brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လက်ချောင်းလေးတွေ သန်မာစေဖို့ လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းအချို့

တစ်နေ့တာရဲ့အလုပ်တွေကို ပြီးမြောက်အောင်လုပ်ဆောင်မှုမှာ တော်တော်လေးအလုပ်များတဲ့ အစိတ်အပိုင်းလေးတစ်ခုရှိတယ်နော်။ သူတို့လေးတွေ သန်မာနေမှ အရာရာကို အဆင်ပြေပြေလုပ်ဆောင်နိုင်၊ ကိုင်ဆောင်နိုင်တယ်နော်။ စာရေးတာကစလို့ အစား စားတာအဆုံးအကုန်လုံးနီးပါးကို လုပ်ဆောင်ပေးနေတဲ့အစိတ်အပိုင်းလေးက ဘာများလဲ… စဉ်းစားမိရဲ့လား။

လက်ချောင်းလေးတွေ သန်မာစေဖို့ လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းအချို့

ခန္ဓာကိုယ်ရဲ့ အလုပ်အများဆုံးအစိတ်အပိုင်းတစ်ခု

တစ်နေ့တာရဲ့ လုပ်ဆောင်မှုတွေကို အကောင်းဆုံးပြီးမြောက်အောင်လုပ်ဆောင်ပေးနေတဲ့ အလုပ်အများဆုံးအစိတ်အပိုင်းလေးက လက်ချောင်းလေးတွေပါ။ လက်ချောင်းလေးတွေ သန်မာနေမှ အရာရာကို အကောင်းဆုံးလုပ်ဆောင်နိုင်မှာလေ။ လက်ချောင်းလေးတစ်ချောင်းလောက် ထိခိုက်ထားရင်ကိုပဲ တစ်နေ့တာမှာ အလုပ်လုပ်ရတာ သိပ်အဆင်မပြေလှတော့ဘူးလေ။

လက်ချောင်းလေးတွေ သန်မာစေဖို့ လေ့ကျင့်ခန်းလုပ်ကြစို့လား

လက်ချောင်းလေးတွေက ရှင်သန်နေထိုင်မှုအတွက် တော်တော်လေးအရေးပါတယ်ဆိုမှတော့ သေချာလေး ဂရုစိုက်ဖို့က မဖြစ်မနေလိုအပ်မှာပါ။ ဒီတော့ လက်ချောင်းလေးတွေ သန်မာစေဖို့ လေ့ကျင့်ခန်းလုပ်ကြစို့လား။ တစ်နေ့တာမှာ ကွန်ပျူတာတစ်ချိန်လုံးရိုက်နေရလို့ ပင်ပန်းနေသူတွေအတွက်လည်း တကယ်အသုံးတည့်မယ့်လေ့ကျင့်ခန်းလေးတွေကို အတူတူလုပ်ကြည့်ရအောင်လား။

လက်သီးဆုပ်ပါ

Fist Flexes

လက်ချောင်းတွေအားလုံးကိုလက်မကဖိထားတဲ့ပုံစံနဲ့ လက်သီးဆုပ်ပေးပါ။ လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်တာမျိုးမလုပ်ပါနဲ့။ ခပ်ဖွဖွလေးပဲ လက်သီးဆုပ်ထားပေးပါ။ လက်ကို သက်တောင့်သက်သာဖြစ်စေမယ့် အနေအထားမျိုးနဲ့ လက်သီးဆုပ်ပေးပါ။ စက္ကန့် ၃၀ ကြာလောက်ဆုပ်ထားပေးပါ။ ပြီးရင်လက်ချောင်းအားလုံးကိုဖြန့်လိုက်ပါ။ ပြီးရင်နောက်တစ်ခေါက်ထက်လုပ်ကြည့်ပါ။ တစ်ဖက်ပြီးတစ်ဖက်လုပ်ပါ။ ၁၀ ကြိမ်လုပ်ပေးပါ။

Stress Ball ကိုညှစ်ပေးပါ

Tightly hold a stress ball. Squeeze it as hard as you can! This type of grip will be a workout for the muscles in your fingers. But, be sure to avoid using hard ones like tennis balls. Hold for 5 seconds. To complete 1 rep, release.

Stress ball ကို ခပ်တင်းတင်းလေးဖိညှစ်ပေးပါ။ ဒီလိုလုပ်ပေးတာက လက်ချောင်းက ကြွက်သားလေးတွေကို သန်မာစေနိုင်ပါတယ်။ ခပ်ပျော့ပျော့ဘောလုံးမျိုးဖြစ်ဖို့ကိုတော့ သတိထားစေချင်ပါတယ်။ တစ်ခါညှစ်ရင် ၅ စက္ကန့်ကြာညှစ်ပေးပါ။ ပြီးရင် လက်တွေကိုဖြေလျှော့ပြီး နောက်တစ်ကြိမ်လုပ်ပေးပါ။ ၅ ကြိမ်စီလုပ်ပေးပါ။

လက်ချောင်းလေးတွေကို မပေးပါ

finger lift

စားပွဲခုံပေါ်မှာဖြစ်ဖြစ် ပြင်ညီတစ်ခုခုပေါ်မှာ လက်ဖဝါးလေးကိုမှောက်ရက်ထားလိုက်ပါ။ ပြီးရင်လက်ချောင်းလေးတစ်ချောင်းချင်းစီကို မြှောက်ကြည့်ပါ။ ၅ စက္ကန့်ကြာထားပေးပါ။ ပြီးရင်ပြန်ချပါ။ တစ်ချောင်းပြီးတစ်ချောင်းလုပ်ကြည့်ပါ။ ၅ ချောင်းလုံးပြီးသွားရင် အစကပြန်လုပ်ပေးပါ။ တစ်ဖက်ပြီးတစ်ဖက်လုပ်ပေးပါ။ ၅ ကြိမ်စီလုပ်ပေးပါ။

လက်ညှိုးနဲ့လက်မထိပေးပါ

Thumb Touch

လက်ကလေးတွေကို သက်တောင့်သက်သာထားပေးပါ။ လက်လေးကို ကွေးလို့ လက်မနဲ့လက်ညှိုးထိပ်လေးကို ထိပေးပါ။ လက်ကို O ပုံစံလုပ်ပါ။ စက္ကန့် ၃၀ ကြာထားပေးပါ။ ပြီးရင် လက်ကို ပုံမှန်အတိုင်း ပြန်ထားပါ။ တစ်ဖက်ပြီးတစ်ဖက်လုပ်ပါ။ ၅ ကြိမ်စီလုပ်ပေးပါ။

လက်မကိုကွေးပါ

Bend your thumb

လက်ဖဝါးဖြန့်ပါ။ လက်ချောင်းတွေအားလုံးဆန့်ထားပါ။ လက်မကို လက်ဖဝါးကို ထိသည်အထိကွေးလိုက်ပါ။ လက်သန်းအောက်ခြေနားက လက်ဖဝါးမို့မို့လေးကို ထိသည်အထိကွေးပါ။ ၁ ကနေ ၄ အထိရေပါ။ ပြီးရင်လက်ကို ပုံမှန်အတိုင်းပြန်ထားပါ။ ထပ်လုပ်ပေးပါ။ တစ်ဖက်ပြီး တစ်ဖက်လုပ်ပေးပါ။ အကြိမ် ၂၀ လောက်လုပ်ပေးပါ။

လက်ကိုအကွေးအဆန့်လုပ်ပေးပါ

Wrist Extension

စားပွဲခုံစောင်းပေါ်မှာ လက်ကို သက်တောင့်သက်သာဆန့်ထားပါ။ ပြီးရင် လက်ကို ဖြည်းဖြည်းချင်းအပေါ်ကို ဆန့်တင်ပါ။ ပြီးရင်လက်ကို တည့်တည့်ထားပါ။အောက်ဘက်ကိုကွေးချပါ။ ဖြည်းဖြည်ချင်း ပုံမှန်အနေအထားရောက်အောင်လုပ်ပေးပါ။ တစ်ဖက်ပြီးတစ်ဖက်လုပ်ပါ။ တစ်ဖက်ကို ၁၀ ကြိမ်စီလုပ်ပေးပါ။

ဒီလေ့ကျင့်ခန်းလေးတွေကို တစ်ပတ်ကို ၃ ကြိမ်လောက် တီဗွီကြည့်ရင်းဖြစ်ဖြစ်၊ ကားစီးရင်းဖြစ်ဖြစ်၊ အလုပ်မှာဖြစ်ဖြစ်လုပ်ပေးမယ်ဆိုရင် လက်ချောင်းကြွက်သားလေးတွေ တောင့်တင်းမှုကင်းပြီး သန်မာလာပါလိမ့်မယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/02/2022 ဖြစ်ပါသည်။