို အသုံးပြုခြင်းဟာလည်း ဆံပင်ကို ကျန်းမာသန်စွမ်းစေပါတယ်။

ရှားစောင်းလက်ပတ်ဟာ ပါးစပ်အနာကို ကုသပေးနိုင်ပါတယ်။

ပါးစပ်အနာတွေဟာ လူတွေမှာ အတွေ့များတဲ့ အနာတစ်မျိုးဖြစ်ပါတယ်။ ဒီအနာတွေဟာ ပါးစပ်အတွင်းပိုင်းကနေ နှုတ်ခမ်းအောက်ခြေအထိရှိပြီး နာကျင်မှုဟာ ၇ ရက်ကနေ ၁၀ရက်အထိ ကြာတတ်ပါတယ်။

ရှားစောင်းလက်ပတ် အသုံးပြုခြင်းဟာ ပါးစပ်အနာတွေရဲ့ အနာကျက်တဲ့ဖြစ်စဉ်ကို ထောက်ပံ့ပေးတယ်ဆိုတဲ့ ယုံကြည်လောက်တဲ့သက်သေပြမှုတွေ ရှိပါတယ်။ ပါးစပ်အနာတွေရဲ့ အရွယ်အစားကို သေးငယ်စေရုံသာမက နာကျင်မှုကိုပါ လျော့ကျစေနိုင်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr . Phyu Mon Latt · 26/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။