brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်နံ့ပြင်းရင် ဒါတွေရှောင်ပါ

ခန္ဓါကိုယ်ရဲ့ ကိုယ်နံ့ကလည်း လူတွေကို ဆွဲဆောင်တဲ့အရာတွေထဲက တစ်ခုပါ။ အနံ့ဆိုးကင်းစင်ပြီး လတ်ဆတ်တဲ့ ကိုယ်သင်းနံ့လေးရှိနေမယ်ဆိုရင် သင်ဟာ အများကြားမှာ မျက်နှာပွင့်လန်းနေမှာ အသေအချာပါ။ ကိုယ်နံ့သင်းပျံ့မှုက ဆန့်ကျင်ဘက်လိင်ကိုဆွဲဆောင်ရာမှာတော်တော်လေးသက်ရောက်မှုရှိပါတယ်နော်။ ဒီတော့ သင်းပျံ့လတ်ဆတ်တဲ့ ကိုယ်သင်းနံ့လေးရှိနေစေဖို့ ဒီဆောင်းပါးလေးကနေ အထောက်အပံ့ပေးပါရစေလား။

ကိုယ်နံ့ပြင်းရင် ဒါတွေရှောင်ပါ

သင်းပျံ့လတ်ဆတ်တဲ့ကိုယ်နံ့လေးပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒါတွေရှောင်ပါ

တစ်ခါတလေမှာ ကိုယ်နံ့ဆိုးတာက မျိုးရိုးလိုက်တာကြောင့်ဖြစ်နိုင်သလို ကျန်းမာရေးအခြေအနေတစ်ခုခုကြောင့်လည်းဖြစ်နေနိုင်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတာကြောင့်နဲ့နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေကြောင့်လည်း ကိုယ်နံ့ဆိုးနိုင်ပါတယ်နော်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက ကျန်းမာရေးအတွက် အကျိုးပြုပေမယ့် အနံ့ဆိုးတွေကိုဖြစ်စေနိုင်ပါတယ်။ အရေးကြီးကိစ္စပြောစရာရှိတာမျိုး အလုပ်ခွင်ထဲရောက်နေတဲ့အခါမျိုးမှာ ကြက်သွန်ဖြူမစားမိပါစေနဲ့။ ခံတွင်းအနံ့ဆိုးတာ နဲ့ချွေးနံ့ဆိုးတာေတွဖြစ်စေနိုင်တာကြောင့်ပါ။

ကြက်သွန်နီ

ကြက်သွန်နီက မီးဖိုချောင်ရဲ့ဆေးဝါးဆိုပေမယ့် ခံတွင်းနံ့၊ချွေးနံ့နဲ့ဆီးအနံ့ကိုဆိုးစေနိုင်တာအမှန်ပါ။ ဒါကြောင့် ခန္ဓါကိုယ်မှာအနံ့ဆိုးမဖြစ်ချင်ဘူးဆိုရင်ရှောင်ရပါမယ်။

ပန်းဂေါ်ဖီ၊ဂေါ်ဖီထုတ်

ဒီအစားအစာတွေကလေပွေစနိုင်ပြီး ခန္ဓါကိုယ်ကိုအနံ့ဆိုးတွေဖြစ်စေနိုင်ပါတယ်။

အနီရောင်အသားတွေ

အနီရောင်အသားစားသုံးမှုများလေလေ ခန္ဓါကိုယ်ရဲ့ ကိုယ်နံ့ကပြင်းလေလေပါ။ ဒါကြောင့်အနီရောင်အသားကိုတတ်နိုင်သမျှလျှော့စားပါ။

ဆေးလိပ်

ဆေးလိပ်က ကျန်းမာရေးကို ထိခိုက်စေနိုင်သလို ကိုယ်နံ့လည်းပြင်းစေနိုင်ပါတယ်။ အဝတ်အစားတွေမှာ အနံ့တွေကပ်ကျန်နေပြီး ကိုယ်နံ့ကိုဆိုးစေနိုင်ပါသေးတယ်။

ကော်ဖီ

ကဖင်းဓါတ်ကလည်း ကိုယ်မှာ အနံ့ဆိုးဖြစ်အောင်လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် ကိုယ်နံ့ပြင်းတတ်တယ်ဆိုရင်ကော်ဖီနဲ့ ကဖင်းဓါတ်ပါတဲ့ စားစရာေ၊သောက်စရာတွေကို မကျွေးပါနဲ့။

အယ်လ်ကိုဟော

အရက်အပါအဝင် အယ်လ်ကိုဟောပါတဲ့သောက်စရာတိုင်း ကိုယ်နံ့ကိုပြင်းစေနိုင်ပါတယ်။ ဒါကြာင့် သတိထားသင့်ပါတယ်။

ဘာတွေစားရမလဲ

  • နွားနို့
  • ဒိန်ချဉ်
  • ပီကေ
  • အဖြူရောင်ငါး
  • သံပရိုသီး၊ သံပုရာသီး
  • ပန်းသီး
  • လက်ဖက်စိမ်းရေနွေးကြမ်း တို့သောက်သုံးပေးပါ။

ဘယ်အချက်တွေလိုက်နာရမလဲ

  • ရေပုံမှန်ချိုးပါ
  • တစ်ပတ် နှစ် ကြိမ်ခေါင်းလျှော်ပါ
  • တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ
  • ချိုင်းမွှေးတွေရိတ်ပါ
  • ရေချိုးပြီးတိုင်းရေခြောက်အောင်သုတ်ပေးပါ
  • အဝတ်အစားတွေသန့်ရှင်းမှုရှိအောင်ဂရုစိုက်ပါ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/07/2022 ဖြစ်ပါသည်။