backup og meta

ဒဏ်ရာအနာတရကင်းဝေးသော လေ့ကျင့်ခန်းများအတွက် ဘေးကင်းစေမည့်အချက် ၁၁ ချက်

ဒဏ်ရာအနာတရကင်းသော လေ့ကျင့်ခန်းများ – ဘေးကင်းစေတဲ့အချက်၁၁ချက်

သင့်လှုပ်ရှားမှုကိုတိုးမြှင့်ခြင်းက ဆီးချိုအတွက်သာမက သင့်ကျန်းမာရေးတစ်ခုလုံးအတွက် ကောင်းပါတယ်။ ဒါပေမယ့် ပျော်စရာကောင်းဖို့နဲ့ ဘေးကင်းဖို့တော့ လိုတာပေါ့။ အခုပြောပြသွားမှာကလေ့ကျင့်ခန်းလုပ်ချိန်မှာအနာတရတွေ ရေဓါတ်ခမ်းခြင်းတွေသွေးပေါင်ကျခြင်းတွေမဖြစ်စေဖို့လုပ်ရမယ့်အရာတွေပါ။

ဒဏ်ရာအနာတရကင်းဝေးသော လေ့ကျင့်ခန်းများအတွက် ဘေးကင်းစေမည့်အချက် ၁၁ ချက်

  • သင်အရင်က လှုပ်လှုပ်ရှားရှား လုံးဝမနေဖူးရင် ဒါမှမဟုတ်လှုပ်လှုပ်ရှားရှားမနေတာကြာပြီဆိုရင် ဖြည်းဖြည်းချင်းစလုပ်ပါ။ သင့်ကျန်းမာရေးကို သင်စိတ်မချရင် သင့်ဆရာဝန်ကိုဘယ်လေ့ကျင့်ခန်းက သင့်အတွက် သင့်တော်လဲ အကြံတောင်းပါ။ သင့်ဆရာဝန်ရဲ့အကြံဉာဏ်ကသင့်ရဲ့နှလုံး၊သွေးကြော၊မျက်စိ၊ ကျောက်ကပ်၊ ခြေထောက်နဲ့အာရုံကြောအခြေအနေတွေအပေါ်မူတည်ပြီးဆုံးဖြတ်သွားမှာပါ။ ဒါပေမယ့်ဆီးချိုရှိသူတွေကလည်းသာမန်လူတွေလုပ်တဲ့ လေ့ကျင့်ခန်းတွေလုပ်နိုင်ပါတယ်။
  • လေ့ကျင့်ခန်းမစခင် ၅မိနစ်သွေးပူအောင်လုပ်ပြီး လေ့ကျင့်ခန်းပြီးသွားရင်လည်း၅မိနစ်အကြောဖြေပါ။ သွေးပူခြင်းနဲ့အကြောဖြေခြင်းက လေ့ကျင့်ခန်းလုပ်တာလောက် မပြင်းထန်ရပါဘူး။ ဒါကသင့်သွေးလည်ပတ်မှုကိုကောင်းစေသလိုအဆစ်တွေကိုလည်းလိုက်လျောညီထွေဖြစ်စေပါတယ်။
  • ပူလွန်း၊အေးလွန်းတဲ့အခြေအနေတွေမှာ လေ့ကျင့်ခန်းမလုပ်ပါနဲ့။ ရာသီဥတုကပြင်းထန်နေရင်အိမ်ထဲမှာပဲလုပ်ပါ။
  • လေ့ကျင့်ခန်းလုပ်ခင်၊လုပ်နေစဉ်နဲ့လုပ်ပြီး မှာရေဓါတ်မခမ်းအောင် ရေများများသောက်ပါ။
  • သွေးတွင်းသကြားဓါတ် ကျနေတယ်လို့ ခံစားရရင်သွားစစ်ဆေးပြီးကုသပါ။ သင်နဲ့အတူကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့စားစရာတစ်ခုခုကိုအမြဲဆောင်ထားပါ။ ဒါမှသာသွေးတွင်းသကြားဓါတ် ရုတ်တရက် ထိုးကျသွားရင်အဆင်သင့်ဖြစ်နေမှာပါ။ တကယ်လို့သင့်မှာဆီးချိုသွေးချို အမျိုးအစား (၂)ရှိနေရင်ဒါမှမဟုတ် အင်ဆူလင်သုံးနေရရင် ဒါကပိုအရေးကြီးပါတယ်။
  • တကယ်လို့သင်ကတစ်နာရီနှစ်နာရီလောက် အချိန်ကြာတဲ့ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်ကာဗိုဟိုက်ဒရိတ်တွေဖြည့်ပေးတဲ့အားဖြည့်အချိုရည်တွေလိုလာပါလိမ့်မယ်။ ဒါပေမယ့်အာဟာရ အညွှန်းအချက်အလက်တွေကိုဖတ်ပါ။ ဒါမှသာ အလွံအကျွံမဖြစ်အောင ်မသောက်သုံးမိမှာပါ။ မဟုတ်ရင် သွေးတွင်း သကြားဓါတ်ထိုးတက်တာမျိုးဖြစ်နိုင်ပါတယ်။
  • သင်ဟာ ဆီးချိုဝေဒနာရှင်ဖြစ်ကြောင်းပြတဲ့ ဆေးမှတ်တမ်း လက်ပတ်၊လည်ပတ်၊ကဒ်ပြားစတာတွေကို ဝတ်ထားချိတ်ထားပါ။ ဒါမှသာ အရေးပေါ်အခြေအနေတွေမှာ စိတ်ချရမှာပါ။ သင့်ဖုန်းကိုလည်း လိုအပ်လာရင် တစ်ယောက်ယောက်ကိုခေါ်ဖို့ဆောင်ထားပါ။
  • လေ့ကျင့်ခန်းတွေက သွက်သွက်လက်လက် ဖြစ်စေတာမျိုးဆိုပေမယ့်အရမ်းခက်တာတွေတော့မလုပ်သင့်ပါဘူး။
  • သင် လေ့ကျင့်ခန်း အလွံအကျွံလုပ်နေလားသိအောင်စမ်းသပ်နည်းတစ်ခုရှိပါတယ်။ ဒါဟာ စကားပြောကြည့်တာပဲဖြစ်ပါတယ်။ တကယ်လို့သင်ကအရမ်းမောပြီး အသက်ရှူမဝဖြစ်နေရင် သင်စကားပြောနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုဖြစ်လာရင် လေ့ကျင့်ခန်းကိုအရှိန်လျှော့ပြီးနားလိုက်ပါ။ ဒါကသင့်လေ့ကျင့်ခန်း ကို အရှိန်တိုးပြီးလုပ်စအချိန်မှာ ဖြစ်တတ်ပြီး အရေးကြီးပါတယ်။ သင်ကျန်းမာလာပြီးကျင့်သားရလာတဲ့အခါပိုပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်လာနိုင်ရုံသာမကလုပ်နေစဉ်အခြားသူတွေနဲ့လည်းစကားပြောနိုင်မှာပါ။
  • သင့်ခြေထောက်မှာ သင်နဲ့တော်တဲ့သန့်ရှင်းတဲ့ခြေအိတ်တွေရှူးတွေ ဝတ်ထားပါ။ မဝတ်ခင်မှာရှူးရဲ့အတွင်းပိုင်းကိုလည်းစစ်ဖို့လိုအပ်ပါတယ်။ စီလီကာဂျယ်လ်(silica gel) တွေပါတဲ့ရှူးဖိနပ်၊လေပေါက်တွေပါတဲ့ရှူးဖိနပ်တွေက ကိုယ်အလေးချိန်နဲ့ ဖိထားရတဲ့လမ်းလျှောက်ခြင်းလိုမျိုး လေ့ကျင့်ခန်းတွေလုပ်တဲ့အခါခြေထောက်နဲ့အဆစ်တွေကို အရမ်းဝန်မပိစေတဲ့အတွက် အကောင်းဆုံးပါ။ ပွန်းခြင်းနဲ့စိုစွတ်ခြင်းကိုသက်သာစေတဲ့ကုန်ကြမ်းတွေနဲ့လုပ်ထားတဲ့ ခြေအိတ်တွေကလည်းသင့်ခြေထောက်တွေကိုကာကွယ်ပေးပါတယ်။ တချို့ဥပမာတွေက – Coolmax, polypropylene, acrylic အသားတွေပဲဖြစ်ပါတယ်။ ချည်သားကိုတော့ဝေးဝေးရှောင်ပါ။
  • သင့်ခြေထောက်ကို လေ့ကျင့်ခန်းမလုပ်မီနဲ့လုပ်ပြီး ရေကြည်ဖုတွေ၊ ရောင်ရမ်းတာတွေ၊တခြားကျိန်းစပ်တာတွေရှိမရှိစစ်ဆေးပါ။ တကယ်လို့သင့်ခြေထောက်မှာ အနာမကျက်တဲ့ ရေကြည်ဖုတွေ၊ပြတ်ရှရာတွေ၊အနာတွေရှိရင်ဆရာဝန်ကိုအသိပေးပါ။
  • သင်နာကျင်လာရင် အသက်ရှူကျပ်လာရင် ခေါင်းမူးလာရင်လေ့ကျင့်ခန်းကိုရပ်လိုက်ပါ။ သင့်ဆရာဝန်ကို သင်ခံစားရတဲ့ မူမမှန်တာတွေကိုပြောပြပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Exercises for injury free mass,

https://www.t-nation.com/training/exercises- for-injury- free-mass.

Accessed October 27 th , 2016.

INJURY FREE: CORRECT POSTURE AND EXERCISE FORM,

HTTP://WWW.MENSFITNESS.COM/TRAINING/PRO-TIPS/INJURY- FREE-CORRECT- POSTURE-AND-EXERCISE- FORMM ,

Accessed October 27 th , 2016.

ယခုပုံစံ

04/02/2022

Kyaw Thura Htun မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စက်ဘီးစီးလေ့ကျင့်ခန်းလုပ်ခြင်း၏ အကျိုးကျေးဇူးများ

မပြေးလွှားခင် လုပ်ဆောင်နိုင်တဲ့သွေးပူလေ့ကျင့်ခန်းများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Kyaw Thura Htun မှ ရေးသားသည်။ · 04/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ