brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သင်သိသင့်သော ယောဂကျင့်စဉ်အမျိုးအစားကွဲများ

လေ့ကျင့်ခန်းအမျိုးအစားသစ်တစ်ခုဖြစ်တဲ့ ယောဂကိုတော့ လူတိုင်းသိကြပါတယ်။ ယောဂပေါ်ပေါက်လာတာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။ ဒါပေမဲ့ လူတွေကလည်း သူတို့ ကြံ့ခိုင်ဖို့ ပိုပြီး အာရုံစိုက်လာကြတာကြောင့် ခုနောက်ပိုင်းမှ ပြန်လည်ထင်ပေါ်လာပါတယ်။

သင်သိသင့်သော ယောဂကျင့်စဉ်အမျိုးအစားကွဲများ

ယောဂကို စတင်လေ့ကျင့်ဖို့ အနည်းငယ်တော့ ခက်ခဲမယ်နဲ့တူပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ အမျိုးအစားအများကြီးနဲ့ အနေအထားအများကြီးရှိနေတာ မဟုတ်ပါလား။ သင်သိချင်လောက်မယ်ထင်တဲ့ လူသိများတဲ့ ယောဂပုံစံတွေကို လမ်းညွှန်ပေးလိုက်ပါတယ်။

ယောဂအမျိုးအစားများရဲ့ မူလဇစ်မြစ်

ယောဂကို အမျိုးအစားတွေအများကြီးခွဲခြားထားပါတယ်။ ဟိန္ဒူ၊ ဗုဒ္ဓ၊ Jainism နဲ့ Tantra ဆိုပြီးတော့ပေါ့။ သင်ကြားဖူးလောက်နိုင်မယ့် ယောဂအများစုကတော့ ဟိန္ဒူကျောင်းက ယောဂအမျိုးအစားပါ။ ဒီအမျိုးအစားဟာ ပိုများပြီး လေ့ကျင့်သူရဲ့ အနေအထားပေါ်လိုက်ပြီး ပြုပြင်ပြောင်းလဲလို့ရပါတယ်။

အခြားယောဂအမျိုးအစားသုံးမျိုးကတော့ ဗုဒ္ဓဘာသာယောဂလို တရားထိုင်ခြင်းတွေ ( ဗုဒ္ဓဘာသာမှာ တရားထိုင်တယ်ခေါ်ပါတယ် ) ကို ပိုပြီး အာရုံစိုက်ကြပါတယ်။ ယောဂအမျိုးအစားဘယ်နှစ်မျိုးရှိတာပါလိမ့်? ဆိုရင်တော့ ဖြေရအတော်ခက်ခဲပါတယ်။

အချို့သော ယောဂအမျိုးအစားတွေ၊ အဓိက စတိုင်လ်တွေရှိနေပေမယ့် အားကစားခန်းမတွေ၊ စတူဒီယိုတွေနဲ့ နည်းပြတွေရဲ့ ပို့စ်တစ်ခုချင်းစီအတွက် သူတို့အားသန်ရာ ပို့စ်ကိုပဲ ရွေးချယ်ပေးလေ့ရှိပါတယ်။ အချို့တွေကတော့ အသက်ရှူတာကို အာရုံစိုက်ရတဲ့ ပို့စ်တွေမှာ သက်တောင့်သက်သာရှိပေမယ့် အချို့ကတော့ အကြောလျှော့လိုတာမျိုး ယောဂရဲ့ ကာယပိုင်းဆိုင်ရာဘက်ကိုပဲ အာရုံစိုက်လိုတာမျိုးတွေ ရှိပါတယ်။

ယောဂဟာ ဖြည်းဖြည်းမှန်မှန်ဖွံ့ဖြိုးလာတာမို့ ပို့စ်တွေနဲ့ သူတို့ဘာကို အာရုံစိုက်ကြတာလဲဆိုတဲ့ ကြားထဲမှာ ဆင်တူတာလေးတွေ အချို့လည်း ရှိကြပါတယ်။ ယောဂအမျိုးအစားတွေကိုတော့ အဓိက အမျိုးအစား ၆မျိုးရှိပါတယ်။

၁။ Hatha Yoga (ဟဿယောဂ)

ဒီယောဂအမျိုးအစားဟာ စကျင့်သူတွေအတွက် အကောင်းဆုံးပါပဲ။ အခြေအနေအများစုမှာ ဒါက အနည်းငယ်သိမ်မွေ့နှေးကွေးပြီး ဒီပို့စ်တွေကို ကြာကြာလုပ်မယ်ဆိုရင်တောင် သက်တောင့်သက်သာဖြစ်စေပါတယ်။ ပို့စ်တွေက အရှေ့ကိုပဲဦးတည်ပြီး ရွှေ့လျားမှုကလည်း သိပ်မမြန်တာကြောင့် သင့်ရဲ့ အသက်ရှူမှုနဲ့ အနားယူဖို့သက်တောင့်သက်သာဖြစ်နိုင်ဖို့ ပိုပြီး အာရုံစိုက်နိုင်ပါတယ်။

အချို့သော စတူဒီယိုတွေကတော့ ဒီယောဂအမျိုးအစားကို ဂါထာတွေနဲ့ ရောလေ့ရှိပြီး စိတ်ငြိမ်အောင်၊ (တရားထိုင်နိုင်အောင်) ကူညီပေးလေ့ရှိပါတယ်။ လူအများစုဟာ Hatha Yoga နဲ့ပဲ အများအားဖြင့်ဆက်စပ်နေလေ့ရှိပါတယ်။ ဒီလိုစိတ်ငြိမ်တာကလည်း တကယ်ပဲ အကျိုးရှိပါတယ်။

Psychosomatic Medicine ဂျာနယ်ရဲ့ လေ့လာမှုတစ်ခုကလည်း ဟဿယောဂကျင့်တဲ့ အမျိုးသမီးတွေဟာ မကျင့်တဲ့သူတွေထက် စိတ်ဖိစီးမှုတွေ တစ်ပတ်ကို ၁ဆမှ ၂ဆ ပိုပြီးမြန်မြန်သက်သာစေတယ်လို့ တွေ့ရှိရပါတယ်။ တကယ်လို့ သင်က ယောဂကို ခုမှကျင့်မယ်ဆိုရင်တော့ ဟဿယောဂကို ကျင့်ကြည့်ပါ။

၂။ Ashtanga Yoga

ဒီယောဂအမျိုးအစားမှာတော့ မရပ်မနားပို့စ်တွေ ပြောင်းနေရမှာပါ။ ဆက်တိုက်လုပ်ရမယ့် ပို့စ်အပိုင်း ၆ပိုင်း ။ ။ အခြေခံအပိုင်း၊ ပထမပိုင်း၊ ဒုတိယပိုင်း စသဖြင့် သတ်မှတ်ထားတဲ့ အစီအစဉ်အတိုင်း မနားတမ်းလိုက်လုပ်ရမှာပါ။ ဒီယောဂအမျိုအစားကတော့ ပို့စ်တစ်မျိုးမှ တစ်မျိုးပြောင်းလဲနေတာမို့ အသက်ရှူနည်းစနစ်ပေါ် အဓိကထားပါတယ်။ အသက်ရှူခြင်းဟာ စိတ်ကိုလည်းအာရုံစိုက်နိုင်သလို ပို့စ်ကိုထိန်းထားဖို့ ကြွက်သားတွေကိုလည်း ထိန်းချုပ်နိုင်ဖို့လိုသေးတယ်လို့ ဆိုပါတယ်။

၃။ Bikram Yoga

တကယ်လို့များ သင်က ချွေးထွက်လိုပေမယ့် မြန်ဆန်ပြီး ခက်ခဲတဲ့ ပို့စ်တွေကို မလုပ်ချင်ဘူးဆိုရင် Bikram yoga က သင့်အတွက်ပါပဲ။ ဒီလိုယောဂပုံစံမျိုးကို Hot Yoga လို့ခေါ်ပါတယ်။ ဒီယောဂအမျိုးအစားကိုတော့ ချွေးထုတ်ခန်းလိုအခန်းထဲမှာ ကစားရမှာဖြစ်ပြီး အပူချိန် ၄၀ဒီဂရီ ဆဲလ်စီးယပ်စ် ရှိရမှာဖြစ်ကာ ရေငွေ့ ၄၀%ရှိရပါမယ်။

Bikram သင်တန်းဟာ သင်ဘယ်လိုအားကစားခန်းမကိုသွားသည်ဖြစ်စေ။ ဒါတွေတော့ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ သူ့မှာတော့ ပုံစံအနေအထား ၂၆မျိုးပါရှိပြီး အသက်ရှူနည်းစနစ် ၂မျိုးပါဝင်ကာ မိနစ် ၉၀ခန့်ကြာမြင့်မှာပါ။ ဒီယောဂက ကိုယ်တွင်းက အဆိပ်အတောက်တွေ ဖယ်ရှားပေးပြီး အလေးချိန်ထိန်းပေးပါတယ်။

၄။ Iyengar Yoga

သူကတော့ သင့်ခြေထောက်တွေနဲ့ လက်တွေရဲ့ အသေးဆုံးအနေအထားပေါ် အဓိကထားပါတယ်။ ဒီယောဂဟာ ဖြည်းဆည်းပေမယ့် အသေးစိတ်ကျပါတယ်။ ဒီယောဂမှာ ပို့စ်တစ်ခုကို အခြားသောယောဂအမျိုးအစားတွေထက် ပိုကြာကြာထိန်းထားရပါတယ်။ ဒီအမျိုးအစားက နှေးနေတာကြောင့် လွယ်တယ်လို့ မထင်လိုက်ပါနဲ့။

Salamba Sarvangasana ကို ၁၀မိနစ်လောက် လုပ်ကြည့်ပါ။ အဓိကအနေအထားမလာခင် သွေးပူလေ့ကျင့်ခန်းတွေအရင်လုပ်ရပါဦးမယ်။ သင့်အနေအထားမှန်အောင် ခါးပတ်တွေ၊ အတုံးတွေနဲ့ ခေါင်းအုံးတွေကို သုံးရပါလိမ့်မယ်။ ဒီလိုအနေထားတွေကြောင့် ဒီယောဂရဲ့ နာမည်ပြောင်က “ပရိဘောဂ ယောဂ” ပါတဲ့။ (Furniture yoga)

၅။ Kundalini Yoga

Kundalini yoga ဟာ စိတ်ဝိဉာဉ်ကို အဓိက ထားတဲ့ယောဂပါ။ ကိုယ့်ကိုယ်ကိုယ်ရှာဖွေတွေ့ရှိမယ့်လမ်းကိုညွှန်ပြနိုင်ပြီး တရားထိုင်ခြင်း၊ အသက်ရှူခြင်းနဲ့ ဂါထာရွတ်ခြင်း (မန္တန်ရွတ်ခြင်း) တို့ကတစ်ဆင့် ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲနိုင်ပါတယ်။ အသက်သွေးကြောဖြစ်တဲ့ ချက္ကရာ ၇ခု သီအိုရီကို လိုက်နာပါတယ်။ သင့်ရဲ့ အသက်စွမ်းအင်ကို ခန္ဓါကိုယ်ရဲ့ အထူးပြု ချက္ကရာတစ်ခုပေါ် ဘယ်လိုဆွဲတင်ရမလဲဆိုတာကို လေ့လာရပါလိမ့်မယ်။

၆။ ပါဝါယောဂ

ပါဝါယောဂဟာ စိတ်ဝင်စားစရာအကောင်းဆုံး ယောဂပုံစံဖြစ်ပြီး အချိန်တိုအတွင်း လူသိများကျော်ကြားပါတယ်။ ယောဂကို အေရိုးဗစ်ပုံစံ တွေးကြည့်ပါ။ ဒီစတိုင်လ်မှာ အထူးအနေအထားတစ်ခု ဖန်တီးနေစရာမလိုပါဘူး။

ဒါပေမဲ့ သင်အလိုရှိတဲ့ ကြွက်သားအုပ်စုအတွက် အထူးပြုထားတဲ့ ပို့စ်တစ်ခုခု ဘယ်ပို့စ်ဖြစ်ဖြစ် သင်ရွေးချယ်လို့ရပါတယ်။ ဒါကတော့ နည်းပြကိုရော လေ့ကျင့်သူကိုပါ ပိုပြီးလွတ်လပ်စေပါတယ်။

ဘာလုပ်ရမယ်မှန်းမသိသေးဘူးလား။ ယောဂကိုစကျင့်မယ့် သူတွေအတွက် ပေးနိုင်တဲ့ အကောင်းဆုံးအကြံကတော့ နီးစပ်ရာ စတူဒီယိုမှာ လေ့လာဖို့ပါပဲ။ ဘာကြောင့်လဲဆိုတော့ ယောဂအမျိုးအစားတွေဟာ နည်းပြပေါ်မူတည်ပြီး ပြောင်းလဲနိုင်သလို သူတို့ဘာတွေလုပ်ပေးနိုင်မှာလဲဆိုတာ သေချာမေးကြည့်ပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Wathun Myat Chal · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။