backup og meta

ဒဏ်ရာရထားသော်လည်းလေ့ကျင့်ခန်းပြုလုပ်ခြင်းကိုရပ်တန့်ပစ်ရန်မလိုအပ်ပုံ

မည်သူမဆိုဒဏ်ရာရသည်ကို မနှစ်သက်ပါ။ အားကစားလိုက်စားသူများဆိုလျှင်ပိုဆိုးပါသည်။ သင်နှစ်သက်သောအားကစားတစ်ခုခုကိုမပြုလုပ်နိုင်သောအခါအတော်စိတ်ကသိကအောက်ဖြစ်ရသည်။ ထိုအခြေအနေမျိုးတွင်ဒဏ်ရာရသည့်ကာလအတွင်းသင့်အတွက်လိုအပ်မည်ဖြစ်သော ဆောင်ရန်ရှောင်ရန် တို့ကိုဖော်ပြအပ်ပါသည်။

ဒဏ်ရာရထားသော်လည်းလေ့ကျင့်ခန်းပြုလုပ်ခြင်းကိုရပ်တန့်ပစ်ရန်မလိုအပ်ပုံ

အရှိကိုအရှိအတိုင်းလက်ခံပါ

သင်၏ဒဏ်ရာရသော အခြေအနေမှန်ကိုလက်ခံရန်လိုအပ်ပါသည်။ အကယ်စင်စစ်သင့်အနေဖြင့်တစ်ပတ်လုံးထိုင်၍နေရခြင်းကိုမနှစ်သက်သည်မှန် သော်လည်းဒဏ်ရာရချိန်အားကစားကိုဆက်လက်ပြုလုပ်ပါကအခြေအနေပိုဆိုးသွားနိုင်ပါသည်။ ထို့ကြောင့်သင်၏အားကစားလုပ်ခြင်းကိုကန့်သတ်ရန်အထူးလိုအပ်လာသည်။ သင်လုပ်နေကျအားကစားကိုခဏဘဲဖြစ်ဖြစ်ရပ်တန့်လိုက်ပါကအစကနေပြန်လုပ်ရန်ခက်ခဲခြင်း၊ကိုယ်အလေးချိန်နှင့်ခန္ဓါကိုယ်အမျိုးအစားလျော့ကျမှုတို့ဖြစ်သွား နိုင်ခြင်းကိုတော့နားလည်ပေးနိုင်ပါသည်။ သို့သော်လည်းဒဏ်ရာ ရနေသောအချိန်တွင်သတိပြုမဆင်ခြင်ပါကပို၍ အချိန်ကြာကြာအနားယူထိုင်နေရခြင်းမျိုးဖြစ်လာနိုင်ပါသည်။

တတ်နိုင်သမျှယခင်အခြေအနေပြန်ရောက်အောင်ကြိုးစားပါ

သင့်အနေဖြင့်လုံလောက်သော အနားယူမှုပြုလုပ်ရန်အရေးကြီးသည်။ အားကစားလိုက်စားရာမှလုံးဝရပ်ပစ်လိုက်ရခြင်းမျိုးအခြေအနေတစ်ခုကြုံလာရစေကာမူထိုအချိန်သည်ဒဏ်ရာအနာကျက်ရန်ဖြစ်သဖြင့်သင်လက်ခံရလိမ့်မည်။ တစ်ခါတစ်ရံအချိန် တစ်ခုကြာလုံးဝအနားယူလိက်မှကောင်းသွားခြင်းမျိုးလည်းရှိပါသည်။ သို့သော်လည်းသင့်အနေဖြင့်လှုပ်လှုပ်ရှားရှား နေလိုပါကလမ်းလျှောက်ခြင်း၊အိမ်မှုကိစ္စများပြုလုပ်ခြင်းတို့ကိုပြုလုပ်ပေးနိုင်ပါသေးသည်။ သင်ခန္ဓါကိုယ်ကအဆင်သင့်ဖြစ်ပြီဆိုတာနှင့်လေ့ကျင့်ခန်းများပြန်လည်စတင်ပါ။

ပေါ့ပါးသောလေ့ကျင့်မှုနှင့်ပြန်စပါ

သင့်အနေဖြင့်ဒဏ်ရာရထားသည့်အတွက်အလေးချိန်နည်းနည်းဖြင့်ပြေါ့ပါးသောလေ့ကျင့်မှုနှင့်ပြန်စပါ

သင့်အနေဖြင့်ဒဏ်ရာရထားသည့်အတွက် အလေးချိန်နည်းနည်းဖြင့်ပြန်လေ့ကျင့်ခြင်း(သို့မဟုတ်)အနည်းငယ်သောလေ့ကျင့်မှုဖြင့်သာစတင်ပါ။ဥပမာ သင်ကလက်မောင်းတွင်ဒဏ်ရာရထားလျှင်သင ်မနေကျအကြိမ် ၃၀အစား၁၀ကြိမ်၊၁၅ကြိမ်မှပြန်လည်စတင်ပြီးနာကျင်မှုကို စတင်ခံစားရသောအကြိမ်အရေအတွက်တွင်ရပ်တန့်ခြင်းမျိုးပြုလုပ်ရမည်။ ထိုသို့ဖြည်းဖြည်းချင်းပြန်လေ့ကျင့်ပါကဒဏ်ရာရထားသောနေရာကိုအရှိန်ရစေပြီးအနာကျက်လည်းပို၍မြန်စေသည်။ ပြောရလျှင်သင်၏ လုပ်နေကျလေ့ကျင့်မှုပြန်ရရန်သင့်ကိုယ်သင်သက်တောင့်သက်သာကူညီပြီးသားဖြစ်စေပါသည်။

အခြားသူများ၏အားပေးမှုကိုရယူပါ

သင်နှင့်ကစားဖော်မိတ်ဆွေ တစ်ဦးဦးထံမှအားပေးမှုကိုရနိုင်သကဲ့သို့အားကစားခန်းမတွင် အခြားသူများအားကစားလုပ်ခြင်းကိုကြည့်ရှုခြင်းဖြင့်လည်းအချိန်ကုန်ဆုံးပါ။ အားကစားခန်းမသို့ရောက်သောအခါကြိုးကြိုးစားစားအားကစားလုပ်သောသူများကိုကြည့်ပြီးသင်ကိုယ်တိုင်ကအားကစားကိုလုံးဝမရပ်တန့်ပစ်သင့်သည့်အတွေးမျိုး ရလာနိုင်သည်။ ထို့ပြင်အားကစားနည်းပြဆရာများကလည်းသင့်ကိုဖြည်းဖြည်းချင်းပြန်လည်စတင်နိုင်ဖို့ကူညီပေးလိမ့်မည်။

ဒဏ်ရာရခြင်းကြောင့် သင့်၏ပုံမှန်လေ့ကျင့်မှုကိုရပ်တန့်လိုက်ရလျှင်စိတ်ပျက်အားငယ်မှု ခံစားရမည်ဖြစ်ပါသည်။ သို့သော်လည်းသင်ကိုယ်တိုင်ကပြန်လည် စတင်နိုင်ပါသည်။ လေ့ကျင့်မှုပမာဏကိုမိမိအတွက်သက်တောင့်သက်သာအရှိဆုံးအနေအထားတွင်သိရှိအောင်စဉ်းစားပြီးထိုပမာဏမှပြန်လည်စတင်လေ့ကျင့်ပါ။ လောလောနှင့်လုပ်သောအလုပ်သည်အခြအနေကိုပိုဆိုးစေနိုင်ကြောင်းအမြဲသတိရပါ။ မြန်မြန်ပြန်လည်ကောင်းမွန်စေသောဆေးဝါးများရှိသော်လည်း အားကစားသမားများကဲ့သို့အရေးပေါ်အခြေ အနေတွင်သာအသုံးပြုသင့်ပါသည်။ တကယ်တမ်းပြောရလျှင်ကျွန်ုပ်တို့ သည်ကိုယ်စီရည်ရွယ်ချက်(ဥပမာ- ကိုယ်အလေးချိန်လျော့ချရန်၊ခန္ဓါကိုယ်အချိုးအစားလှပရန်)ဖြင့် အားကစားလုပ်နေကြသည်ပင်မဟုတ်ပါလား။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

“Training Through Injuries – The Dos And Don’ts”
https://breakingmuscle.com/learn/training-through- injuries-the- dos-and- dontsAccessed November 19 th, 2016.

“How to Stay in Awesome Shape and Totally Sane When You’re Injured”
http://greatist.com/move/stay-fit- positive-while- injuredAccessed November 19 th, 2016.

“10 Tips For Injury Work-Arounds”
http://www.bodybuilding.com/fun/10-tips- when-training- with-an- injury.htmlAccessed November 19 th, 2016.

ယခုပုံစံ

14/01/2022

Dr. Ye Pyae Hein မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လေ့ကျင့်ခန်းပြင်းအား ကို ဘယ်လိုတိုင်းတာမလဲ။

နှလုံးရောဂါ ရှိသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Ye Pyae Hein မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ