backup og meta

ချပ်ရပ်လျပတဲ့ ဗိုက်ကြွက်သားတွေအတွက် လေ့ကျင့်ခန်း

ဗိုက်ကလေးချပ်ရပ်နေတာကလည်း လေဒီလေးတို့ကို ယုံကြည်မှုတိုးစေတဲ့ အချက်လေးတွေထဲကတစ်ခုပါ။ ဒါဆို Hello ဆရာဝန်ပရိသတ်ကြီးထဲမှာရော သူများတွေဗိုက်သား ချပ်ချပ်ရပ်ရပ်လေးနဲ့ ဘာဝတ်ဝတ်လှနေတာကို ကြည့်ပြီး အားကျနေတဲ့သူလေးတွေရှိလား။ ဒါဆိုရင်တော့ သူများတွေကို အားကျမနေဘဲ ကိုယ့်ဗိုက်လေး ကိုယ်ကြည့်မိတိုင်း နှစ်ထောင်းအားရဖြစ်စေဖို့ ဒီဆောင်းပါးလေးက အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါနော်။

ချပ်ရပ်လျပတဲ့ ဗိုက်ကြွက်သားတွေအတွက် လေ့ကျင့်ခန်း

ချပ်ရပ်လှပတဲ့ ဗိုက်ကြွက်သားလေး ပိုင်ဆိုင်နိုင်စေဖို့

ဒီနေရာမှာ တစ်ခုကြိုပြောထားချင်တာက ချပ်ရပ်လှပတဲ့ ဗိုက်ကြွက်သားလေးတွေရဖို့ ကြိုးပမ်းမှုက တစ်ရက်၊ နှစ်ရက်နဲ့မဖြစ်နိုင်သလို လပိုင်းလောက်နဲ့လည်း မဖြစ်နိုင်ပါဘူး။ စိတ်ရှည်ဖို့လိုသလို အနေအထိုင် အစားအသောက်ကို သေချာဂရုစိုက်ပေးပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့လည်း လိုပါမယ်။

အိပ်ထမတင်လုပ်ပါ

ကြမ်းပြင်ပေါ်မှာ ပက်လက်အနေအထားနေပေးပါ။ လက်နှစ်ဖက်ကို ဦးခေါင်းအောက်ဘက်ကိုထည့်ပြေးပြီး ဒူးနှစ်ဖက်ကို ထောင်ထားပေးပါ။ ပြီးရင် ခန္ဓာကိုယ်အပေါ်ပိုင်းကို အားယူပြီး ကြွလို့ တံတောင်ဆစ်ကို ဒူးနဲ့ထိပေးပါ။ တစ်ခါလုပ်ရင် ၁၀ ကြိမ်နှုန်းလောက်နဲ့ ၃ ကျော့လုပ်ပေးပါ။ တစ်ပတ်ကိုအကြိမ်ရေနည်းနည်းစီတိုးလုပ်သွားပေးပါ။

စက်ဘီးနင်းပါ

စက်ဘီးနင်းပါဆိုလို့ ဘယ်လောက်ဝေးဝေးများနင်းရမလဲ။ အချိန်မှမရှိတာလို့တွေးနေလား။ ဒါကလည်း ဗိုက်ကြွက်သားတွေက အဆီတွေကိုလျှော့ချပေးတဲ့ အိပ်ထမတင် လေ့ကျင့်ခန်းတစ်ခုပါ။ အရင်ဆုံးပက်လက်အနေအထားနေပေးပါ။ ပြီးရင် လက်နှစ်ဖက်ကို တင်ပါးအောက်ဘက်မှာ ထားပေးပါ။ ပြီးရင် ဒူးကွေးပြီး ခြေထောက်နှစ်ဖက်ကို မြှောက်လို့စက်ဘီးနင်းသလို လှုပ်ရှားပေးပါ။ ခြေထောက်ကို ခပ်ကျယ်ကျယ်ဝိုင်းနိုင်လေ ထိရောက်မှုရှိလေလေပါ။ တစ်ခါလုပ်ရင် ၁၀ ကြိမ်နှုန်းနဲ့ ၃ ကျော့လောက်လုပ်ပေးပါ။

ခြေထောက်မြှောက်ထားပါ

အခင်းပြားပေါ်မှာ ပက်လက်အနေအထားနေပေးပါ။ ပြီးရင် လက်နှစ်ဖက်ကိုဘေးတစ်ဖက်စီမှာချထားပေးပါ။ ပြီးရင် ခြေထောက်နှစ်ဖက်ကို ဆန့်တန်းလို့ အပေါ်ကို စုံမြှောက်ပါ။ ခြေထောက်မြှောက်တာနဲ့အတူ ဦးခေါင်းကိုပါ တတ်နိုင်သမျှကြွပေးပါ။ ၃ စက္ကန့်ကနေ ၅ စက္ကန့်လောက်အထိ တောင့်ထားပေးပါ။ ပြီးရင် ပုံမှန်အတိုင်းပြန်နေပါ။ ဒီလေ့ကျင့်ခန်းကို တစ်ခါလုပ်ရင် ၁၀ ကြိမ်နှုန်းနဲ့ ၃ ကျော့လုပ်ပေးပါ။

Plank ထောက်ပါ

ဒါက ဝမ်းဗိုက်ကြွက်သားတွေကို သန်မာစေနိုင်တဲ့ အကောင်းဆုံးသော လေ့ကျင့်ခန်းတွေထဲကတစ်ခုပါ။ ဒါကြောင့် ပုံမှန်လေးလုပ်ပေးဖို့ပြောပါရစေ။ ဝမ်းဗိုက်ကြွက်သားချပ်ရပ်ပြီး ခန္ဓာကိုယ်အချိုးအစားကိုပါ အကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးနိုင်ပါတယ်။ အရင်ဆုံး အခင်းပြားပေါ်မှာ မှောက်ရက်အနေအထားနေပေးပါ။ ပြီးရင် လက်သီးဆုပ်လို့ ခန္ဓာကိုယ်နဲ့တစ်တန်းတည်းအနေအထားနဲ့ လက်ဖျံကိုအားပြုပါ။ ခြေနှစ်ချောင်းကိုလည်း ဆန့်တန်းနေပြီး ခြေဖျားပေါ်မှာ အားပြုလို့ ဝမ်းဗိုက်ကို ကြမ်းပြင်ကနေ ကြွပေးပါ။ ဒီအနေအထားနဲ့  ၃ စက္ကန့် ကနေ ၅ စက္ကန့်နေပါ။ ဒီထက်ပိုနေနိုင်ရင်လည်း အဆင်ပြေပါတယ်။ပြီးရင် ပုံမှန်အနေအထားအတိုင်းပြန်နေပြီး တစ်ကျော့ပြန်စပါ။ ၃ ကျော့လောက်လုပ်ပေးပါ။

Sitting Twist လုပ်ပေးပါ

ခါးက အဆီပိုတွေကို ကျစေပြီး ဝမ်းဗိုက်ကြွက်သားကို သန်မာစေနိုင်ပါတယ်။ လက်တစ်ဖက်နဲ့တစ်ဖက်ကို ဆုပ်ကိုင်ပြီး လက်ကိုရှေ့ကိုဆန့်တန်းထားပါ။ ဒူးထောင်ထိုင်လို့ ခြေဖျားနှစ်ခုကို ကြမ်းပြင်ကနေ လွှတ်ထားပါ။ တင်ပါးနဲ့ပဲ ခန္ဓာကိုယ်ကို ထိန်းလို့ ဘယ်ညာယိမ်းပေးပါ။ တစ်ခါလုပ်ရင် ၁၀ ကြိမ်နှုန်းနဲ့ ၃ ကျော့လုပ်ပေးပါ။

ဒီလေ့ကျင့်ခန်းလေးတွေကို နေ့စဉ်ပုံမှန်လုပ်ပေးမယ်ဆိုရင် အဆီကင်းပြီး ကျစ်လျစ်လှပတဲ့ ဝမ်းဗိုက်ကြွက်သားကို ပိုင်ဆိုင်နိုင်စေမှာ အသေအချာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Beginner Ab Exercises for Women https://www.livestrong.com/article/406087-beginner-ab-exercises-for-women/ Accessed Date 18 November 2019

Abs Workout for Beginners https://www.womenshealthmag.com/fitness/a20702055/six-pack-abs/ Accessed Date 18 November 2019

28 Lower Abs Exercises That Will Set Your Core on Fire https://www.self.com/gallery/5-moves-thatll-set-those-lower-abs-on-fire Accessed Date 18 November 2019

ယခုပုံစံ

16/06/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကျန်းမာပျော်ရွှင်ပြီး လှပကြော့ရှင်းတဲ့ လေဒီလေးတို့ရဲ့ လျှို့ဝှက်ချက်

ထိုင်မနေဘဲနဲ့ ကြွက်သားတက်အောင် စလေ့ကျင့်စို့



Aye Thi Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ