brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကြီးထွားမှုအကြောင်းခံ ဆိုတာဘာလဲ

ကျွန်တော်တို့ ခန္ဓါကိုယ်မှာရှိတဲ့ အရေပြားဆဲလ်တွေအားလုံးကနေ growth factor လို့ခေါ်တဲ့ ပရိုတင်းများစွာကို နေ့စဉ်ထုတ်လုပ်ပေးပါတယ်။growth factor တွေဟာ ဆဲလ်တွေ ကြီးထွား၊ပွားများ၊အလုပ်လုပ်နိုင်အောင် ကူညီပေးတဲ့ သဘာဝ ပရိုတင်းတွေ ဖြစ်ကြပါတယ်။

ကြီးထွားမှုအကြောင်းခံ ဆိုတာဘာလဲ

ဒါကြောင့် ကျန်းမာတဲ့ အသားအရေအတွက် growth factor တွေဟာ အလွန်ပဲ အရေးကြီးလှပါတယ်။growth factor တွေအကြောင်း သိရှိနားလည်နိုင်စေဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ကြရအောင်။

Growth factor ဆိုတာဘာလဲ။

growth factor တွေဟာ ဆဲလ်ကြီးထွားမှု နဲ့ ပွားများမှုတွေကို ကူညီထောက်ပံ့ပေးနိုင်တဲ့အပြင် ထိခိုက်ဒါဏ်ရာရနေတဲ့ ဆဲလ်တွေကို ကုသပေးနိုင်တာကြောင့် ဆဲလ်တွေရဲ့ လုပ်ငန်းတာဝန်တွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေပါတယ်။

ကျွန်တော်တို့တွေ အသက်ကြီးလာတာနဲ့အမျှ သဘာဝပရိုတင်းတွေ ထုတ်လုပ်မှုဟာ တဖြည်းဖြည်းနဲ့ နည်းပါးလာတဲ့အတွက် collagen ဓါတ် ချို့တဲ့လာပါတယ်။

ဒါကြောင့် အသားအရေထိန်းသိမ်းတဲ့ အလှကုန်ပစ္စည်းတွေဟာ ခန္ဓါကိုယ်ကနေ collagen ဓါတ် ထုတ်လုပ်မှု ဒါမှမဟုတ် ဓါတ်တိုးဆန့်ကျင်ပစ္စည်းထုတ်လုပ်မှုကို များပြားလာအောင် ပြုလုပ်ပေးတာ ဖြစ်ပါတယ်။

Growth factor တွေဟာ ဆဲလ်ကွဲပွားခြင်းကို ထိန်းညှိပေးနိုင်တာကြောင့် သက်ရှိဆဲလ်တွေကို ထိန်းချုပ်နိုင်ပါတယ်။ သင့်တော်မှန်ကန်တဲ့ အခြေအနေမှာဆိုရင် အဆိုပါ ပရိုတင်းတွေဟာ ကျန်းမာကောင်းမွန်တဲ့ အသားအရေရဲ့ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းဆောင်တာတွေကို ကူညီထိန်းသိမ်းပေးပါတယ်။

ကျွန်တော်တို့ရဲ့ အရေပြားဟာ epidermis, dermis, နဲ့subcutis ဆိုပြီး အလွှာသုံးလွှာ ရှိပြီး epidermis ကတော့ အပြင်ဖက်ဆုံးသော အလွှာဖြစ်ပါတယ်။

epidermis ဟာ အရေပြားထဲ ရေစိမ့်မဝင်နိုင်အောင် ကာကွယ်ပေးထားတဲ့အပြင် အသားအရေတင်းရင်းမှုကိုလည်း ဖြစ်စေပါတယ်။

epidermis ရဲ့ အောက်မှာရှိတဲ့ အလွှာက dermis ဖြစ်ပြီး ၎င်းအလွှာမှာတော့ တွယ်ဆက်တစ်ရှူးတွေ၊ဆံချည်မျှင်အိတ်တွေနဲ့ ချွေးဂလင်းတို့ ပါဝင်ပါတယ်။

dermis ရဲ့ အောက်မှာရှိတဲ့အလွှာက တွယ်ဆက်တစ်ရှူးတွေနဲ့ အဆီတွေ ပါဝင်ဖွဲ့စည်းထားတဲ့ အလွှာပဲ ဖြစ်ပါတယ်။ ဆဲလ်အမျိုးအစားအားလုံးကနေ Growth factor တွေကို ထုတ်လုပ်ပေးပါတယ်။Growth factor တွေဟာ (horn cells, fibroblasts နဲ့melanocytes တွေ အပါအဝင်) epidermis နဲ့dermis အလွှာတွေ ဖြစ်တည်လာဖို့ကို အဓိက ကူညီထောက်ပံ့ပေးပါတယ်။

ဒါ့အပြင် Growth factor အများအပြားဟာ အရွတ်တွေ၊အရွတ်ကြောတွေ ပျက်စီးထိခိုက်မှုကိုလည်း သက်သာပျောက်ကင်းစေနိုင်သလို အဆစ်အမြစ်တွေမှာရှိတဲ့ အရွတ်ကြောတွေ ပုံမှန်အတိုင်း ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ ကူညီထိန်းသိမ်းပေးပါတယ်။

growth factor ရဲ့ ပါဝင်ပစ္စည်းတွေက အောက်ပါအတိုင်း ဖြစ်ကြပါတယ်။

growth factor ရဲ့ အချို့သော ပါဝင်ပစ္စည်းတွေဟာ အလှအပရေးရာအတွက် အာနိသင်ထိရောက် အကျိုးရှိတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။

· PGGF ကို သွေးမွှားဥ၊သွေးကြောနံရံမှာရှိတဲ့ ဆဲလ်တွေ ဒါမှမဟုတ် အချင်းကနေ ရရှိနိုင်ပြီး အာရုံကြောဆဲလ်တွေရဲ့ တွယ်ဆက်တစ်ရှူးတွေ ကြီးထွားဖွံ့ဖြိုးမှုကို အားပေးကူညီတာမို့ အသားအရေရဲ့ အစိုဓါတ်ကို ထိန်းထားနိုင်ပါတယ်။

· TGF-β မှာ ရောင်ရမ်းခြင်းကို သက်သာပျောက်ကင်းစေတဲ့ ဆဲလ်တွေပါဝင်တဲ့အတွက် အနာကျက်မြန်စေပါတယ်။ သူတို့ဟာ macrophage နဲ့ lympho ဆဲလ်တွေရဲ့ ကြီးထွားမှုကို တားဆီးပိတ်ပင်နိုင်တာကြောင့် အသားအရေကို တင်းရင်းစေတယ်လို့ လေ့လာချက်တွေအရ သိရှိရပါတယ်။

· EGF ကို မေးစေ့အောက်ဂလင်းတွေနဲ့ brunners ဂလင်းတွေမှာ တွေ့ရှိနိုင်ပြီး mesangial, glial နဲ့ epithelial ဆဲလ်တွေရဲ့ ပွားများနှုန်းကို မြှင့်တင်ပေးနိုင်တာကြောင့် အရေပြားမျက်နှာပြင် တဖန်ပြန်လည်ကောင်းမွန်အောင် အားပေးကူညီပါတယ်။

· VEGF ဟာ သွေးမွှားဥတွေကနေ ရရှိပြီး သွေးကြောတွေရဲ့ နံရံမှာ တွေ့ရှိရတဲ့ growth factor တမျိုးဖြစ်ကာ သွေးကြောအသစ်တွေ ဖြစ်ပေါ်လာအောင် ကူညီထောက်ပံ့ပေးပါတယ်။

· IGF ဟာ အင်ဆူလင်ဟော်မုန်းနဲ့ ဆင်တူတဲ့ growth factor ဖြစ်ပြီး အသည်းကနေ အဓိကထုတ်လုပ်ပေးပါတယ်။HGF ဟာ အသည်းဆဲလ်တွေမှာ တွေ့ရှိရတဲ့ growth factor ဖြစ်ပြီး ဆဲလ်တွေနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပျက်စီးတဲ့အခါ အမြန်ဆုံးပြန်လည်ကောင်းမွန်လာအောင် ကူညီဆောင်ရွက်ပေးနိုင်တာကြောင့် မျက်နှာပေါ်မှာ အမာရွတ်ထင်ကျန်မှုကို လျော့နည်းစေပါတယ်။

growth factors တွေ ဘယ်လို အလုပ်လုပ်သလဲ။

အရေပြားထိခိုက်ရောင်ရမ်းမှု ဖြစ်တဲ့အခါ ထွက်လာတဲ့ အင်ဇိုင်းမ်တွေဟာ အရေပြားဆဲလ်တွေကို ထိခိုက်ပျက်စီးစေပါတယ်။ ဒီအခြေအနေမှာ growth factor တွေဟာ ဆဲလ်ပျက်စီးမှုကို ချက်ချင်းသိရှိပြီး collagen ထုတ်ပေးနိုင်တဲ့ ဆဲလ်တွေဆီကို အချက်ပြအသိပေးလိုက်ပါတယ်။

ဒီလိုနဲ့ growth factor တွေဟာ အရေပြားထိခိုက်မှုကို သက်သာပျောက်ကင်းစေပြီး ကျန်းမာကောင်းမွန်တဲ့ အသားအရေ ပြန်ဖြစ်လာစေပါတယ်။

growth factor တွေဟာ အမျိုးအစားကွဲပြားတဲ့ ဓါတ်ပစ္စည်းတွေဖြစ်ကြပြီး ဆဲလ်ကြီးထွားခြင်းကို အားပေးကူညီကာ ပျက်စီးနေတဲ့ တစ်ရှူးတွေကို ကူညီပြင်ဆင်ပေးတဲ့အပြင် သက်ရှိဆဲလ်တွေကိုလည်း ကာကွယ်ပေးပါသေးတယ်။

ဒါကြောင့် growth factor တွေဟာ ဆေးဝါးကုသရေးမှာရော ဆေးသုတေသန ရပ်ဝန်းမှာပါ အင်မတန်အရေးကြီးတဲ့ ပစ္စည်းတွေ ဖြစ်လာနေပြီပဲ ဖြစ်ပါတယ်။

Dr. Kaung Thar
Dr. Kaung Thar
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Dr. Thiha Phyo Myint · 01/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။