ခြောက်သွေ့ပြီး မာကျစ်သော အညိုရောင်ကလေးဝမ်း

ဤပုံသည် စိတ်အနှောင့်အယှက်ဖြစ်နိုင်ပါသည်။

သတိပေးချက် : ဤပုံသည် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါသည်။ ကြည့်ရှုသူများအား သတိထားကြည့်စေလိုပါသည်။

ခြောက်သွေ့ပြီး မာကျစ်သော အညိုရောင်ကလေးဝမ်း

ခြောက်သွေ့ပြီး မာကျစ်သော အညိုရောင်ဝမ်း

ဖော်ပြချက်

ဝမ်းချုပ်ခြင်း

ကလေးရဲ့ဝမ်းက မာကျစ်ပြီး ကျောက်စရစ်ခဲလေးတွေလိုဖြစ်နေမယ်ဆိုရင် ဝမ်းချုပ်နေတာပါ။ ကလေးက ဝမ်းသွားချိန်မှာ နေရခက်တာကို သိသိသာသာမြင်တွေ့ရနိုင်ပြီး ဝမ်းသွားလိုက်တဲ့အခါ စအိုမှာပွန်းစေခဲ့လို့ သွေးလေးနည်းနည်းပါလာတာမျိုးတောင်ရှိနိုင်ပါတယ်။

ဘာလုပ်သင့်သလဲ။

တစ်ကြိမ်၊ နှစ်ကြိမ်က စိုးရိမ်ဖို့မလိုပေမယ့် သုံးကြိမ် နဲ့ အထက် ဖြစ်လာရင်တော့( သို့မဟုတ် သွေးပါလာရင်) ဆရာဝန်ပြတာ အကောင်းဆုံးပါ။ ကလေးတွေကို အစာအမာစကျွေးချိန် မှာ ဝမ်းချုပ်တတ်သလို နို့ပရိုတင်း သို့မဟုတ် ပဲပရိုတင်း တုံ့ပြန်မှုလက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ မိခင်နို့ သို့မဟုတ်  နို့မှုန့်ထဲမှာ ပါတဲ့ တစ်စုံတစ်ခုကို ချေဖျက်စုပ်ယူနိုင်စွမ်းမရှိတဲ့ လက္ခဏာလည်း ဖြစ်နိုင်တယ်။

ကလေးကို ဆရာဝန်ပြသင့်တယ်။ ရေနည်းနည်းပိုတိုက်ပေးဖို့ ဆရာဝန်က ညွှန်ကြားလာနိုင်တယ်။ နည်းနည်းအရွယ်ကြီးတဲ့ကလေးတွေကို မိခင်နို့ သို့မဟုတ် နို့မှုန့်အာဟာရ များများတိုက်ပါ။ ကလေးက ထမင်းစစားနေပြီဆိုရင် အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊နဲ့ ဂျုံပြောင်းနှံတွေလို အမျှင်ဓာတ်များတဲ့ အစားအစာတွေ ကျွေးပါ။ ကလေးရဲ့ စားသောက်ပုံ ပြောင်းလဲခြင်း သို့မဟုတ် အသီးဖျော်ရည်တိုက်ကျွေးခြင်း တို့နဲ့ ပတ်သက်လို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း
မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်