
ဤပုံသည် စိတ်အနှောင့်အယှက်ဖြစ်နိုင်ပါသည်။
သတိပေးချက် : ဤပုံသည် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါသည်။ ကြည့်ရှုသူများအား သတိထားကြည့်စေလိုပါသည်။
အစိမ်းရောင်သမ်းတဲ့ အညိုရောင်ကလေးဝမ်း
အစိမ်းရောင်သမ်းတဲ့ အညိုရောင်ဝမ်း
ဖော်ပြချက်
အစာအမာ စပြိးစားတတ်ကာစ ကလေးဝမ်း
မကုန်ဘဲကျန်နေတဲ့ ထောပတ်သီးအနှစ်တွေလိုပါပဲ။ အစာအမာစားထားတဲ့ ကလေးရဲ့ဝမ်းဟာ အညို သို့မဟုတ် အညိုရင့်ရောင်ဖြစ်လေ့ရှိပြီး မြေပဲထောပတ်ထက် ပိုပြီးပျစ်စေးပါတယ်။ ဒါပေမယ့် ပျော့ပျော့ပြဲပြဲဖြစ်နေတုန်းပါ။ အနံ့လည်း ပိုပြင်းပါတယ်။
ဘာလုပ်သင့်သလဲ။
စိုးရိမ်ဖို့မရှိပါဘူး။ ဒီလိုဝမ်းက ပုံမှန်ဖြစ်ပြီး ကျန်းမာတဲ့ဝမ်းဖြစ်ပါတယ်။ တစ်ခါတလေတော့ ကလေးရဲ့ဝမ်းမှာ အစားအစာအတုံးအစလေးတွေ ပါလာနိုင်သလို အနီ၊ လိမ္မော်၊ အပြာရင့်တို့လို အရောင်လေးတွေ တစွန်းတစရောပါလာတတ်ပါတယ်။ အနီရောင်က သကြားမုန်လာ၊ လိမ္မော်ရောင်က မုန်လာဥနီ၊ အပြာရင့်ရောင်က ဘလူးဘယ်ရီ စတာတွေဖြစ်နိုင်ပါတယ်( ဘလူးဘယ်ရီအခွံ အစအနလေးတွေလည်း တွေ့ရနိုင်ပါတယ်)။