အနီရောင်စွက်နေသော ကလေးဝမ်း

ဤပုံသည် စိတ်အနှောင့်အယှက်ဖြစ်နိုင်ပါသည်။

သတိပေးချက် : ဤပုံသည် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါသည်။ ကြည့်ရှုသူများအား သတိထားကြည့်စေလိုပါသည်။

အနီရောင်စွက်နေသော ကလေးဝမ်း

အနီရောင်စွက်နေသော ဝမ်း

ဖော်ပြချက်

သွေးပါသော ဝမ်း

မာကျစ်နေတဲ့ ဝမ်းမှာ သွေး ဒါမှမဟုတ် အချွဲတွေပါနေပါတယ်။ ကလေးဝမ်းမှာ အနီရောင်တွေတွေ့ရတာက သင့်ကလေးမှာ စအိုတဝိုက် အနည်းငယ် စုတ်ပြဲခြင်း၊ ကွဲခြင်းတို့ရှိနေတာကို ညွှန်ပြနေပါတယ်။

 

ဘာလုပ်သင့်သလဲ။

ကလေးရဲ့ဝမ်းမှာ အနီရောင်သွေးတွေပါနေတာက အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ်။ တကယ်လို့ ဒီလက္ခဏာတွေပါ တွေ့ရရင် ဆရာဝန်ပြပါ –

  • ပုံမှန်ဝမ်းမှာ သွေးပါနေတာ – နို့ပရိုတင်းဓါတ်မတည့်မှုလက္ခဏာဖြစ်နိုင်(ပုံပါအတိုင်း)
  • သွေးအနီရောင်နည်းနည်းပါနေတဲ့ ချုပ်ဝမ်း – စအိုစုတ်ပြဲမှု ဒါမှမဟူတ် လိပ်ခေါင်းသေးသေးလေးကြောင့်ဖြစ်နိုင်
  • အနီရောင်သွေးရောပါနေတဲ့ ဝမ်းပျက်ခြင်း – ဘက်တီးရီးယားပိုးကြောင့်ဖြစ်နိုင်။

ကလေးရဲ့သေးခံမှာ အမည်းရောင်သွေးတွေ့ရတဲ့အခါ (နှမ်းစေ့လို အမည်းရောင်အစအနလေးတွေ) ကလေးဟာ မိခင်နို့သောက်သုံးနေပြီး မိခင်ရဲ့ထိပ်ကွဲနေတဲ့နို့သီးခေါင်းကသွေးကို မျိုချမိတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကလေးရဲ့ဗိုက်ထဲက သွေးယိုစိမ့်မှုတစ်ခုခုလို ပြင်းထန်တာတွေဖြစ်နေသလား သေချာစေဖို့ ဆရာဝန်ပြတာကောင်းပါတယ်။

 

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း
မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်