backup og meta

မနက်ခင်းလေးကို လေ့ကျင့်ခန်း လုပ်ခြင်းဖြင့်စတင်ပါ

တစ်နေ့တာအတွက် အရေးကြီးဆုံးအချိန်က မနက်ခင်း ပါ။ မနက်ခင်းကို ကျက်သရေရှိရှိလေး နိုးထမှုက တစ်နေ့တာကို စိတ်ကြည်လင်စေနိုင်ပါတယ်။ ဒီတော့ မနက်ခင်းကိုကောင်းမွန်စွာစတင်နိုင်ဖို့ ဒီအလေ့အထလေးကို မွေးမြူကြည့်ဖို့ တိုက်တွန်းပါရစေ။

မနက်ခင်းလေးကို လေ့ကျင့်ခန်း လုပ်ခြင်းဖြင့်စတင်ပါ

မနက်ခင်းလေးကို လေ့ကျင့်ခန်း လုပ်ခြင်းဖြင့်စတင်ပါ

မနက်ခင်း အလင်းရောင်ပျို့ချိန်မှာလေ့ကျင့်ခန်းလုပ်တာက စိတ်ရောကိုယ်ပါလန်းဆန်းစေနိုင်ပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ မနက်ခင်းမှာလေ့ကျင့်ခန်းလုပ်တာက အခုလိုအကျိုးကျေးဇူးတွေလည်းရရှိစေနိုင်ပါသေးတယ်။

အာရုံစူးစိုက်မှုကောင်းစေတယ်

မနက်ခင်းမှာလေ့ကျင့်ခန်းလုပ်တာက စိတ်ပိုင်းဆိုင်ရာကို လန်းဆန်းတက်ကြွစေပြီး တစ်နေ့တာလုံးမှာ အာရုံစူးစိုက်နိုင်တာကို ကင်းဝေးချင်ရင်တော့ မနက်ခင်းမှာ အနည်းဆုံး ၁၅ မိနစ်လောက်လေ့ကျင့်ခန်းလုပ်ပါ။

စိတ်ကြည်လင်လန်းဆန်းစေတယ်

အိပ်ရာကနိုးနိုးချင်းလေ့ကျင့်ခန်းလုပ်တာကချွေးထွက်စေပြီ ကိုယ်တွင်းသွေးလည်ပတ်မှုကောင်းစေသလို ဦးနှောက်ဆီကို လိုအပ်တဲ့သွေးစီးဆင်းမှုနဲ့အောက်ဆီဂျင်ကိုရောက်ရှိစေတာကြောင့် စိတ်ကြည်လင်လန်းဆန်းစေနိုင်ပါတယ်။ တစ်နေ့တာလုံးထိုင်နေရတာကြောင့် စိတ်ညစ်ညူးမှုဖြစ်တာကို သက်သာစေချင်ရင် မနက်ခင်းမှာလေ့ကျင့်ခန်းလုပ်ပါ။ အလုပ်တာဝန်တွေကို အကောင်းဆုံးလုပ်နိုင်စေမှာ အသေအချာပါ.

ခန္ဓာကိုယ်ကျန်းမာစေနိုင်တယ်

ကျန်းမာဖို့က တစ်နေ့ထက်တစ်နေ့ ပိုအရေးကြီးလာတဲ့အခြေအနေမှာနေ့ရက်တိုင်း ကျန်းမာနေစေဖို့ မနက်ခင်းမှာသွေးပူလေ့ကျင့်ခန်းလေးလုပ်ဖို့ မမေ့ပါနဲ့။ တစ်နေ့တာမှာ ကျန်းမာရေးနဲ့ ညီညွတ်တာရော မညီညွတ်တာရောစားမိနိုင်ပြီး ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ အပြုအမူတွေလည်းလုပ်မိနိုင်ပါတယ်။ ဒါတွေကြောင့် ကျန်းမာရေးမထိခိုက်စေဖို့ မနက်ခင်း အိပ်ရာကထတာနဲ့လေ့ကျင့်ခန်းလုပ်ပေးပါ။

ဇီဝတွင်းဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေနိုင်တယ်

မနက်ခင်းလေးကို လေ့ကျင့်ခန်းလုပ်တာက ဇီဝတွင်းဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေနိုင်တယ်ဆိုတာသိပြီးဖြစ်မှာပါ။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်တယ်ဆိုတဲ့နေရာမှာ မနက်ခင်းစောစောလေ့ကျင့်ခန်းလုပ်တာက ဇီဝတွင်းဖြစ်စဉ်ကို အကောင်းဆုံးလှုံ့ဆော်ပေးနိုင်ပြီး ကျန်းမာရေးအတွက် အကောင်းဆုံးအထောက်အကူပြုပေးနိုင်ပါတယ်။

ကောင်းကောင်းအိပ်ပျော်စေနိုင်တယ်

လေ့ကျင့်ခန်း လုပ်တာက ကိုယ်တွင်းဟော်မုန်းတွေကို ထိန်းညှိပေးပြီး ခန္ဓာကိုယ်ရဲ့ စနစ်ကို ဟန်ချက်ညီစေနိုင်ပါတယ်။ ဒီအချက်အလက်တွေပြည့်စုံမှုက သင့်ကိုကောင်းကောင်းအိပ်ပျော်စေဖို့ အထောက်အကူပြုပေးနိုင်မှာပါ။ ညဘက်မှာကောင်းကောင်းအိပ်ပျော်တဲ့အတွက် မလိုအပ်ဘဲ ကိုယ်အလေးချိန်တက်မလာအောင်လည်း ကာကွယ်ပြီးသားဖြစ်စေမှာပါ။

မနက်ခင်းမှာ ၁၅ မိနစ်လောက် ကနေ ၄၅ မိနစ်လောက်အထိချွေးထွက်အောင် လေ့ကျင့်ခန်း လုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက တစ်နေ့တာအတွက်တင်မဟုတ်ဘဲ ခန္ဓာကိုယ်ကျန်းမာဖို့အတွက်ရော စိတ်ကျန်းမာဖို့အတွက်ပါ အကောင်းဆုံးအထောက်အပံ့ဖြစ်စေမှာပါ။ ကဲ….. ဘယ်လိုလဲ။ မနက်ဖြန်မနက်ကစလို့ လေ့ကျင့်ခန်းလုပ်ကြမလား…………………….

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Want Your Boss to Think You’re Smarter? Break a Sweat in the Morninghttps://www.bicycling.com/health-nutrition/a27337083/morning-exercise-improves-brain-function/ Accessed Date 6 May 2019

Rise and Shine: Top 5 Morning Exercise Benefitshttps://www.everydayhealth.com/healthy-living/fitness/rise-shine-top-5-morning-exercise-benefits/Accessed Date 6 May 2019

7 Benefits of Morning Exercise, Plus 5 Tricks To Actually Love It (even if you hate mornings!)https://makeyourbodywork.com/benefits-of-morning-exercise/Accessed Date 6 May 2019

5 benefits of morning exercisehttps://www.piedmont.org/living-better/5-benefits-of-morning-exercise Accessed Date 6 May 2019

ယခုပုံစံ

17/06/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသက်ရွယ်ကြီးသူတွေအတွက် အကျိုးများနိုင်မယ့် ဦးနှောက်လေ့ကျင့်ခန်း (၃)မျိုး

ဒီလောက်လေ့ကျင့်ခန်းတွေလုပ်နေတာတောင် ကိုယ်အလေးချိန်က တိုးနေတုန်းလား ။ ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ