လူအများသည် ကျန်းမာရေးအတွက် အကျိုးများသော အပြေးလေ့ကျင့်ခန်းကိုရွေးချယ်ကြသော်လည်း အပြေးသမားများရင်ဆိုင်ရမည့် အန္တရာယ်ကို သတိထားမိသူ နည်းပါသည်။ မည်သည့်အရာတွင်မဆို ကောင်းကျိုး၊ ဆိုးကျိုးရှိတတ်ကြသည်။ ထို့ကြောင့် သင့်ချစ်သူသည် အပြေးကစားနည်းကိုနှစ်သက်သူဆိုလျှင် အောက်တွင်ဖော်ပြထားသည်ကို ကြည့်ရှုပေးပါ။

ပြေးခြင်းသည် testosterone ဟော်မုန်းအပါအဝင် တချို့သောဟော်မုန်းများကို လျော့နည်းစေသည်။ testosterone သည် အမျိုးသားကျန်းမာရေးကိစ္စတွင် ကြီးမားသောအကျိုးသက်ရောက်မှုရှိသည်။ testosterone ပမာဏလျော့နည်းခြင်းသည် ကြွက်သားပြန်လည်သန်စွမ်းခြင်းနှင့် ခန္ဓါကိုယ်ရှိ စွမ်းအင်ပမာဏကို လျော့နည်းနှေးကွေးစေသည်။ ပြေးခြင်းဖြင့် ဟော်မုန်းပမာဏမမျှမတဖြစ်ပြီးကိုယ်အင်္ဂါအစိတ်အပိုင်းများကိုထိခိုက်နိုင်ပါသည်။ အပတ်စဉ် အနည်းငယ်ပြေးခြင်းသည် ကျန်းမာရေးကိုအထောက်အကူပြုနိုင်ပြီး၎င်းထက်ပို ၍ပြေးခြင်းသည် ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ပါသည်။ လူတစ်ယောက်နှင့်တစ်ယောက် မတူနိုင်သောကြောင့် မည်မျှပမာဏပြေးခြင်းသည် လူတစ်ယောက်အတွက်များသည်ကို မခန့်မှန်းနိုင်ပါဘူး။ ထို့ကြောင့် သင့်ချစ်သူသည် မိမိလုပ်နိုင်သော အတိုင်းအတာကို သိရှိရန်နှင့် မိမိကိုယ်ကို တွန်းအားမပေးရန် အရေးကြီးသည်။ မှန်ကန်သောအစားအသောက်ပုံစံနှင့် ဖြည့်စွက်စာများသည် ခန္ဓါကိုယ်အလေးချိန် မျှတအောင် ကူညီပါလိမ့်မည်။
ထိုင်ဝမ် Mingdaoတက္ကသိုလ်မှ Dr.ZenP.Lin ၏ လေ့လာချက်များအရ ပြေးခြင်းသည် ခုခံအားစနစ်ကိုလျော့နည်းစေတယ်လို့ ဆိုထားပါသည်။ တာတိုပြေးခြင်းသည် ခုခံအားစနစ်ကို မြှင့်တင်ပေးပြီး တာဝေးပြေးခြင်းသည် ခုခံအားစနစ်၏ လုပ်ဆောင်ချက်များကို နှောင့်ယှက်ပါသည်။ လေ့လာချက်များအရတစ်ပတ်တွင် (၃)နာရီထက်ပို၍ပြေးသောလူများသည် ကူးစက်ရောဂါရရန် အခွင့်အလမ်းပိုများသည်ဟု ဆိုထားပါသည်။ အပြေးအားကစားသမားများသည် သူတို့ နှင့်သင့်လျော်သော အားကစားပုံစံနှင့် အစားအသောက်များရှိခြင်းကြောင့် အားကစားသမားများသည် ကူးစက်ရောဂါ မရနိုင်ပါဘူး။
ထို့အပြင် ပုံစံမမှန်သော အပြေးလေ့ကျင့်နည်းသည် အန္တရာယ်ရှိစေနိုင်ပြီး တစ်ကြိမ် နှစ်ကြိမ်ပြေးရုံနှင့် မသိနိုင်ပါ ဘူး။ ပုံစံမမှန်သောပြေးခြင်းသည် သွေးကြောနှင့် အရိုးအဆစ်များကို ဖိအားများသက်ရောက်စေပြီး ဒဏ်ရာအပြင်းအထန်ရစေနိုင်ပါသည်။ အပြေးသမားအများစုသည် ဒူးဆစ်ရိုးရှိ အရိုးနုကိုထိခိုက်သောကြောင့် ဒူးနာခြင်းကိုခံစားရပါသည်။ ကောင်းမွန်စွာမကုသလျှင် အရိုးနုကိုပျက်စီးစေပြီးအဆစ် အားနည်းခြင်းကို ဖြစ်စေပါသည်။ နာတာရှည်နာကျင်ခြင်း၊ ပျက်စီးခြင်းများလည်း ဖြစ်စေနိုင်ပါသည်။ သင့်ချစ်သူသည် နာကျင်မှုကိုခံစားနေရလျှင် ဆရာဝန်နှင့် အမြန်ဆုံးပြသရန် လိုအပ်ပါသည်။
အပြေးကစားခြင်းသည် နည်းမှန်လမ်းမှန်အသုံးချလျှင် အန္တရာယ်မရှိသလို ကျန်းမာရေးနှင့် ညီညွတ်သော ကစားနည်းဖြစ်ပါသည်။ အရေးကြီးသောအချက်မှာ မိမိ၏ကျန်းမာရေးကို မထိခိုက်စေဘဲသင့်လျော် သောပမာဏပြေးရန်နှင့် မိမိကိုယ်ကိုယ်တွန်းအားမပေးရန် လိုအပ်သည်။ ကောင်းမွန်သော ကျန်းမာရေးရလဒ်ရရန်အတွက် မည်မျှပမာဏပြေးရမည်ကိုသိရှိနိုင်သောပုံသေနည်းမရှိသေးပါဘူး။ ထို့ကြောင့် သင့်ချစ်သူကိုအပြေးကစားနည်းနှင့်ပတ်သက်သော ဆိုးကျိုးများကို သေချာသိရှိအောင် ပြုလုပ်သင့်သည်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။