
ဤပုံသည် စိတ်အနှောင့်အယှက်ဖြစ်နိုင်ပါသည်။
သတိပေးချက် : ဤပုံသည် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါသည်။ ကြည့်ရှုသူများအား သတိထားကြည့်စေလိုပါသည်။
အဖြူရောင် ကလေးဝမ်း
အဖြူရောင်ဝမ်း
ဖော်ပြချက်
အရောင်ဖျော့သော၊ အရောင်မရှိသော ဒါမှမဟုတ် အဖြူရောင်ရှိသော ကလေးဝမ်းဆိုတာ အသည်း သို့မဟုတ် သည်းခြေအိတ်ပြဿနာရှိနေတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။
သည်းခြေရည်ဆိုတာ အသည်းကနေထုတ်ပေးပြီး သည်းခြေအိတ်ထဲမှာသိမ်းဆည်းထားတဲ့ အစာခြေရည်ဖြစ်ပါတယ်။ အစာချေဖျက်မှုအတွင်း ဒီအရည်ကိုစွန့်ထုတ်လိုက်မှ ကလေးရဲ့ဝမ်းက သည်းခြေရည်ကနေ ပုံမှန်အရောင်ရရှိပါတယ်။ ကလေးရဲ့အသည်းက သည်းခြေရည်ကို မထုတ်ပေးနိုင်ရင် ဒါမှမဟုတ် ပိတ်ဆို့မှုရှိနေရင် ဝမ်းက အဖြူရောင်ဖြစ်နေပါလိမ့်မယ်။
ဘာလုပ်သင့်သလဲ။
ဝမ်းအဖြူရောင်သွားတာက သိပ်ကိုဖြစ်ခဲပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်လာတယ်ဆိုရင် ဆရာဝန် အမြန်ဆုံးပြသင့်ပါတယ်။