brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အရက်သောက်ခြင်းကို ရှောင်ကြဉ်ရန် နည်းလမ်းများ

အရက်သည် အသည်းဆဲလ်များကို ပျက်စီးစေသည်။

အရက်သောက်ခြင်းကို ရှောင်ကြဉ်ရန် နည်းလမ်းများ

အရက်သောက်ခြင်းသည် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ် အပေါ် ဆိုးကျိုးဖြစ်စေပြီး ကင်ဆာဖြစ်စေနိုင်သည်။ အသည်းသည် ခန္ဓာကိုယ်မှ အဆိပ်အတောက် ပစ္စည်းများကို စွန့်ထုတ် ပေးပြီး သတ်မှတ်ထားသော အတိုင်းအတာအတွင်းသာ အလုပ်လုပ်ပါသည်။ ခန္ဓာကိုယ်တွင် အရက်အလွန်များပါက အသည်းကို အလုပ် အလွန်လုပ်စေပြီး ဆိုးရွားစွာ ထိခိုက်စေ သည်။

အသည်းတွင် အမာရွတ်တစ်ရှူးဖြစ်ပေါ်ပြီး အသည်း ခြောက်ခြင်းကို ဖြစ်စေသည်။ ထိုမှတစ်ဆင့် ကင်ဆာ ဖြစ်စေ သည်။ အရက်သည် အသည်းရောင်ရောဂါ ဘီနှင့် စီ ဗိုင်းရပ်စ် တို့ဖြင့် အသည်းခြောက်ခြင်းကို ပိုဆိုးစေသည်။ ထို့ကြောင့် အရက်ကို အသည်းကင်ဆာကို ဦးတည်စေသော အန္တရာယ် အများဆုံး အချက်တစ်ချက်အဖြစ် သတ်မှတ်ထားသည်။

အသည်းရောင်ရောဂါ လူနာများတွင် အရက်စွဲခြင်းကို ဘယ် လို ကုသမလဲ။

အသည်းရောင်ရောဂါရှိသော အရက်သမားများတွင် အရက်ကို ကုသနေစဉ်ကာလအတွင်း ရုတ်တရက် မဖြတ်နိုင် ပါ။ အဘယ်ကြောင့်ဆိုသော် အလွန်ပြင်းထန်သော သို့မဟုတ် အသက်အန္တရာယ် စိုးရိမ်ရသော တုံ့ပြန်မှုများ ဖြစ်လာနိုင် သောကြောင့် ဖြစ်သည်။ လူနာကို ဆေးရုံတွင် ကုသသင့် သည်။

ဆေးရုံတွင်ကုသမှုကာလသည် ၈-၁၄ရက် ကြာနိုင်သည်။ ထိုအချိန်အတွင်းတွင် အောက်ပါလက္ခဏာများ ဖြစ်လာလေ့ ရှိသည်။

  • ပျို့တက်ခြင်း
  • အိပ်မရခြင်း
  • ဒေါသထွက်ခြင်း၊ စိတ်ဓာတ်ကျခြင်း

ခန္ဓာကိုယ်သည် အရက်ကို အလွန်စွဲလမ်းနေပါက တုန်ရီ ခြင်း ( အထူးသဖြင့် လက်နှစ်ဖက်)၊ ဆိုးရွားသော ဖြစ်ပွားမှု များတွင် တက်ခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်းတို့ ဖြစ်လာ သည်။ ထပ်ပေါင်းပြောရသော် အသည်းရောင်ရောဂါ ကုသမှု အတွက် အရက်ဖြတ်ရသော အရက်သမားများတွင် စိတ်ရော ဂါအထူးကု ဆရာဝန်၏ အကူအညီ လိုအပ်နိုင်သည်။

အရက်သောက်ခြင်းကို ရှောင်ရန် နည်းလမ်းတွေက ဘာလဲ။

အသည်းကို မထိခိုက်ဘဲ ဘယ်လောက်သောက်နိုင်သလဲ ကို သတ်မှတ်ထားသော စည်းမျဉ်းမရှိပါ။ ဦးစွာ စသောက်ရန် သို့မဟုတ် နောက်တစ်လုံး မှာရန် သင့်မသင့်ကို စဉ်းစား ဆုံး ဖြတ်ရန် နည်းလမ်းအချို့ကို အောက်တွင် ဖော်ပြထားသည်။

အရက်ထွက်သောက်ရန် ဆုံးဖြတ်ထားပါက သင့်ထက် အရက်ပိုသောက်နိုင်သော သူငယ်ချင်းများနှင့် အရက်ပြိုင်သောက်ခြင်း မပြုမိပါစေနှင့်။ သင်၏ လိင်၊ လူမျိုး၊ ကိုယ်အလေးချိန် နှင့် ကျန်းမာရေး အခြေ အနေတို့သည် သင်အရက်သောက်နိုင်သည် မသောက်နိုင်သည်ကို ဆုံးဖြတ်ပေးသော အရာများ ဖြစ်သည်။ ထို့ကြောင့် သင်သည် သင့် ကန့်သတ် ချက်ကို သိသည်ဟု မထင်ပါနှင့်။

အရက် အမျိုးအစားသည် အရေးမကြီးပါ။ ပမာဏ သည်သာ အရေးကြီးသည်။ ထို့ကြောင့် အရက် အမျိုးအစား တစ်ခုသည် အခြားထက် အန္တရာယ် မရှိနိုင်ဟု ယုံကြည်၍ သောက်ရန် မရွေးပါနှင့်။

တစ် ခွက်သည် ဘီယာ ၁၂အောင်စ (၃၄၁ မီလီ လီတာ) ၊ ဝိုင် ၅အောင်စ (၁၄၂ မီလီလီတာ)၊ ရှယ်ရီ အရက် ၃အောင်စ (၈၆ မီလီလီတာ)၊ spirits ၁.၅ အောင်စ ( ၄၃ မီလီလီတာ) နှင့် ညီမျှသည်။ တစ်ခုစီသည် ရေရောထားထား မထားထား အသည်းအပေါ် တူညီသော သက်ရောက်မှု ရှိသည်။

အရက်နှင့် ဆေးကို ဘယ်တော့မှ တွဲမသောက်ပါ နှင့်။ ဥပမာ acetaminophen နှင့် အရက်ကို တွဲ သောက်ခြင်းသည် အသည်းပျက်စီးခြင်းကို ဖြစ်စေ သည်။

အမျိုးသမီးဖြစ်ပါက သင်သောက်နိုင်သည်ထက် ပို၍ မသောက်ပါနှင့်။ အမျိုးသမီးများတွင် အရက်စုပ်ယူ မှုသည် အမျိုးသားများနှင့် မတူပါ။ ထို့ကြောင့် အမျိုး သမီးများသည် အမျိုးသားများထက် အရက် နည်းစွာ သောက်သော်လည်း အရက်နှင့် ဆက်စပ်သော အသည်း ရောဂါများကို ပိုဖြစ်နိုင်သည်။

အချိန်တိုအတွင်းတွင် အရက်အလွန်သောက်ရန် အားပေးသော အရက်သောက်ပြိုင်ပွဲများ မကစားပါ နှင့်။

အရက်ကို တစ်ခွက်၊ နှစ်ခွက်သာ သောက်ပါ။ နေ့စဉ် မသောက်ပါနှင့်။ အသည်းကို စိတ်ပူပါက အရက်၏ အန္တရာယ် ကင်းသော ပမာဏမှာ သုညပင်ဖြစ်သည်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Zin Wai Yan Lin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/01/2022 ဖြစ်ပါသည်။