brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ယောဂလေ့ကျင့်သူ တစ်ယောက်သိသင့်တဲ့ အခြေခံစည်းမျဉ်းများ

ယောဂဟာ သင့်အတွက် အနားရစေပြီး အတွင်းစိတ်ကို လတ်လပ်စေပေမယ့် ယောဂသင်တန်းတွေမှာလည်း အခြားသင်တန်းတွေလိုပဲ လိုက်နာရမယ့်စည်းကမ်းတွေရှိပါတယ်။ သင့်ကျောင်းတွေမှာ မြင်နေရသလို ဒီစည်းကမ်းတွေကို နံရံတွေမှာ စာထုတ်ပြီးကပ်ထားတာမဟုတ်တော့ ဒီစည်းကမ်းတွေကို သင်သိချင်မှ သိနိုင်ပါလိမ့်မယ်။

ယောဂလေ့ကျင့်သူ တစ်ယောက်သိသင့်တဲ့ အခြေခံစည်းမျဉ်းများ

ယောဂသင်တန်းက စည်းကမ်းတွေကို ယောဂရဲ့လောကဝတ်လို့လည်းဆိုကြပြီး ဒါတွေဟာ သိမ်မွေ့လှပါတယ်။ ဒါပေမဲ့ တကယ်လို့များ ဒီစည်းကမ်းတွေကို တစ်ယောက်ယောက်က ချိုးဖောက်လိုက်မယ်ဆိုရင် ဘယ်လောက်တောင် အနှောက်အယှက်ဖြစ်စေသလဲဆိုတာ သင်သိရင် အံ့သြသွားပါလိမ့်မယ်။

၁။ အတန်းထဲမှာ စကားမပြောပါနဲ့။

ဒါဟာ ရင်းနှီးနေတဲ့စည်းကမ်းပါ။ ဒါပေမဲ့ လူအများစုက ဒီစည်းကမ်းကို လိုက်နာနိုင်ဖို့ ခဲယဉ်းနေကြဆဲပါပဲ။ သင့်ရဲ့ ဘဝဇာတ်ကြောင်းတွေကိုသင့်ဘေးက သူငယ်ချင်းတွေနဲ့ ဝေမျှချင်တယ်ဆိုတာ နားလည်ပေးလို့ရပါတယ်။ အထူးသဖြင့် သင်တို့နှစ်ယောက် ယောဂသင်တန်းမှာ တွေ့တဲ့အချိန်ပေါ့။

ဒါပေမဲ့ ယောဂဟာ တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်မှာပဲ သင့်ကို ငြိမ်းချမ်းစေတာပါ။ ဒါ့အပြင် တိတ်ဆိတ်ခြင်းက အသက်ရှူခြင်းကို ပိုပြီးအာရုံစိုက်မိစေပြီး မှန်ကန်တဲ့ အနေအထားကို လုပ်မိစေပါတယ။် သင့်ဘေးပတ်ဝန်းကျင်ကလူတွေက သင်တရားထိုင်နိုင်ဖို့ကြိုးစားနေစဉ်မှာ စကားတွေပြောနေကြတယ် ဆိုတာကို ပုံဖော်ကြည့်လိုက်စမ်းပါ။ ဒီအကြောင်းကြောင့်ပဲ သင့်ရဲ့စိတ်ဝင်စားစရာ ပုံပြင်တွေကိုအတန်းပြီးတဲ့အချိန်ထိ သိမ်းထားသင့်တာပေါ့။

၂။ ဖုန်းမသုံးပါနဲ့။

ယောဂသင်တန်းမှာ ဖုန်းသုံးတာ လက်ခံနိုင်စရာလုံးဝမရှိပါဘူး။ မက်ဆေ့ခ်ျပို့တာနဲ့ လိုင်းသုံးနေတာတွေလည်း အတူတူပါပဲ။ ဘာကြောင့်ပါလိမ့်။ ရှင်းပါတယ်။ သင်ယောဂကျင့်နေလို့ပါ။ ယောဂဟာ သင့်စိတ်ကို ငြိမ်းချမ်းစေပြီး သင့်ကျန်းမာရေးကို ညီညွတ်မျှတအောင် လုပ်ယူပေးတဲ့လေ့ကျင့်ခန်းပါ။ ဒါတွေဟာ နေ့စဉ်ဘဝကိုလည်း အကျိုးသက်ရောက်စေပါတယ်။ ဖုန်းသုံးတာလည်း အပါအဝင်ပေါ့။

ဒါဆိုရင် သင့်စတူဒီယိုမှာ သင့်အတွက် လော့ကာရှိရင် သင့်ဖုန်းကို အဲ့ဒီထဲ ထည့်ထားတာက အကောင်းဆုံးပါ။ တကယ်လို့များ ဖုန်းသိမ်းဖို့ နေရာမရှိဘူးဆိုရင် ဖုန်းပိတ်ပြီး သင်ယောဂဆော့တဲ့ ဖျာပေါ်တင်ထားနိုင်ပါတယ်။ နားချိန်မှာ ဒါမှမဟုတ် အတန်းပြီးချိန်မှာသင့်ဖုန်းကို ဘာလုပ်လုပ်ပါ။

၃။ သန့်ရှင်းမှုရှိနေပါစေ။

ဒါတော့ ပြောစရာမလိုလောက်အောင်ပါပဲ။ ယောဂက ချွေးထွက်စေပါတယ်။ ဒါပေမဲ့ ဒါဟာ သင်တန်းကို ချွေးတွေသံတွေနဲ့ နံစော်ပြီးလာလို့ရတယ်လို့ မဆိုလိုပါဘူး။ သင်က သပ်ရပ်သန့်ရှင်းနေမယ်ဆိုရင် သင့်နည်းပြရော သင့်ဘေးမှာ လေ့ကျင့်သူတွေပါ ပိုပြီး သက်တောင့်သက်သာရှိပါလိမ့်မယ်။

သင်နဲ့အတူ တဘက်ယူလာဖို့မမေ့ပါနဲ့။ ဒါမှ ချွေးထွက်တဲ့ နေရာတိုင်း သုတ်နိုင်မှာပေါ့။ တကယ်လို့များ အတန်းထဲမှာ လျှောက်သွားနေရမယ်ဆိုရင် အခြားလူတွေရဲ့ ဖျာပေါ်မှာ ချွေးတွေနဲ့ ခြေရာတွေ ချန်မထားခဲ့ပါနဲ့။

န်းကို ဘယ်တော့မှ မနှောက်ယှက်ပါနဲ့။

နောက်ကျမှလာပြီး အစောကြီးပြန်တာဟာ သင်နဲ့ယောဂအတူကျင့်သူတွေကို အနှောက်အယှက်အပေးနိုင်ဆုံး အမူအရာတွေပါပဲ။ ဒါကြောင့် မိနစ်အနည်းငယ်စောရောက်အောင်လာပြီး ဖျာတွေဘာတွေ ပြင်ဆင်ပါ။ အတန်းပြီးချိန်နဲ့ နီးနီးလေး ဘာအစီအစဉ်မှ မဆွဲထားပါနဲ့။

တကယ်လို့များ နောက်ကျမရတဲ့ အစည်းအဝေးတွေရှိမယ်ဆိုရင် အတတ်နိုင်ဆုံး တိတ်တိတ်ဆိတ်ဆိတ်ထွက်ခွာနိုင်ဖို့ ကြိုးစားပါ။ အတန်းထဲက မထွက်ခင်မှာ သင့်နည်းပြကို ခွင့်တောင်းဖို့လည်း မမေ့ပါနဲ့။ ဘာမှမပြောဘဲ ထွက်သွားတာက သိပ်ရိုင်းတယ်မဟုတ်လား။

စည်းကမ်းတွေအကြောင်း ပြောကြတဲ့အခါ အနည်းငယ်တော့ မသက်မသာခံစားရတာတွေရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ ဘယ်လို ယောဂအတန်းမှာပဲဖြစ်ဖြစ် ပျော်ရွှင်စွာ လေ့ကျင့်နိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အချက်တွေပါပဲ။ ဒီလိုရေးပြထားတဲ့စည်းကမ်းတွေဟာ သင့်ရဲ့အချိန်တွေနဲ့ အားထုတ်မှုတွေအတွက် ထိုက်တန်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Wathun Myat Chal · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။