brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကျွန်ုပ်၏ အမြွှာကလေးများသည် ချွပ်စွပ်တူသောအမြွှာအမွှာများဖြစ်ကြောင်း မည်ကဲ့သို့ သိနိုင်မည်နည်း

ကလေးတစ်ယောက်တည်းမွေးသည်နှင့် မတူပဲ အမြွှာအမွှာကလေးများ မွေးခြင်းသည် သင့်ကို ပို၍ ပျော်ရွှင်စေနိုင်ပြီး ပို၍လည်း ခက်ခဲပင်ပန်းစေပါသည်။ အမြွှာအမွှာကလေးရှိသော မိဘများ မေးတတ်သည်မှာ သူတို့၏ ကလေးများသည် မျိုးဥတစ်ခုထဲမှ မွေးလာသော ကလေးများ ဟုတ်မဟုတ် ဖြစ်သည်။ သုတေသနများအရ အမြွှာများသည် ထပ်တူကျသော ကလေးများဟုတ်မဟုတ် ကို သိနိုင်ရန် နည်းလမ်းများစွာ ရှိပါသည်။

ကျွန်ုပ်၏ အမြွှာကလေးများသည် ချွပ်စွပ်တူသောအမြွှာအမွှာများဖြစ်ကြောင်း မည်ကဲ့သို့ သိနိုင်မည်နည်း

ထပ်တူညီသော အမြွှာနှင့် ကွဲပြားသော အမြွှာအမွှာဟူသည် အဘယ်နည်း။

သင့်တွင် အမြွှာအမွှာကလေးများ ရတော့မည်ဆိုလျှင် သင်သိထားသည့်သည့် အချက်အချို့ရှိပါသည်။ အမြွှာများတွင် နှစ်မျိုးရှိသည်။ ထပ်တူညီသော အမြွှာနှင့် ကွဲပြားသောအမြွှာ ဖြစ်သည်။ အခြေခံအားဖြင့် ကလေးနှစ်ယောက်သည် ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်များ တူနေလျှင် ထပ်တူညီသောအမြွှာများဖြစ်ပြီး ကိုယ်ဝန်ရှိစဉ် အချင်းနှစ်ခုနှင့် မွေးလာလျှင် ကွဲပြားသောအမြွှာများဖြစ်ကြသည်။ ထပ်တူညီသော အမြွှာများသည် မျိုးဥတစ်ခုနှင့် သုက်ပိုးတစ်ခုထဲမှ မျိုးအောင်ပြီး မွေးလာခြင်းဖြစ်သောကြောင့် တူညီကြသည်။ ကွဲပြားနေသော အမြွှာများသည် မျိုးဥနှင့် သုက်ပိုး တစ်ခုထက်ပိုပြီး မျိုးအောင်သောကြောင့် မိဘ၏ DNA ကို ရရှိကြသော်လည်း တစ်ယောက်နှင့် တစ်ယောက် ပုံစံမတူညီကြပေ။

ကလေးများသည် ထပ်တူညီသော အမြွှာများဟု မည်ကဲ့သို့ သိနိုင်မည်နည်း။

အချို့သော မိဘများသည် ကလေးများ၏ ပုံပန်းလက္ခဏာများ သေချာစွာပေါ်သည်အထိ စောင့်သော်လည်း အချို့မှာ မစောင့်နိုင်ကြပေ။ ကလေးများကို ခွဲခြားရန် သင့်ဆရာဝန်မှ twin zygosity DNA test စစ်ဆေးရန် ပြောနိုင်ပါသည်။ ထိုစစ်ဆေးမှုသည် ကလေးမွေးပြီးနောက် လုပ်ဆောင်နိုင်သော ရိုးရှင်းသော စစ်ဆေးမှုဖြစ်ပါသည်။ ကလေးမွေးပြီးလျှင် အချင်းကို စစ်ဆေးခြင်းဖြင့် သင့်ဆရာဝန်မှ လွယ်ကူစွာခွဲခြားနိုင်ပါသည်။ များသောအားဖြင့် ထပ်တူညီသော အမြွှာများသည် အချင်းတစ်ခုထဲသာရှိပြီး၊ ကွဲပြားသော အမြွှာများတွင် အချင်းသီးသန့်စီ ရှိကြသည်။ သေချာစေရန် twin zygosity DNA test ကို စစ်ဆေးခြင်းဖြင့် ကလေးများ၏ DNA ကို စစ်ဆေးနိုင်ပြီး ထိုစစ်ဆေးမှုသည် ကလေးကို မနာကျင်စေပေ။ စစ်ဆေးမှုသည် လုံးဝကိုက်ညီလျှင် သင့်ကလေးသည်ထပ်တူညီသော အမြွှာများဖြစ်သည်။ အချင်းစစ်ဆေးမှုနှင့် အာထရာဆောင်းရိုက်ခြင်းသည် တစ်ခါတစ်ရံ မှားယွင်းနိုင်ပါသည်။ ထို့ကြောင့် အကောင်းဆုံးသည် သင့်ကလေးမွေးသည် အထိစောင့်ဆိုင်းပြီး စစ်ဆေးရန်ဖြစ်ပါသည်။

သင့်ကလေးအမြွှာများသည် ထပ်တူညီမှု ရှိမရှိကို သိနိုင်ရန် ဆရာဝန်သည် twin zygosity DNA test သို့မဟုတ် အာထရာဆောင်းရိုက်ခြင်း ကို လုပ်ဆောင်နိုင်ပါသည်။ ထိုစစ်ဆေးမှုများကို ပြုလုပ်ခြင်းဖြင့် သင့်ကလေးများ၏ ထပ်တူညီမှု ရှိမရှိကို သိနိုင်ပါလိမ့်မည်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Su Sandy မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/01/2022 ဖြစ်ပါသည်။