ကျန်းမာရေးကိရိယာများ
သွေးဆုံးအကြိုကာလ၊ သွေးဆုံးခါနီးကာလနဲ့ သွေးဆုံးပြီးချိန်များကို ကိုယ်တိုင်ဆန်းစစ်ကြည့်ခြင်း
အရွယ်ရောက်ပြီးသူများထိုးထားသင့်တဲ့ ကာကွယ်ဆေး

ကလေးရဲ့ဝမ်း အရောင်နဲ့ ကျန်းမာရေး
ဆီးကျိတ်ရောဂါ ဖြစ်နိုင်ခြေ စစ်ဆေးခြင်း
သုက်လွှတ်စောခြင်း ကို စစ်ဆေးခြင်း

ရှိသင့်တဲ့ ပျမ်းမျှနှလုံးခုန်နှုန်း တွက်ချက်ခြင်း
သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။

ကိုယ်ဝန်ဆောင်ကျန်းမာရေး

မင်းရဲ့ကလေးမွေးမည့်ရက်ကိုရှာပါနှင့် မင်းရဲ့ဆောင်ရွက်မှုခရီးကိုလမ်းညွှန်ပါ
ဤကလေးမွေးမည့်ရက်တွက်စက်ကိုအသုံးပြု၍ မင်းရဲ့မွေးမည့်ရက်ကိုရှာပါ။ ဒါဟာခန့်မှန်းချက်သာဖြစ်ပြီး အာမခံချက်မဟုတ်ပါ။ အမျိုးသမီးအများစု (အားလုံးမဟုတ်) သည် ဤရက်အပိုင်းအခြားမတိုင်မီ သို့မဟုတ် နောက်တစ်ပတ်အတွင်း ကလေးမွေးဖွားလေ့ရှိသည်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
ဤကိရိယာသည် သတင်းအချက်အလက်ပေးလိုခြင်းသာ ဖြစ်ပြီး ဆေးပညာအကြံပေးချက်များကို အစားထိုးရန် မဟုတ်ပါ။ ၄င်းကို ကျွမ်းကျင်ပညာရှင်များ၏ အကြံဉာဏ်၊ ရောဂါရှာဖွေချက်နှင့် ကုသမှုများကို အစားထိုးရန် မသင့်ပါ။ Hello Sayarwonတွင် ဖတ်ရှုထားသော အချက်အလက်များကြောင့် ကျွမ်းကျင်ပညာရှင်များ၏ အကြံပေးချက်များကို လျစ်လျူမရှုသင့်ပါ။
အမေးအဖြေကဏ္ဍ
ကိုယ်ဝန်ဆောင်ကာလက ရက်သတ္တပတ် ၄၀ ( သန္ဓေအောင်ပြီးချိန်ကနေ ၃၈ ပတ်) ကြာမြင့်ပါတယ်။ မွေးဖွားမယ့်ရက်ကို ခန့်မှန်းနိုင်မယ့် အကောင်းဆုံး နည်းက နောပ်ဆုံးရာသီလာခဲ့တဲ့ ရာသီစက်ဝန်း ပထမရက်ထဲကို အပတ် ၄၀ ဒါမှမဟုတ် ရက်ပေါင်း ၂၈၀ ထည့်ပေါင်းတာပါ။ နောက်တစ်နည်းက နောက်ဆုံးရာသီလာခဲ့တဲ့ ရာသီစက်ဝန်း ပထမရက်ထဲကနေ ၃ လနုတ်ပြီး ၇ရက်ပေါင်းလိုက်တာပါ။
ဥပမာ နောက်ဆုံး ရာသီလာခဲ့တဲ့ ရာသီစက်ဝန်း ပထမရက်ထဲက ဧပြီလ ၁၁ ရက် ၂၀၂၀ ဆိုကြပါစို့။ ဒီထဲကနေ ၃ လကို နုတ်လိုက်မယ်ဆိုရင် ဇန်နဝါရီလ ၁၁ ရက် ၂၀၂၀ ဖြစ်မှာပါ။ ဒါကို ၇ ရက် ပေါင်းလိုက်ရင် ဇန်နဝါရီ ၁၈ ရက် ၂၀၂၀ ဖြစ်မှာပါ။ ဒါပေမယ့် ၉ လလွယ် ဆယ်လဖွားဆိုတော့ နှစ်ကတော့ ၂၀၂၀ ကဆို ၂၀၂၁ ဖြစ်မှာကို သတိထားစေချင်ပါတယ်။ တစ်နှစ်တိုးသွားမယ့်သဘောပါ။ ဒါက အိုဂျီတွေ မွေးဖွားမယ့်ရက်ကို တွက်ချက်ပေးတဲ့ နည်းလမ်းတစ်မျိုးပါ။ သတိထားရမှာက တွက်ထားတဲ့ ရက်ထပ် တစ်ပတ်စော တစ်ပတ် နောက်ကျတာမျိုး ရှိနိုင်တယ်ဆိုတာကိုပါ။
အတူနေသည့်ရက်ကို သိရှိမယ်။ အမျိုးသမီးက ရာသီစက်ဝန်းမှန်မယ်။ သားဥကြွေတဲ့ရက်ကို သေချာသိရှိမယ်ဆိုရင် ကိုယ်ဝန်ကာလကို တွက်ချက်လို့ရပါတယ်။ အကြောင်းကတော့ သားဥကြွေပြီးချိန်မှာ မမျိုးဥရဲ့ သက်တမ်းက တစ်ရက်သာဆိုပေမယ့် သုက်ကောင်ကတော့ အမျိုးသမီးရဲ့ ခန္ဓာကိုယ်တွင်းမှာ ၅ ရက်အထိ ရှင်သန်နေနိုင်ပါတယ်။ ဒီကာလအတွင်း သုက်ပိုးတစ်ကောင်က မမျိုးဥတစ်လုံးနဲ့ သန္ဓေအောင်ခြင်း ဖြစ်နိုင်ပါတယ်။
ဒီတွက်ချက်တဲ့ နည်းလမ်းကို အသုံးပြုပြီး အတူနေတဲ့ရက်ကို ၃၆ ပတ် ဒါမှမဟုတ် ၂၆၆ ရက်ထည့်ပေါင်းပြီး ကိုယ်ဝန်ရရှိသည့်ရက်ကို တွက်ချက်နိုင်ပါတယ်။
ဖန်ပြွန်သန္ဓေသားရဲ့ ကိုယ်ဝန်ဆောင်ကာလကို တွက်ချက်ခြင်းက ပုံမှန် သန္ဓေအောင်ပြီး ကိုယ်ဝန်ဆောင်တဲ့ မိခင်တွေရဲ့ ကိုယ်ဝန်ဆောင် ကာလကို တွက်ချက်တာထက် ပိုတိတိကျကျ ထွက်ပါမယ်။ အကြောင်းကတော့ သန္ဓေအောင်တဲ့ရက်ကို တိတျကျကျ သိရှိထားလို့ပါ။
သင်က ဖန်ပြွန်သန္ဓေသား ကိုယ်ဝန်ဆောင် မိခင်ဖြစ်မယ်ဆိုရင် မွေးဖွားတဲ့ရက်ထဲကို သိရှိဖို့ ကိုယ်ဝန်စဆောင်တဲ့ ရက်ထဲကို ၃၈ ပတ် (၂၆၆ ရက်)ထည့်ပေါင်းရပါမယ်။ နောက်ထပ် တွက်ချက်နည်း တစ်ခုက သန္ဓေသား သန္ဓေအောင်တဲ့ ရက်ကို ၃၈ ပတ် ထည့်ပေါင်းပြီး သန္ဓေအောင်ပြီး ၃ ရက်မှ သားအိမ်ထဲထည့်တာဆိုရင် ၃ ရက် ၅ ရက်ကြာမှ ထည့်တာဆိုရင် ၅ ရက်ကို နုတ်ရပါမယ်။