စနစ်တကျတပ်ဆင်ထားမယ်၊လေဝင်လေထွက်ကောင်းအောင်လုပ်ထားမယ်၊သေချာထိန်းသိမ်းပြင်ဆင်မှုရှိမယ်ဆိုရင် ဂက်စ်မီးဖိုသုံးရတာဘေးကင်းမှုကိုစိတ်မပူရပါဘူး။ ဒါပေမယ့် ပစ်စလက်ခတ်ထားမယ်၊ဖြစ်သလိုသုံးမယ်ဆိုရင်တော့ မတော်တဆမှုတွေစိုးရိမ်ရသလို တခြားကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဂက်စ်မီးဖိုကနေဖြစ်လာနိုင်တဲ့အဓိကအန္တရာယ်တွေကတော့ ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်ခြင်း၊ ဂက်စ်ယိုစိမ့်ခြင်းနဲ့ အဆိပ်ဓါတ်ထိတွေ့မိခြင်းတို့ပဲဖြစ်ပါတယ်။
ဂက်စ်ပိုက်ပေါက်နေမယ်ဆို အိမ်ထဲမှာ ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် မတော်တဆ မီးလောင်စေနိုင်ပါတယ်။ ချို့ယွင်းနေတဲ့နေရာ ရှိမရှိကို အမြဲစစ်ဆေး၊ပြင်ဆင်သင့်ပါတယ်။ အိမ်ထဲမှာ ဂက်စ်နံ့ရနေမယ်၊ ယိုစိမ့်နေပြီလို့သံသယရှိနေတယ်ဆို မီးဖိုနဲ့ ဂက်စ်အိုးကို တတ်ကျွမ်းသူခေါ်ပြီး စစ်ဆေးပါ။ မပေါ့ဆသင့်တဲ့ အိမ်သုံးပစ္စည်းထဲမှာ ဂက်စ်မီးဖိုတွေက ထိပ်ဆုံးကပါဝင်ပါတယ်။
အန္တရာယ်နည်းအောင်ဘယ်လိုလုပ်ရမလဲ
- ဂက်စ်မီးဖိုသုံးပြီး ချက်ပြုတ်နေတဲ့အခါ အိမ်ရှေ့ပိုင်းမှာ(မီးဖိုနဲ့အဝေးမှာ) ပန်ကာဖွင့်ထားပါ။ သို့မဟုတ်လေဝင်လေထွက်ကောင်းအောင်လုပ်ထားပါ။ ဥပမာပြတင်းပေါက်ဖွင့်ထားတာမျိုး။
- မီးတောက်ကပြာလဲ့လဲ့ဖြစ်ရပါမယ်၊ လိမ္မော်ရောင်သန်းနေခဲ့ရင် မီးဖိုကိုသေချာစစ်ဆေးဖို့လိုနေပါပြီ။
- ဂက်စ်မီးဖိုနဲ့ ဂက်စ်အိုးရဲ့အခြေအနေကို စနစ်တကျ ပုံမှန်စစ်ဆေးသင့်ပါတယ်။
- မီးဖိုအတွင်းမှာ အလူမီနီယမ်ခွေနဲ့ မသုံးပါနဲ့။
- အရည်အသွေးစိတ်ချရတဲ့ မီးဖိုနဲ့ဂက်စ်အိုးတွေကိုပဲသုံးပါ။
