အဝါရောင်ရှိပြီး အစေ့အမှုန်ပါသော ကလေးဝမ်း

ဤပုံသည် စိတ်အနှောင့်အယှက်ဖြစ်နိုင်ပါသည်။

သတိပေးချက် : ဤပုံသည် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါသည်။ ကြည့်ရှုသူများအား သတိထားကြည့်စေလိုပါသည်။

အဝါရောင်ရှိပြီး အစေ့အမှုန်ပါသော ကလေးဝမ်း

အဝါရောင်ရှိပြီး အစေ့အမှုန်ပါသော ဝမ်း

ဖော်ပြချက်

မိခင်နို့သောက်သုံးထားသော ကလေးဝမ်း

မိခင်နို့သောက်သုံးထားသော ကလေးဝမ်းဟာ အဝါရောင်စေးချွဲချွဲဖြစ်လေ့ရှိပြီး အစေ့အစေ့လေးတွေလို ပါနေတတ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက အနံ့ကတော့ မဆိုးပါဘူး။

ဘာလုပ်သင့်သလဲ။

စိတ်မပူပါနဲ့။ သင့်ကလေးရဲ့ဝမ်းက ပုံမှန်ပါပဲ။ မိခင်နို့မှာ သင့်ကလေးကျန်းမာဖို့နဲ့ ကြီးထွားဖွံ့ဖြိုးစေဖို့ အဓိကအာဟာရဓါတ်တွေ ပါဝင်ပါတယ်။ ကလေးရဲ့သေးခံမှာ ရေညှိလို အစိမ်းရောင်ရှိပြီးအမြှုပ်ထနေတဲ့ ဝမ်းကို တွေ့ရတယ်ဆိုရင် နို့ဦးရည်(ပထမဆုံးထွက်တဲ့ ကယ်လိုရီနည်းတဲ့မိခင်နို့)ကို သောက်သုံးမှုများပြီး အဆီဓါတ်နဲ့ အာဟာရဓါတ်ပြည့်ဝတဲ့ နောက်ပိုင်းထွက်တဲ့နို့ကို အလုံအလောက်မစို့လို့ဖြစ်ပါတယ်။ ဒါဟာ ကလေးကို နို့တစ်ဖက်စီမှာ ကြာကြာမတိုက်လို့ဖြစ်နိုင်ပါတယ်။ ဒါကိုဖြေရှင်းဖို့အတွက် နို့တစ်ဖက်မှာပဲ နို့ကုန်အောင်တိုက်ပြီးမှ တစ်ဖက်ကိုရွှေ့တိုက်ပါ။

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း
မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်