
အရင်တုန်းက ရုံဆင်းအိမ်တန်းပြန်တဲ့သူတွေအစား ခု ရုံးဆင်းရင် gym လေးဝင်ဆော့လိုက်ရမှ၊ ငါဝလာပြီ gym သွားလိုက်ဦးမှ ဆိုတဲ့သူတွေက ပိုများလာပါတယ်။ ဒါပေမယ့် ဒီလို လေ့ကျင့်ခန်းလုပ်တဲ့ အလေ့အထခေတ်စားလာတာ အရမ်းကြီးမကြာသေးဘူးဆိုတော့ gym သွားတဲ့သူတိုင်းရဲ့ ခေါင်းထဲမှာ မေးစရာ မေးခွန်းတွေ အများကြီးရှိနေမယ်လို့ ထင်ပါတယ်။
လေ့ကျင့်ခန်း ဆိုတာ သူ့အဆင့်အတိုင်းလုပ်မှ ကြွက်သားတွေကို ထိခိုက်တာနည်းပြီး ရေရှည်လုပ်နိုင်မှာဖြစ်ပါတယ်။ လုပ်ရမယ့် အဆင့်တွေကတော့
လေ့ကျင့်ခန်းလုပ်ချိန် အလုပ်လုပ်ရဆုံးက နှလုံးဆိုတော့ နှလုံးနဲ့ ပက်သက်တဲ့ လက္ခဏာတွေဖြစ်တဲ့ ဘယ်ဘက်ရင်ဘတ်အော့င်တာ၊ ဘယ်ဘက်လည်ပင်း၊ လက်မောင်းတွေ နာတာတွေ လေ့ကျင့်ခန်းလုပ်နေရင်းနဲ့ ဖြစ်ဖြစ်၊ လုပ်ပြီးရင်ဖြစ်ဖြစ် ပေါ်လာတဲ့အခါ မပေါ့ဆဘဲ ဆရာဝန်ဆီ ချက်ချင်းသွားပါ။
ရေဓါတ်ခမ်းခြောက်ြပီး ပင်ပန်းလွန်းလို့ မူးလဲသွားတာ၊ ချွေးစေးတွေ ပြန်တာမျိုး ဖြစ်ခဲ့ရင် အားဖြည့် အချိုရည်တွေ ချက်ချင်းသောက်ပါ။
တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း လုပ်သမျှ အရာတိုင်းက ပုံမှန်ပဲ ကောင်းတဲ့အတွက် လေ့ကျင့်ခန်းအများကြီးလုပ်လေ ပိုကောင်းလေဆိုတာ မမှန်ပါဘူး။ မြန်မြန်ပိန်ချင်တယ် မြန်မြန် တက်ချင်တယ်ဆိုပြီး နေ့တိုင်း လေ့ကျင့်ခန်းလုပ်လို့မရပါဘူး။ ကိုယ်ခန္ဓါကို အနားပေးဖို့လည်း လိုသေးတဲ့အတွက်ကြောင့် ၄ ရက်ဆော့ ၁ ရက်နားတာက အကောင်းဆုံးပါ။ အရမ်းခိုင်းပြီး အနားမပေးရင် ကျန်းမာရေး ယိုယွင်းလာပြီး နောက်ပိုင်း ရေရှည် လေ့ကျင့်ခန်းလုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး။
လေ့လာချက်တွေအရ တစ်ပါတ်ကို အနည်းဆုံး လေ့ကျင့်ခန်း ၃ နာရီလုပ်သင့်ပါတယ်။ ဒီတော့ တစ်နေ့ နာရီဝက်လောက်ပေါ့။ ( ဒါမှမဟုတ်) တစ်နေ့ ၁ နာရီနဲ့ တစ်ပါတ်ကို လေ့ကျင့်ခန်း ၆ နာရီလုပ်ပေးလို့လည်းရပါတယ်။ ၃ နာရီထက်ကျော်ပြီးတော့တော့ လေ့ကျင့်ခန် မလုပ်သင့်ပါဘူး။
လေ့ကျင့်ခန်းမလုပ်ခင် ၁နာရီ ( ဒါမှမဟုတ် ) နာရီဝက်လောက်အလိုက အစားစားသင့်ဆုံး အချိန်ပါ။ ဒါမှ အစာအိမ်ခြေဖို့ အချိန်ရပြီး စားလိုက်တဲ့ အစားအစာတွေကနေ အားအင်တွေ ရမှာ ဖြစ်ပါတယ်။ စားသင့်တာတွေကတော့ ကြက်ဥအကာ၊ ငှက်ပျောသီး၊ ပန်းသီးတို့ကတော့ စားပေးသင့်ဆုံး အရာတွေပါ။
မဟုတ်ပါဘူ။ gym သွားတဲ့ မိန်းကလေးတွေ ဗလတွေတက်လာတယ်၊ ကြွက်သားတွေထွက်လာပြီး ပိုဝလာတယ်ဆိုတာ မဟုတ်ပါဘူး။ gym မှာ ဝိတ်တုံးလေးတွေ မခိုင်းတာတော့ဟုတ်ပါတယ် ။ ဒါပေမယ့် ဒီ အလေးချိန်လောက်နဲ့ ကြွက်သားတွေ တက်လာမှာ မဟုတ်ပါဘူး။ တကယ်တော့ မိန်းကလေးတွေရဲ့ ကိုယ်ခန္ဓါက ယောက်ကျားလေးတွေထက် အဆီများတတ်ပြီး အဆီတစ်ထပ်ခံနေတာကြောင့် ကျစ်လာတဲ့ အသားတွေ ချက်ချင်းပေါ်မလာသေးတာဖြစ်ပါတယ်။ ဒါကို ဝလာပါပြီဆိုပြီး ဆက်မလုပ်ဘဲ gym ကို ရပ်လိုက်မယ်ဆိုရင်တော့ ကျစ်နေတဲ့အသားရော၊ နဂိုရှိပြီးသား အဆီရော ထပ်တိုးလာမယ့် အဆီရော ပေါင်းပြီး ပိုဝလာပါလိမ့်မယ်။ ဒီတော့ စလုပ်ပြီဆိုတည်းက ဆက်တိုက်လုပ်ပါ။ ၁လလောက်ဆော့ ၂ လလောက်နားတာမျိုး မလုပ်ပါနဲ့။
ကိုယ်အလေးချိန်အပေါ်သက်ရောက်နေတဲ့ အရာတွေ အများကြီးရှိပါတယ်။
ဘယ်အချိန်မှာ လုပ်တာက ပိုကောင်းတယ်ဆိုတာမျိုး မရှိပါဘူး။ သူ့ဘာသာသူ ကောင်းကျိုးလေးတွေရှိပါတယ်။ မနက်ပိုင်းလုပ်တော့ သူ့အတွက်လိုအပ်တဲ့ energy ကို အဆီပြင်ကပဲ ဖြိုခွဲရတာဖြစ်တဲ့အတွက် ကိုယ်အလေးချိန် မြန်မြန်ကျစေပါတယ်။ ညနေပိုင်းကျတော့ တစ်နေ့လုံးစားထားတဲ့ အစားအသောက်တွေရဲ့ ကယ်လိုရီကို ပြန်လောင်ကျွမ်းစေလိုက်တာကြောင့် ကိုယ်အလေးချိန်ထပ်မတက်လာစေဘဲ ထိန်းထားပေးပါတယ်။ ညဘက်လေ့ကျင့်ခန်းလုပ်ရင်တော့ ကောင်းကောင်း အိပ်ပျော်စေမှာ အသေအချာပါ ။ ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။