နေ့စဉ်ယောဂကျင့်ခြင်းဟာ လူအများစုရဲ့ အလေ့အကျင့်တစ်ခု ဖြစ်လို့လာပါတယ်။ ယောဂလေ့ကျင့်ခန်းတွေဟာ အနားရစေမှုတွေ၊ ကျန်းမာရေးအတွက် ကောင်းမွန်တာတွေ၊ ပျော့ပျောင်းစေတာတွေ၊ အလှအပရေးရာအတွက်တွေနဲ့ အထူးသဖြင့် ဦးနှောက်အတွက် အထူးကောင်းမွန်စေပါတယ်။
နေ့စဉ်ယောဂကျင့်ခြင်းဟာ လူအများစုရဲ့ အလေ့အကျင့်တစ်ခု ဖြစ်လို့လာပါတယ်။ ယောဂလေ့ကျင့်ခန်းတွေဟာ အနားရစေမှုတွေ၊ ကျန်းမာရေးအတွက် ကောင်းမွန်တာတွေ၊ ပျော့ပျောင်းစေတာတွေ၊ အလှအပရေးရာအတွက်တွေနဲ့ အထူးသဖြင့် ဦးနှောက်အတွက် အထူးကောင်းမွန်စေပါတယ်။

လူတိုင်းကတော့ ဒီလိုပြည့်စုံနေဖို့ဆိုတာ ခဲယဉ်းပါတယ်။ ဒါပေမဲ့ တကယ်လို့များ သတိမမူဘဲလေ့ကျင့်ခန်းတွေ လုပ်နေမယ်ဆိုရင်တော့ ခန္ဓါကိုယ်ရဲ့ ပျော့ပျောင်းမှုတွေ တိုးတက်လာမှာမဟတ်ုပါဘူး။ ယောဂလေ့ကျင့်ခြင်းနဲ့ ပတ်သက်လို့ သင်မှတ်သားထားသင့်တဲ့ အဖြစ်အများဆုံး အမှားအချို့ကို ဖော်ပြပေးထားပါတယ်။
ပုံမှန်ယောဂလေ့ကျင့်တဲ့သူတွေ လုပ်တတ်တဲ့အမှားကတော့ လေ့ကျင့်လွန်းတာပါပဲ လေ့ကျင့်သူတွေဟာ သူတို့ခန္ဓါကိုယ်ပေါ် အာရုံစိုက်သင့်ပြီး လိုအပ်တာထက် ပိုလုပ်မိတဲ့အခါ ခန္ဓါကိုယ်ရဲ့ တတ်နိုင်မှုအပေါ်ကိုလည်း ဂရုစိုက်သင့်ပါတယ်။
ခန္ဓါကိုယ်ရဲ့ အသံကို နားထောင်ခြင်းက ယောဂလေ့ကျင့်ခန်းတွေအတွက် အရေးအကြီးဆုံးပါပဲ။ လိုချင်တဲ့ ရလဒ်တွေ ပိုင်ဆိုင်နိုင်စေဖို့ သင့်ခန္ဓါကိုယ်ကို အတင်းကြီး အလွန်အကျွံတွေ ဖိအားမပေးပါနဲ့။ ဒါတွေက သင့်ကို ဒဏ်ရာရစေနိုင်ပါတယ်။
မတူညီတဲ့အရာတွေကို လုပ်တဲ့အခါ လူတိုင်းမှာလည်း မတူညီတဲ့ စွမ်းရည်တွေရှိကြပါတယ်။ ခန္ဓါကိုယ်ကို အပိုအလုပ်တွေ အလွန်အကျွံခိုင်းခြင်းက ရှောင်ကို ရှောင်ရမယ့် အမှားတွေထဲက တစ်ခုပါ။
အဆိုးရွားဆုံး အမှားတွေထဲကတစ်ခုကတော့ သွေးပူလေ့ကျင့်ခန်းတွေနဲ့ ကစားလို့ပြီးတဲ့အချိန်မှာ အနားယူရမှာတွေကို လျစ်လျူရှုတာပါပဲ။ သင့်ခန္ဓါကိုယ်က လေ့ကျင့်ခန်းတွေ လုပ်ပြီးတဲ့အချိန်မှာ အနားယူဖို့ အချိန်တစ်ခု လိုအပ်ပါတယ်။
အကြောမလျှော့ဘဲ ခက်ခဲတဲ့ လှုပ်ရှားမှုတွေ လုပ်လိုက်တဲ့အခါ ဒဏ်ရာရနိုင်ချေကို ပိုတိုးစေပါတယ်။ လှုပ်ရှားမှုတစ်ခု ပြီးတိုင်းမှာ အနားယူတာက သင့်ရဲ့ အသက်ရှူမှုကို ပုံမှန်နှုန်းထားအတိုင်း ဖြစ်စေပါတယ်။
အိမ်မှာပဲဖြစ်စေ၊ အားကစားခန်းမမှာဖြစ်စေ ယောဂမကျင့်ခင် အစာမစားသင့်ပါဘး။ လေ့ကျင့်ခန်းမလုပ်ခင် ၁နာရီမှာ သွားရည်စာလေးတစ်ခု စားလိုက်တာကတော့လည်း ဘာမှမဖြစ်နိုင်ပါဘူး။
အသက်ရှူမှုအပေါ် အာရုံစိုက်တာက ယောဂမှာ အရေးကြီးပါတယ်။ ပုံမှန်မှားတတ်တဲ့ အနေအထားကတော့ ခက်ခဲတဲ့ ပုံစံတွေလုပ်တဲ့အခါ အသက်ကြာကြာအောင့်ထားတတ်တာပါ။ ဒါပေမဲ့ ဒါဟာ ရှောင်ရမယ့် အမှားတစ်ခုပါပဲ။ ကြွက်သားတွေ အောက်ဆီဂျင်ကို ရနိုင်ဖို့ အသက်ရှူခြင်းက လုပ်ဆောင်ပေးတာပါ။ ဒါပေမဲ့ အသက်ကို အကြာကြီးအောင့်ထားတာက လေ့ကျင့်ခန်းတွေကို ပိုခက်ခဲစေပါတယ်။
ယောဂကို ဖြည်းဖြည်းမှန်မှန်နဲ့ ပုံမှန်လေးလေ့ကျင့်ထားဖို့လိုပါတယ်။ ဒါမှသာ လိုချင်တဲ့ အနေအထားကို ဖြည်းဖြည်းချင်း ရလာမှာဖြစ်ပြီး ပျော့ပျောင်းမှုနဲ့ ဘက်မျှတာတွေကိုလည်း ရယူနိုင်မှာပါ။ ခက်ခဲတဲ့အနေအထားတွေကို စောစောလုပ်နိုင်ဖို့ဆိုပြီး စိတ်မလောပါနဲ့။ ဒါက သင့်ကို ဒဏ်ရာပဲ ရစေနိုင်တာပါ။
သင့်ခန္ဓါကိုယ်နဲ့ ကိုက်မကိုက် အရင်မဆုံးဖြတ်ဘဲ လုပ်ချင်တဲ့ ခက်ခဲတဲ့ လှုပ်ရှားမှုတစ်ခုကိုသာ အာရုံစိုက်လွန်းတာက မကောင်းလှပါဘူး။ သင်လုပ်ရမှာကတော့ အနားယူဖို့နဲ့ သင့်ခန္ဓါကိုယ်ကို ရှုမြင်နေဖို့ (ခံစားနေဖို့)ပါပဲ။
သင့်ခန္ဓါကိုယ်ရော စိတ်ရောက ယောဂကျင့်တဲ့ဆီမှာ အပြည့်အဝရှိနေပါစေ။ စက်တစ်ခုလို လှုပ်ရှားမှုမျိုးလုပ်ဆောင်ရတဲ့အခါ စပ်စုစိတ်ဟာ အကြီးမားဆုံး အမှားတစ်ခုပါပဲ။ လက်ရှိကိုပဲ အာရုံစိုက်ပြီး ခန္ဓါကိုယ်ကို ခံစားရှုမြင်နိုင်အောင် ကြိုါ်စားပါ။ တကယ်လို့ အာရုံလွင့်သွားတယ်ဆိုရင် လုပ်ဆောင်မှုတွေဟာ ပိုမိုခက်ခဲလာနိုင်ပြီး ကောင်းကျိုးတွေလည်း မရနိုင်တော့ပါဘူး
တကယ်လို့များ သင်က ကျန်းမာရေးနဲ့ လုံခြုံရေးအတွက်လိုအပ်မှုတွေကို မျက်ကွယ်ပြုလိုက်တဲ့အခါမှာ အဆင့်မြင့်တဲ့ ယောဂပုံစံတွေဟာ သင့်ကို ထိခိုက်စေနိုင်ပါတယ်။ ဥပမာ ကင်းမြီးကောက်ထောင်တဲ့ ပုံစံမျိုးတွေဟာ မိုင်ဂရိန်း(ခေါင်းတစ်ခြမ်းကိုက်ရောဂါ) ရှိသူတွေ၊ သွေးတိုးရှိသူတွေအတွက် အသုံးမပြုနိုင်ပါဘးူ ။
ယောဂဟာ လေ့ကျင့်သူတွေကို သာယာချမ်းမြေ့မှုတွေကို ပေးနိုင်တဲ့ လေ့ကျင့်ခန်းတစ်မျိုးပါ။ သင့်ခန္ဓါကိုယ်ကို အစွန်းရောက်သည်ထိ တွန်းအားမပေးပါနဲ့။ ဒါကြောင့် သင်က ကျန်းကျနးမာမာနေသင့်တဲ့အပြင် သက်တောင့်သက်သာအရှိဆုံး စိတ်ဝိဉာဉ်အတွက် လေ့ကျင့်ခန်းတွေကို သေချာ လုပ်ဆောင်ကြည့်ကြရအောင်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။