
နားနေစဉ် နှလုံးခုန်နှုန်း ဆိုတာ ဘာလဲ။
နားနေစဉ် နှလုံးခုန်နှုန်း ဆိုတာ နားနားနေနေအချိန်မှာ တစ်မိနစ်တွင် ခုန်သည့် နှလုံးခုန်နှုန်းကို ဆိုလိုပါတယ်။ ဆိုလိုတာက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အောက်ဆီဂျင်လိုအပ်ချက်ကို ပြည့်မီနိုင်ဖို့ နှလုံးက သွေးအနည်းဆုံးညှစ်နေရတဲ့ အနေအထားပါ။ ပုံမှန်အားဖြင့် တစ်မိနစ်ကို ၆၀-၁၀၀ ခုန်နှုန်းကြားမှာ ရှိပါတယ်။
နားနေစဉ် နှလုံးခုန်နှုန်းကို ဘယ်လိုတိုင်းတာမလဲ။
နားနေစဉ် နှလုံးခုန်နှုန်းကို တိုင်းတာဖို့ အကောင်းဆုံးအချိန်က မနက်ပိုင်း အိပ်ရာက မထခင်ပါ။ သွေးခုန်နှုန်းကို စစ်ဆေးဖို့
အောက်ပါ နည်းလမ်း ၂ခုကို အသုံးပြုနိုင်ပါတယ်။
-လက်ညိုးနဲ့ လက်ခလယ် နှစ်ခုကို ပူးပြီး နောက်လက်တစ်ဖက်ရဲ့ လက်မအောက် လက်ကောက်ဝတ်နေရာမှာ တင်ထားပါ။
-လက်ညိုးနဲ့ လက်ခလယ် နှစ်ခုကို ပူးပြီး လည်ပင်း မေးရိုးအောက် လေပြွန်ရဲ့ ဘေးမှာ ကပ်ထားပါ။ လေပြွန်နှစ်ဖက်လုံးကို မဖိရပါ။
၁၅စက္ကန့်ရေပြီး ၄နဲ့ မြှောက်ရင် နားနေစဉ် နှလုံးခုန်နှုန်းကို ရနိုင်ပါတယ်။